6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၇၊ ၂၀၁၅
M-Media

– လူ့အသက်များကို ကယ်တင်ရန်နှင် ပိုမိုခိုင်မာသည့် ကျန်းမာရေးဝန်ဆောင်မှုများအတွက် ရန်ပုံငွေ ရရှိစေရန် ကမ္ဘာတစ်ဝှမ်း အစိုးရများအနေဖြင့် စီးကရက်နှင့် အခြားဆေးရွက်ကြီး ထုတ်ကုန်များအား အခွန်တိုးမြှင့်သင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ယနေ့တွင် ပြောကြားလိုက်သည်။

The Global Tobacco Epidemic 2015 ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်သူများအား ဆေးလိပ်မသောက်ရေး ဖျောင်းဖြရန် သို့မဟုတ် ဆေးလိပ်လျှော့သောက်ရေး အကူအညီပေးရန်အတွက် ဆေးရွက်ကြီးမှရသည့် အခွန်ငွေများကို အပြည့်အ၀သုံးစွဲသည့်နိုင်ငံ အနည်းငယ်သာရှိသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် စီးကရက်တစ်ဘူးတန်ဖိုး၏ ၇၅ ရာခိုင်နှုန်းကို အနည်းဆုံး အခွန်ကောက်ရမည်ဟုလည်း WHO က အကြံပြုထားသည်။

ဆေးရွက်ကြီးနှင့် ဆက်စပ်သည့် ရောဂါများကြောင့် ၆ စက္ကန့်လျှင် လူတစ်ယောက်နှုန်း သေဆုံးနေပြီး တစ်နှစ်လျှင် ကမ္ဘာတစ်ဝှမ်း လူ ၆ သန်း သေဆုံးနေသည်။ ထိုသို့ “ဆေးရွက်ကြီး ကပ်ရောဂါ” အား ထိန်းချုပ်ရေး အားကောင်းသည့် ဆောင်ရွက်မှုများ မပြုလုပ်ပါက သေဆုံးသူအရေအတွက်မှာ ၂၀၃၀ ခုနှစ်တွင် ၈ သန်းအထိ တက်လာမည်ဟု WHO က ခန့်မှန်းထားသည်။

ကမ္ဘာတစ်ဝှမ်းတွင် ဆေးလိပ်သောက်သုံးသူဦးရေမှာ တစ်ဘီလီယံခန့် ရှိနေသော်လည်း နိုင်ငံတော်တော်များများတွင် ဆေးရွက်ကြီးအခွန်မှာ အလွန့်အလွန် နည်းပါးပြီး၊ အချို့တွင်သာ အထူး အခွန်ကောက်မှုရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

WHO အထွေထွေဒါရိုက်တာ မာဂရက်ချန်က ဆေးရွက်ကြီးထုတ်ကုန်များအပေါ် အခွန်တိုးကောက်ခြင်းမှာ လူအများကို သေစေနိုင်သည့် အဆိုပါထုတ်ကုန်များ သုံးစွဲမှုကို လျှော့ချရာတွင် ထိရောက်မှုအရှိဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရများအနေဖြင့် သက်သေအထောက်အထားများကိုကြည့်ကာ ကျန်းမာရေးအတွက် ရရှိနိုင်သည့် ရွေးချယ်မှုများမှ အကောင်းဆုံး win-win ပေါ်လစီကို ရွေးချယ်ရန်လည်း တိုက်တွန်းခဲ့သည်။

ကင်ဆာ၊ နှလုံးသွေးကြောရောဂါ၊ အဆုတ်ရောဂါနှင့် ဆီးချိုရောဂါများကဲ့သို့ ရောဂါများ ဖြစ်ပွားရသည့် အန္တရာယ်ရှိသော အဓိကအကြောင်းအရင်း ၄ ခုတွင် ဆေးရွက်ကြီးမှာလည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် အဆိုပါ ရောဂါများကြောင့် အသက် ၇၀ အောက် လူ ၁၆ သန်း သေဆုံးခဲ့ပြီး ထိုသေဆုံးမှုများထဲမှ ၈၀ ရာခိုင်နှုန်းမှာ ၀င်ငွေ အလယ်အလတ်နှင့် နည်းပါးသည့်
နိုင်ငံများမှ ဖြစ်သည်။

အဆိုပါ ရောဂါများကို ကာကွယ်တားဆီးရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်ဂလပ်စ် ဘတ်ချာကမူ ဆေးရွက်ကြီးခွန် တိုးမြှင့်ကောက်ခံခြင်းက ဆေးရွက်ကြီးသုံးစွဲမှုကို လျှော့ချရေးနှင့် ပြည်သူများအား ဆေးလိပ်ပြတ်ရေး အကူအညီပေးရေးတို့တွင် အထောက်အကူဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

“အခွန်ကောက်မှုနဲ့ ဆက်စပ်နေတဲ့ ဆေးရွက်ကြီးထုတ်ကုန် ဈေးတက်ခြင်းဟာ ဆေးလိပ်သောက်သုံးမှု ပြန့်နှံ့တာ၊ ဆေးရွက်ကြီးနဲ့ဆက်စပ်တဲ့ ထိခိုက်မှုတွေ လျော့ကျခြင်းကို ဦးတည်စေတယ်ဆိုတာ တရုတ်နဲ့ ပြင်သစ်တို့လို နိုင်ငံမျိုးတွေက သက်သေပြနေပါတယ်” ဟု ဘတ်ချာက ပြောကြားခဲ့သည်။

Ref: Channelnewsasia

Leave a Reply