6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၈၊ ၂၀၁၅
M-Media

တောမီးလောင်စေသူ ၂ ဦးကို ဂရိဖမ်းဆီး
………………………….
သောကြာနေ့က အေသင်ရှိ တောမီးလောင်မှုအား စတင်ခဲ့သူဟု သံသယရှိသူ အသက် ၆၇ နှစ်အရွယ် ဂရိနိုင်ငံသားတစ်ဦးနှင့် အသက် ၅၈ နှစ်အရွယ် ဘူလဂေးရီးယားနိုင်ငံသားတစ်ဦးတို့အား ဂရိရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးကို မတော်တဆ မီးလောင်စေမှုဖြင့် တရားစွဲဆိုမည်ဖြစ်သည်။ အဆိုပါတောမီးမှာ အေသင်အရှေ့မြောက်ပိုင်း ကာရီယက်စ်ခရိုင်သို့ ကီလိုမီတာအများအပြား ပြန့်နှံ့လောင်ကျွမ်းခဲ့ပြီး နောက်ပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့သည်။

မူးယစ်ရာဇာ ထောင်ဖောက်ပြေးမှုအတွက် အစိုးရတာဝန်ရှိသူ ၇ ဦးကို မက္ကဆီကိုဖမ်းဆီး
……………………………
ပြီးခဲ့သည့် စနေနေ့က မူးယစ်ရာဇာ ဂျိုအာကွင်း အလ် ချာပိုဂူဇ်မန် အကျဉ်းထောင်ဖောက်၍ ထွက်ပြေးလွတ်မြောက်သွားမှုတွင် ပါဝင်ခဲ့သည်ဟူသော သံသယဖြင့် အစိုးရတာဝန်ရှိသူ ၇ ဦးကို ဖမ်းဆီးလိုက်ပြီဟု မက္ကဆီကို တရားသူကြီးချုပ်က ပြောကြားခဲ့သည်။ အချုပ်ခန်း၏ ရေချိုးရာနေရာမှ လှိုင်ခေါင်းဖောက်၍ ဂူဇ်မန်လွတ်မြောက်သွားခဲ့ခြင်းမှာ မက္ကဆီကိုအာဏာပိုင်များအတွက်
အရှက်ရစရာ ဖြစ်ခဲ့ပြီး အကျဉ်းထောင် အကြီးအကဲကိုလည်း မကြာသေးမီက ထုတ်ပယ်ခဲ့ကာ တာဝန်ရှိသူ ၃၀ ကျော်ကိုလည်း စစ်ဆေးမေးမြန်းနေသည်။ ယခုဖမ်းဆီးခဲ့သည့် တာဝန်ရှိသူ ၇ ဦး၏ အမည်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

လီဗာပူးလ်မှ ထွက်ခွာသည့်ပုံစံကို စတာလင်နောင်တရ
………………………………….
လီဗာပူးလ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် မိမိ၏ပုံစံကို နောင်တရမိသည်ဟု အင်္ဂလန်ကွင်းလယ်လူစတာလင်က ပြောကြားလိုက်သည်။ မန်စီးတီးအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်းဖြင့် ရောက်ရှိလာသည့် စတာလင်မှာ ပြီးခဲ့သည့် ရာသီမကုန်ခင်ကတည်းက အသင်းပြောင်းမည်ဟု လေသံထွက်ခဲ့သူဖြစ်ပြီး၊ ယခုနွေရာသီ၌ အသင်းပြောင်းရန်အတင်းအဓမ္မ ကြိုးစားခဲ့ရကာ ၂ ကြိမ်တိုင်တိုင် လေ့ကျင့်ခန်းမှ နှုတ်ထွက်ခဲ့သည်။ ထို့ပြင် ၎င်း၏ အေးဂျင့်ဖြစ်သူကလည်း စတာလင်နှင့် လီဗာပူးလ်နည်းပြတို့အကြား ယုံကြည်မှုပျက်ပြယ်ခဲ့ပြီဟု ပြောကြားခဲ့သည်။

Ref: News Agencies

Leave a Reply