6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂ ၊ ၂၀၁၅
M-Media

ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015 photo, former slave fisherman Myint Naing and his mother, Khin Than, cry as they are reunited after 22 years at their village in Mon State, Myanmar. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)
– သူလုပ်ခဲ့သည့် အရာအားလုံးက အိမ်ပြန်ရန် တောင်းဆိုခြင်းဖြစ်သည်။ ထိုတောင်းဆိုမှုကို နောက်ဆုံးအကြိမ် ပြောခဲ့စဉ်က ကျွန်ပြုခံ မြန်မာနိုင်ငံသား မြင့်နိုင်တစ်ယောက် သေလုမျောပါး အရိုက်ခံလိုက်ရသည်။ သို့သော်လည်း အင်ဒိုနီးရှား၏ ဝေးလံခေါင်ဖျားသောဒေသရှိ စက်လှေပေါ်တွင် အတင်း အဓမ္မမ ခိုင်းစေခံရမှု ၈ နှစ်တာလွန်မြောက်ခဲ့ပြီးနောက် မြင့်နိုင်မှာ မိခင်ဖြစ်သူကို တွေ့ရရေး အန္တရာယ် အားလုံးကို ရင်ဆိုင်ရန် စိတ်ဆန္ဒဖြစ်လာခဲ့သည်။

ထို့ကြောင့် သူ့အား လွတ်မြောက်ခွင့်ပေးရန် အတွက် မြေကြီးပေါ်တွင် ၀ပ်တွားတောင်;ပန်ခဲ့သည်။ သို့သော် စက်လှေမှထွက်သွားရန် ကြိုစားမှုအတွက် စက်လှေပိုင်ရှင်က သူ့အား သတ်ရန်အထိပင် စိတ်ပိုင်းဖြတ်ခဲ့ပြီး ၃ ရက်တိုင်တိုင် အစာရေစာမကျွေးဘဲ သံကြိုးနှင့် ချည်ထားခဲ့လေသည်။

မြင့်နိုင်တစ်ယောက် လောကကြီးမှ ပျောက်ကွယ်သွားမှာ ကြောက်ခဲ့သည်။ သို့ဆိုလျှင် မိခင်ဖြစ်သူက သူ့အား မည်သည့်နေရာတွင် ရှာဖွေရမှန်း သိမည်မဟုတ်။

မြင့်နိုင်မှာ အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည့် လုပ်အား ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကို AP သတင်းဌာနက တစ်နှစ်ကြာ စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ကယ်တင်ခြင်းခံရသော၊ နေရပ်ပြန်ပို့ခြင်းခံရသော ယခင်နှင့် ယခုလက်ရှိ ကျွန်ပြုခံ အလုပ်သမား ၈၀၀ ကျော်မှ တစ်ဦးဖြစ်လေသည်။

ထိုင်းနိုင်ငံ၏ တရိပ်ရိပ်တက်နေသော ပယ်လယ်စာ လုပ်ငန်း တစ်ခုတည်းတွင်ပင် ရွှေ့ပြောင်းလုပ်သား ခန့်မှန်းချေ ၂ သိန်းခန့် အလုပ်လုပ်နေကြသည်။ ၎င်းတို့ထဲမှာ အများစုမှာ လိမ်လည်လှည့်ဖြားခြင်း၊ ပြန်ပေးဆွဲခြင်း သို့မဟုတ် ရောင်းစားခြင်းတို့ ခံရပြီးနောက် ငါးဖမ်းစက်လှေများပေါ်တွင် အလုပ်လုပ်နေကြရသည်။ ထိုကြမ်းကြုတ်သည့် လူကုန်ကူးမှု ဖြစ်ပွားနေသည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် ဂျပန်နိုင်ငံများရှိ ညစာ စားပွဲဝိုင်းများ၊ ကြောင်စာခွက်များတွင် လိုအပ်နေသည့် ငါးဟင်းလျာကို ဖြည့်ဆည်းပေးရန်  ကုမ္ပဏီများက ကျွန်ပြုခံလုပ်သားများအပေါ် မှီခိုနေကြသည်။

ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015 photo, former slave fisherman Myint Naing, foreground left, comforts his mother, Khin Than, after she fainted in Mon State, Myanmar, following their reunion after Myint returned after having been gone for 22 years. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)

မြင့်နိုင်၊ ၎င်း၏ သူငယ်ချင်းများနှင့် မိသားစုများက အိမ်ပြန်ခရီးစဉ်တွင် လိုက်ပါခဲ့သည့် AP သို့ ဇာတ်ကြောင်းကုန်စင် ပြောပြခဲ့သည်။ ထိုအကြောင်းအရာများက AP မှ အင်တာဗျူးခဲ့သော၊ သို့မဟုတ် စာဖြင့် ပြောပြခဲ့သော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ယခင်နှင့် လက်ရှိ ကျွန်ပြုခံလုပ်သား ၃၃၀ ကျော်ထဲမှ အများစု၏ ပြောပြချက်များနှင့် အတော်လေးသွားတူနေသည်။

၁၉၉၃ ခုနှစ်က ပွဲစားတစ်ယောက်မှာ မြန်မာနိုင်ငံတောင်ပိုင်းရှိ မြင့်နိုင်နေထိုင်ရာ ရွာသို့ လာရောက်ခဲ့ပြီး လူငယ်များအတွက် ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟု ကတိပေးခဲ့သည်။ ထိုစဉ်က မြင့်နိုင်မှာ အသက် ၁၈ နှစ်သာရှိသေးပြီး ခရီးဝေးသွားဖူးသည့် အတွေ့အကြုံလည်းမရှိ။ သို့သော် မိသားစုက ငွေရေးကြေးရေး အဆင်မပြေ။ ထို့ကြောင့် နောက်ဆုံးတွင် မိခင်ဖြစ်သူက လိုက်လျောခဲ့သည်။ ပွဲစား နောက်တစ်ခေါက်ပြန်လာသည့်အခါ သူစုထားသည့် လုပ်သားသစ်များကို အိတ်များယူပြီး အမြန်လိုက်ခဲ့ရန် အပူတပြင်းပြောလေသည်။

ထိုအချိန်တွင် မိခင်ဖြစ်သူက အိမ်တွင်မရှိ။ မြင့်နိုင်တစ်ယောက် မိခင်ကို နှုတ်ဆက်စကားပင် မပြောလိုက်ရ။

တစ်လကြာသည့်အခါတွင်တော့ မြင့်နိုင်မှာ ပင်လယ်ထဲသို့ ရောက်နေပြီဖြစ်သည်။ နောက် ၁၅ ရက်ကြာသည့်အခါ သူစီးလာသည့် သင်္ဘောက အင်ဒိုနီးရှားရှိ ဝေးလံခေါင်ဖျားသော တွာလ်ကျွန်းတွင် နောက်ဆုံး ဆိုက်ကပ်သည်။ တွာလ်ကျွန်း၏ ပတ်ပတ်လည်ရေပြင်မှာ ကမ္ဘာပေါ်တွင် ငါးအကြွယ်ဝဆုံး နေရာများထဲမှ တစ်ခုဖြစ်သည်။ ထိုင်းလူမျိုး စက်လှေကပ္ပတိန်က သင်္ဘောပေါ်ရှိ လူတိုင်းကို ၎င်းက ပိုင်ဆိုင်သွားပြီဟု ဟစ်အော်ကြေညာခဲ့သည်။

“မင်းတို့မြန်မာတွေ ဘယ်တော့မှ အိမ်မပြန်ရတော့ဘူး။ မင်းတို့ကို ရောင်းလိုက်ပြီ။ ဘယ်သူမှ မင်းတို့ကို လာကယ်မှာမဟုတ်ဘူး”

ADVANCE FOR RELEASE WEDNESDAY, JULY 1, 2015, AND THEREAFTER - In this May 16, 2015, photo, former slave fisherman Myint Naing, center, his mother Khin Than, right and sister Mawli Than, left, walk toward their home while crying after they were reunited after 22 years in their village in Mon State, Myanmar. Myint, 40, is among hundreds of former slave fishermen who returned to Myanmar following an Associated Press investigation into the use of forced labor in Southeast Asia’s seafood industry. (AP Photo/Gemunu Amarasinghe)

တစ်ကြိမ်ထွက်လျှင် မြင့်နိုင်တစ်ယောက် ပင်လယ်ထဲ၌ သီတင်းပတ်ပေါင်းများစွာ ကုန်ဆုံးရပြီး ထမင်းသာစား၍ အသက်ရှင်ရသည်။ ဖမ်းဆီးရမိသည့် ငါးများကို မည်သူ့မှစား၍မရ။ ထိုင်းနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုမှာ ကျယ်ပြန့်လာသောကြောင့် ငါးဖမ်းစက်လှေများမှာ နိုင်ငံခြား ရေပိုင်နက်အထိ ၀င်ရောက်ရာ ငါးအလွန်အကျွံဖမ်းခြင်းကို ပြုလုပ်လာကြသည်။ ထို့ကြောင့် ရွှေ့ပြောင်း လုပ်သားများမှာ ရေပေါ် အကျဉ်းထောင်တွင် လနှင့်ချီ၍ နှစ်နှင့်ချီ၍ ပိတ်မိနေကြတော့သည်။

အလုပ်များသည့် အချိန်များတွင် ၎င်းတို့မှာ တစ်ရက်လျှင် ၂၄ နာရီလုံးလုံး အလုပ်လုပ်ရသည်။ ဆေးဝါးမရှိ။ ကြိုချက်ထားသော ပင်လယ်ရေသာ သောက်ရသည်။ ခဏနားသည့် သို့မဟုတ် နေမကောင်းသည့် မည်သူ့ကိုမဆို ကပ္ပတိန်က ရိုက်နှက်သည်။ အချို့ငါးဖမ်းစက်လှေများတွင် အလုပ်အကိုင်နှေးသူများကို သတ်ပစ်ကြပြီး အချို့စက်လှေများတွင်မူ ရေထဲသို့ တွန်းချကြသည်ဟု ငါးဖမ်းသမားများက ဆိုသည်။

မြင့်နိုင်မှာ တစ်လ လျင် ၁၀ ဒေါ်လာသာရပြီး တစ်ခါတစ်ရံတွင် လုံးဝ မရ။ ၃ နှစ်တာလုပ်ကိုင်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် ၎င်းက တော်လောက်ပြီဟု ဆုံးဖြတ်ပြီး အိမ်ပြန်ရန်အတွက် ပထမဆုံးအကြိမ် တောင်းဆိုခဲ့လေသည်။

တောင်းဆိုမှု၏ အဖြေက ဆိုင်ကယ်ဦးထုပ်နှင့် ခေါင်းကွဲအောင် အရိုက်ခံရခြင်းသာ ဖြစ်သည်။

ထို့နောက် မြင့်နိုင်မှာ ထွက်ပြေးခဲ့သည်။ အင်ဒို မိသားစုတစ်စုက သနားသဖြင့် သူ့အား ကယ်ထားပြီး ဒဏ်ရာများပျောက်ကင်းအောင် ကုသပေးသည်။ ထို့နောက် အစားသောက်နှင့် နေရာထိုင်ခင်းပေးပြီး ၎င်းတို့၏ လုပ်ငန်းတွင် အလုပ်ပေးသည်။ ထိုရိုးရှင်းသော ဘ၀ကို မြင့်နိုင်တစ်ယောက် ငါးနှစ်ကြာ ဖြတ်သန်းခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံမှ ဆွေမျိုးများ၊ ငါးဖမ်းစက်လှေပေါ်တွင် ကျန်ခဲ့သည့် သူငယ်ချင်းများကို သူက မေ့လို့မရ။

၂၀၀၁ ခုနှစ်တွင် ကပ္ပတိန် တစ်ယောက်က အလုပ်လုပ်ရန် သဘောတူလျှင် အိမ်ပြန်ပို့ပေးနေသည်ဟူသော သတင်းကို သူကြားခဲ့သည်။ ထို့ကြောင့် အင်ဒိုနီးရှားတွင် ၈ နှစ်ကြာ နေခဲ့ပြီးနောက် ပင်လယ်ထဲသို့ တစ်ဖန်ပြန်ထွက်ခဲ့လေသည်။

သို့သော်လည်း အခြေအနေက ပထမအကြိမ်တုန်းကကဲ့သို့ပင် ဆိုးရွားပြင်းထန်ပြီး ငွေကြေးလည်း တစ်ပြားတစ်ချပ်မှမရ။ ထို့ပြင် ကျွန်ပြုရန် လူကုန်ကူးမှုက ပိုပိုဆိုးလာသည်။ မြင့်တက်လာသော ၀ယ်လိုအားကို ပြည့်မီစေရန်အတွက် ပွဲစားများမှာ ဆေးစွဲနေသော၊ ပြန်ပေးဆွဲလာသော ရွှေ့ပြောင်းလုပ်သားများကို သင်္ဘောပေါ်သို့ ပို့ဆောင်လာကြသည်။

နောက်တစ်ကျော့ ပင်လယ်ပြင်တွင် ၉ လာတာကြာမြင့်ပြီးနောက် မြင့်နိုင်၏ စက်လှေကပ္ပတိန်က သင်္ဘောသားအားလုံးကို စွန့်ပစ်ကာ ထိုင်းနိုင်ငံသို့ တစ်ယောက်တည်းပြန်တော့မည်ဟု ပြောလာသည်။ ခံပြင်းမှု မျှော်လင့်ချက်မဲ့မှုနဲ့အတူ ကျွန်ပြုခံ မြန်မာလုပ်သား မြင့်နိုင် တစ်ယောက် အိမ်ပြန်ရန်အတွက် တစ်ကြိမ် ထပ်တောင်းပန်ရလေသည်။ ထမင်းမစားရဘဲ သံချိုးဖြင့်ချည်ကာ ၃ ရက်ခန့် ပိတ်လှောင်ထားခံရသည်မှာ ထိုအချိန်တွင်ဖြစ်သည်။

မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နီးစပ်ရာမျက်စိကစားသည့် မြင့်နိုင်မှာ သော့ဖွင့်ရန်အတွက် သံပြားငယ်တစ်ခုကို သွားတွေ့သည်။ နာရီများစွာ ကြိုးစားပြီးနောက် သော့ပွင့်သွားသည့်အသံကို သူကြားရသည်။ လက်ထိပ်မှာ ပြုတ်သွားသည်။ သန်းခေါင်ကျော်အချိန်ခန့်တွင် မြင့်နိုင်မှာ မည်းမှောင်နေသော ရေပြင်ထဲသို့ ဒိုင်ဗင်ထိုးချခဲ့ပြီး ကမ်ခြေသို့ ကူးသွားခဲ့လေသည်။

ထို့နောက် တွာလ်ကျွန်းရှိ တောထဲတွင် မြင့်နိုင်မှာ ပုန်းနေရသည်။ စက်လှေပိုင်ရှင်များထံသို့ ပြန်ပို့မည်ကို စိုးရိမ်သောကြောင့် ရဲစခန်းလည်း မသွားရဲ။ အိမ်ကို ဖုန်းဆက်ရန်မှာလည်း သူ့တွင် ဖုန်းနံပါတ်မရှိ။ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူအဖြစ် သတ်မှတ်မည်စိုးသောကြောင့် မြန်မာသံရုံးသို့ အကြောင်းကြားရမည်ကိုလည်း သူက ကြောက်နေသည်။

ဆယ်စုနှစ်တစ်ခုနီးပါးကြာ ကျွန်ပြုခံရမှုတွင် သူ လမ်းပျောက်နေသည်။ ထို့ပြင် လေဖြတ်ချင်သလိုဖြစ်လာပြီး ညာဖက်လက်တစ်ဖက်မှာ လှုပ်ရှားမရ ဖြစ်လာသည်။ စက်လှေပိုင်ရှင်က ပြောသည့်စကားမှာ မှန်သည်ဟု မြင့်နိုင် ယုံကြည်စ ပြုလာလေသည်။ လွတ်မြောက်ရာ လမ်း တစ်ကယ်ပင်မရှိ။

အခုအချိန်တွင် မိခင်ဖြစ်သူ၏ ပုံပန်း သွင်ပြင်ကိုလည်း သူ မမှတ်မိတော့။ ညီမငယ်တစ်ယောက် လူလားမြောက်လာမည်ဆိုသည်ကိုတော့ သူသိသည်။

၂၀၁၁ ခုနှစ်တွင် အထီးကျန်မှုကို မခံစားနိုင်သည့်အတွက်ကြောင့် မြင့်နိုင်မှာဒိုဘိုကျွန်းကို ပြောင်းခဲ့သည်။ ထိုကျွန်းတွင် ကျွန်ပြုခံ မြန်မာနိုင်ငံသား တစ်စု ရှိသည်ဟု ကြားသောကြောင့်ဖြစ်သည်။ မြင့်နိုင်မှာ လျှို့ဝှက်စွာပင်နေထိုင်ပြီး ကိုယ်တိုက် စိုက်ပျိုးရရှိသည်များကို စားသောက်၍ အသက်ဆက်နေလေသည်။

ထို့နောက် ကျွန်ပြုခံနေရသူများအကြောင်း AP ၏ ဖော်ပြမှုကြောင့် အင်ဒိုနီးရှားအစိုးရက ယခင်နှင့် ယခုလက်ရှိ ကျွန်ပြုခံရသူများကို စတင် ကယ်တင်နေသည်ဟု ဧပြီလ ၁ ရက်နေ့တွင် သူငယ်ချင်းတစ်ယောက်က သူ့ကို ပြောခဲ့သည်။ တာဝန်ရှိသူများက ဒိုဘိုသို့လာကာ မြင့်နိုင်ကို ခေါ်ပြီး ယခင် ၎င်းကျွန်ပြုခိုင်းစေခံခဲ့ရသော တွာလ်ကျွန်းတို့ ပြန်လည်ခေါ်ဆောင်သွားကာ အခြားလွတ်မြောက်သူ ရာပေါင်းများစွာနှင့် အတူထားပေးခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ၂၂ နှစ်တာ ကုန်လွန်ခဲ့ရသည့် မြင့်နိုင်မှာ နောက်ဆုံးတွင် အိမ်ပြန်ရတော့မည်။ သို့သော်လည်း သူဘာတွေ့ရမလဲဟု စဉ်းစားနေသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်အတွက် ပထမတော့ သူက ကြောက်နေသေးသည်။ ယခုအချိန်တွင် အသက် ၄၀ အရွယ်ရှိပြီဖြစ်သည့် မြင့်နိုင်တစ်ယောက် သူ၏ ဇာတိမြေနှင့် လုံးဝ သူစိမ်းယောက်လို ဖြစ်နေခဲ့ပြီ။

သူ၏ ရွာလေးသို့လာသည့်လမ်းတွင် ကျော့ရှင်းသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။

နှစ်ယောက်စလုံးမှာ အားရ၀မ်းသာစွာဖြင့် ဖက်လိုက်ကြပြီး ပျော်ရွှင်မှု၊ အချိန်များစွာကြာ ခွဲခွာနေရခြင်းကြောင့် ၀မ်းနည်းမှုတို့ဖြင့် မျက်ရည်များက စီးတွေကျလာခဲ့သည်။

“အစ်ကိုကြီးရယ်။ ပြန်လာတာအရမ်းကောင်းပါတယ်” ဟု မြင့်နိုင်၏ ညီမငယ်က ကြေကွဲဆို့နင့်စွာ ပြောလေသည်။

“ညီမလေးတို့ ပိုက်ဆံမလိုပါဘူး။ မိသားစုပဲလိုတာပါ”

မိနစ်အနည်းငယ်အကြာတွင် သူ့ဆီကိုပြေးလာနေသည့် မိခင်ဖြစ်သူကို တွေ့လိုက်ရသည်။

မြင့်နိုင်တစ်ယောက် ချုံပွဲချငိုကြွေးကာ မြေကြီးပေါ်သို့ လဲကျသွားသည်။ မိခင်က လက်မောင်းကိုကိုင်၍ ဆွဲထူပြီး သားဖြစ်သူ၏ ခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးသည်။ ထို့နောက် အသာအယာပွေ့ဖက်ကာ မြင့်နိုင်အား အားရအောင် ငိုကြွေးစေခဲ့သည်။

နောက်ဆုံးတော့ မြင့်နိုင်မှာ သူ၏ အိပ်မက်ထဲမှ မျက်နှာများကို အနှောင်အဖွဲ့ကင်းစွာ တွေ့မြင်ရပြီဖြစ်သည်။ သူ့အနေဖြင့် နောက်ထပ် ဘယ်တော့မှ မေ့မည်မဟုတ်တော့။

Source:AP
မိုးဝေဘာသာပြန်သည်။

Leave a Reply