6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နှင်းနှင်း (တောင်ကြီး)

 

အမြင့်ပေ (၄၇၁၂) ပေ ရှိတဲ့ တောင်ကြီးမြို့မှာ လူဖြစ်ခွင့်ရတဲ့အတွက်ကိုယ့်ကိုယ်ကို ကျေနပ်ဂုဏ်ယူမိပါတယ်။ တောင်ပေါ်သူလို့အခေါ်ခံရတိုင်းလည်း ဝမ်းသာပီတိဖြစ်ရပါရဲ့။

မြန်မာပြည်အထက်ပိုင်းအောက်ပိုင်းဒေသတွေ အလည်သွားတဲ့အခါတိုင်းလည်း တောင်ကြီးသူဆိုပြီး ချစ်ခင်မူ တွေ ပိုတတ်ကြတာကို တွေ့မြင်ရပြန်တော့လည်း တောင်ကြီးမြို့မှာမွေးပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင် ရပြန်ရော။ ပိုတယ်လို့ ပြောရင်ပြောမလားဘဲ။ ဒါပေမဲ့ တောင်ကြီးသူ တောင်ကြီးသားတွေ ရင်ထဲမှာ ဒီလို ခံစားချက်လေးတွေကိုယ်စီရှိနေကြမယ်ဆိုတာကတော့ ဧကန်မလွဲပါဘဲ။ နိုင်ငံခြားရောက်တော့ ကိုယ့်ရဲ့ မွေးရပ်တောင်ကြီးမြို့ကို ပိုပြီး အလွမ်းပိုခဲ့ရတယ်။

နှစ်စဉ်ကျင်းပတဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့ မွေးရပ်မြေမှာနေခဲ့စဉ်တုံးက သွားလာခဲ့တဲ့နေရာတွေ၊ ရိုးရာစား သောက်ဖွယ်တွေကို တမ်းတလွမ်းရတာကလည်း တမျိုးတဖုံ။ တခါတလေ ကိုယ်တိုင်လုပ်စားမှ စားရမဲ့ ဟင်း ထုပ်၊ ငါးထမင်းနယ် အစရှိတဲ့ ရှမ်းပြည်အစားအစာတွေလုပ်စားတိုင်း သူငယ်ချင်းမိတ်ဆွေတွေကို စားပါအုံး ဒါဒို့ ရှမ်းအစားအစာဆိုပြီး ကျွေးမွေးဧည့်ခံရတာလည်း ကျမအတွက် တောင်ကြီးကို အလွမ်းပြေစေပါတယ်လေ။ ဘန်ကောက်မှာနေတုံးကဆိုရင် ကယားပြည်နယ်ကလာတဲ့ မိတ်ဆွေတယောက်နဲ့စကား ပြောဖြစ်ပြန်တော့လည်း “ စိတ်ချမ်းသာလိုက်တာ တောင်ကြီးသံဝဲဝဲလေး အခုမှဘဲကြားရတယ်” တဲ့။

ဒါနဲ့ဘဲ တောင်ကြီးသူဖြစ်ရတာကို အမြဲဂုဏ်ယူနေတဲ့ ကိုယ့်အတွက် မပိုပါဘူးလို့ မှတ်ချက်ချမိပါတယ်။ ဟုတ် ပါတယ်၊ ကျမရဲ့မွေးရပ်မြေ တောင်ကြီးမြို့ ကို တကယ်ချစ်တာပါ။ ကျမရဲ့မွေးခြင်း မောင်နှမတွေ ဝမ်းကွဲတွေ ဆွေမျိုးတွေအားလုံးနီးပါးက တောင်ကြီးဇာတိတွေဖြစ်ကြတယ်။ ရွာဟောင်း ဘော်ဆိုင်းဇာတိပေါ့။ အစ္စလာမ် ဘာသာကိုးကွယ်တဲ့ ဓနုလူမျိုးပါ။ အမေနဲ့ သူ့မောင်နှမတွေအချင်းချင်းတွေ့ရင် အခါးရေ (သို့) ရေနွေးဂျမ်း တ အိုးနဲ့ စကားလက်ဆုံကျပြီး ဓနုသံဝဲဝဲနဲ့ ပြောဆိုရီမောနေတာတွေကလည်း သူတို့နဲ့ဝေးနေတဲ့အချိန်မှာ ပိုပြီး ကျမအတွက် အမှတ်ရစေပါတယ်။ အခုဆိုရင်ကျမ နိုင်ငံခြားရောက်တာ ၁ဝ စုနစ်တခုကို ကျော်ခဲ့ပါပြီ။ ဘယ်လောက်ဘဲ ကိုယ့်ဇာတိမြေနဲ့ဝေးကွာနေပေမဲ့ ရင်ထဲကလွမ်း မောမူတွေကတော့လျော့မသွားပါဘူး။

တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ အချိန်ရောက်ရင်လည်း အင်တာနက်မှာ ကြိုးစားပမ်းစား ရှာဖွေကြည့်ရတာ အလုပ်တခုဖြစ်သလို အိုးစည်သံနားထောင်ရရင်လည်း စိတ်ထဲမှာပျော်ရွင်ကြည်နူးရပါသေး တယ်။ ဒါကတော့ တောင်ကြီးကိုချစ်တဲ့သူတိုင်း မွေးရပ်မြေကိုချစ်တဲ့သူတိုင်းပေါ့လေ။

နိုင်ငံခြားမှာ တောင်ကြီးသူ တောင်ကြီးသား တယောက်ယောက်ကိုတွေ့မိရင်လည်း သွေးသားရင်းနဲ့ဆုံတွေ့ရ သလိုခံစားမိပါတယ်။ တခါတလေ သူငယ်ချင်းတွေနဲ့ဆုံလို့ ကာရာအိုကေ ဆိုကြရအောင်ဆိုပြီး စိတ်ကူးပေါက် မိကြရင်တောင် ကျမအတွက် အရင်ဆုံး ရွေးချယ်မိတဲ့သီချင်းကတော့ စိုင်းဆိုင်မောဝ်ရဲ့ ရှမ်းပဲပုတ်ပါဘဲ။

ကျမကရှမ်းပြည်နယ်ရဲ့ မြို့တော်တောင်ကြီးမှာနေတယ်ဆိုပေမဲ့ ရှမ်းတော့မဟုတ်ပါဘူး။ ဓနုလူမျိုးပါ။ တောင်ကြီး မှာ ဓနုနဲ့ ပအိုဝ်းက ပိုများတော့ ရှမ်းစကားလဲမပြောဖြစ်ပါဘူး။ နိုင်ငံခြားရောက်တော့ လူမျိုးပေါင်းစုံ ကရင် ကချင် ချင်း ကယား ဗမာတွေနဲ့လည်း တွေ့ရတယ်။

သူတို့လည်း သူတို့အသံဝဲဝဲလေးတွေနဲ့ ချစ်စရာကောင်းပါတယ်။ တခါတလေ သူဘာပြောလည်းကိုယ်မသိ ကိုယ်ဘာပြောလည်းသူမသိနဲ့ ကြုံခဲ့ရတာတွေလည်း အကြိမ်ပေါင်းမနည်းပါဘူး။ နောက်ပိုင်းတော့ ကိုယ်ပြောတာ သူတို့နားလည်အောင် ပြင်ပြီးပြောဖြစ်တယ်။

ဥပမာ – ကျမတို့က ကိုယ့်မြို့မှာ သုံးနှုန်းပြောဆိုနေကြတဲ့အတိုင်း “ဟုတ်ကြောင်းမဟုတ်ကြောင်း” “ဟုတ်ကြောင်း မုတ်ကြောင်း” (ဟုတ်လားမသိ မဟုတ်လားမသိ) တို့ ၊ “ဘာရီးတုံး” (ဘာကြီးလဲ) တို့ဆိုပြီးနောက်ဆုံးစကားမှာ “တုံး”ဆိုပြီး ထည့်ပြောတာတို့ ၊ “စားဝါးအုံး” (စားသွားအုံး) ဆိုပြီး တောင်ပေါ်သံနဲ့ ပြောလေ့ရှိတယ်။ ဒါကိုလည်းပြင်ရတယ်။ သူတို့နားမလည်နိုင်မဲ့ တခြားစကားလုံးတွေကိုလည်း ပြင်ရပြန်သေးတယ်လေ။ “အဲဟာ”လို့ သုံးတဲ့နေရာမှာ “အဲဒါ” လို့ပြင်ရတယ်။ တခါတလေ ကိုယ်ပြောတာ နားမလည်တဲ့ မျက်နှာရိပ်ကို တွေ့ရင် ၂ ခါလောက်ပြန်ပြောရတယ်။ ဒါပေမဲ့ ကျမစိတ်မညစ်ပါဘူး ပျော်ပါ တယ်။ ကျမအသံတောင်ကြီးသံမို့ (မလို့ ) သူတို့နားမလည်တာလေ။

ကျမတို့ အိမ်ပါတ်ဝန်းကျင်မှာဆိုရင် ဓနုတွေကများတယ်။ အမေတို့နဲ့အတူ ကြီးပြင်းလာတဲ့ ပါတ်ဝန်းကျင်လို့ ပြောရင် မမှားပါဘူး။ သူတို့ တွေကတော့ ဗုဒ္ဒဘာသာဝင်တွေပါ။ သီတင်းကျွတ်ဆိုရင် မုန့်ဆီကြော်လာပို့ ကြ တယ်။ တပို့တွဲဆိုရင် ထမနှဲလာပို့ကြတယ်။ သင်္ကြန်ဆိုရင် ကင်ပေါင်းကျော်တို့ ကောက်ညုင်းနဲ့လုပ်တဲ့ ယာကု တို့လာပို့ကြတယ်။ လာပို့နေကျအိမ်ကလာမပို့သေးရင်တောင် ကျမတို့မျှော်နေမိတယ်။ သူတို့လည်းဒီလိုပါဘဲ ကျမတို့ အိဒ် ပွဲတော်ရောက်မဲ့နေ့ကိုမျှော်တတ်ကြတယ်။

ကျမတို့ပွဲတော်ရောက်ရင် ဒီလိုဘဲ အိမ်ပေါက်စေ့ မုန့်လိုက်ပို့ရတယ်။ အိမ်မှာလည်း လာစားဖို့ဖိတ်ခေါ်ကြတယ်။ အရမ်းပျော်ဖို့ကောင်းပါတယ်။ ကိုးကွယ်တဲ့ဘာသာမတူပေမဲ့ အိမ်နားနီးချင်း ဆွေမျိုးရင်းတွေလိုပါဘဲ။ အရေး အကြောင်းကြရင် စည်းလုံးကြတယ်၊ ကူညီဖေးမကြတယ်။ တခါတလေကြတော့ အဲဒီလိုတဦးနဲ့တဦး လူမျိုး ဘာသာမခွဲခြားဘဲ နွေးထွေးတဲ့ ချစ်ခင်မူလေးတွေနဲ့နေခဲ့ကြတာကို တမ်းတမိရင် အမိမြေကို အရမ်းလွမ်းမိပါ တယ်။

တောင်ကြီးမှာ ရှစ်လေးလုံးမတိုင်မှီက တိုင်းပြည်မှာအစိုးရကိုဆန့်ကျင်မူတွေ လမ်းလွဲဖို့အတွက် မူဆလင် ဗုဒ္ဒ ဘာသာအဓိကရုန်းဖြစ်အောင် လုပ်ခဲ့တယ်။ မသိနားမလည်တဲ့ တနေ့လုပ်တနေ့စား အလုပ်သမားတွေ၊ မကြာ သေးခင်ကမှ ဗမာပြည်အလယ်ပိုင်းကနေ တောင်ကြီးကို ပြောင်းလာတဲ့ ဆင်းရဲသား လက်တွန်းလှည်းတွန်း သမား လူစိမ်းတွေကိုအသုံးချပြီး ပြသနာကြီးသထက်ကြီးအောင် လှုံ့ဆော်ဖန်တီးမှု တွေ လမ်းညွန်ပေးသူတွေ ရှိခဲ့လို့ ဘာသာရေး အဓိကရုန်းကြီးကြီးမားမားတခုဖြစ်ခဲ့တယ်။
အဲဒီအချိန်တုံးက မှတ်မိပါတယ် ဗုဒ္ဒဘာသာကိုးကွယ်တဲ့ ပါတ်ဝန်းကျင်က မိတ်ဆွေတွေ၊ ရပ်ကွက်လူကြီးတွေ က ပြောပါတယ် ဘာမှမပူပါနဲ့ ကျနော်တို့ ကာကွယ်မှာပါ၊ ကျနော်တို့တတွေ ဘိုးစဉ်ဘောင်ဆက်ကတည်းက အတူတကွနေလာကြတာပါဆိုပြီး အားပေးစကားပြောတာ၊ စောင့်ရှောက်ပေးတာ တွေရှိခဲ့သလို နင်တို့ကို ထိ ရင် ငါတို့လည်း နင်တို့ဘက်က ရပ်တည်ပြီးကာကွယ်မယ်လို့ အားရှိပါးရှိပြောတဲ့ အရှေ့ဘက်အိမ်က အဒေါ်ကြီး စကားကိုလည်း အမြဲသတိရလျှက်ပါ။

ဟော! ကြည့်ပါအုံး ဖြစ်ရပြန်ပြီ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီလမ်းကြောင်းလွဲဖို့အတွက် လာပြန်ပြီ ဘာသာရေးအဓိကရုန်းတွေ။ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးရောက်ခါနီးတိုင်း ဘာသာရေးလူမျိုးရေးအဓိကရုန်းတွေ ဖြစ်ကြပြီ။ တကယ်ဘဲ ကျမတို့နိုင်ငံအတွက် ဝမ်းနည်းစရာကောင်းပါတယ်။ ကျမတို့လို ကိုယ့်မွေးရပ်မြေကို တန်ဖိုးထားချစ်မြတ်နိုးနေတဲ့သူတွေအပေါ် စာနာနားလည်မှုမထားဘဲ ဓားစာခံအဖြစ် မြေနိမ့်ရာလှံစိုက်လို့ ခုတုံး လုပ်ကြတယ်။ သိတဲ့သူတွေက သိနားလည်ကြပေမဲ့ အချို့ကတော့ လူတစု အဖွဲ့အစည်းတခုရဲ့ လှည့်ကွက်ထဲ ကို မျက်စိစုံမှိတ်ပြီး တံလျှပ်ကိုရေထင်လို့ ပြဿနာတွေဖန်တီးကြတယ်။

ဘန်ကောက်က အတွေ့အကြုံလေး တခုပြောရမယ်ဆိုရင်လည်း ရှိပါသေးရဲ့။ တနေ့မှာ ဆေးဆိုင်တဆိုင် သွားပြီးဆေးဝယ်တော့ ဆိုင်ရှင်က အင်္ဂလိပ်စကားတော်တော်ပြောချင်ပုံရတယ်။

ဆိုင်ရှင်နဲ့ကျမအမျိုးသားက စကားတွေဖေါင်ဖွဲ့နေကြတာလေ၊ မကြာပါဘူး ကျမတို့ ကို မြန်မာနိုင်ငံကမှန်း လည်းသိရော ဖမာ့လားဆိုပြီး ဟိုလိုလိုဒီလိုလိုနဲ့ တခြားဘက်ကိုသွားလိုက်တယ်။ ပြီးတော့ သူ့တပည့်နဲ့ဘဲ ဈေးရောင်းလွတ်ထားပေးခဲ့တယ်။ ကျမတို့တော်တော်အံသြမိပါတယ်။ မြန်မာနိုင်ငံကလာတဲ့ လူဆိုရင် ဘာလူ မျိုးဘာဘာသာဘဲကိုးကွယ်ကိုးကွယ် အားလုံးကို ဖမာ့ဆိုပြီး ဝါးလုံးရှည်နဲ့ ဇွတ်ရန်းတော့တာပါဘဲ။ ကျမတို့ ဆို ရင် ပြည်တွင်းမှာတုန်းကလည်း ဘာသာခြားဆိုပြီး ခွဲခြားခံရတယ်။ ပြည်ပရောက်တော့လည်း ဖမာ့ ဆိုပြီးနိမ်ချ ခံရပြန်တယ်။ ဘာဘဲဖြစ်ဖြစ် ဘယ်သူတွေက ဘယ်လိုတံဆိပ်တွေတပ်ကြပါစေ ကျမတို့လိုပြည်တွင်းမှာ မွေး ဖွားကြီးပြင်းလာတဲ့သူတွေ အားလုံးဟာ ဗုဒ္ဓဘာသာကိုးကွယ်တာမဟုတ်တာကလွဲလို့ ဓနု-ရှမ်း ကချင် ကရင် စသဖြင့်အားလုံးတူတူပါဘဲ။

ဒါကြောင့်မြန်မာနိုင်ငံနဲ့ပါတ်သက်ရင် ထိုင်းက ဖမာ့ဆိုပြီးနိုင်ရင်လည်း မခံချင်သလို အခြားနိုင်ငံတွေက ထိပါး လာရင်လည်း မခံနိုင်တာကတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးမှ မဟုတ်ပါဘူး။ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ မြန်မာပြည်သားတွေ၊ အစ္စလာမ်ဘာသာကိုးကွယ်တယ့် မြန်မာပြည်သားတွေ၊ ဟိန္ဒူ ဘာသာကိုးကွယ်တဲ့ မြန်မာပြည်သားတွေ အားလုံးဟာ တသွေးထဲတသားထဲပါဘဲ။

အချို့သောသူတွေက အတူယှဉ်တွဲပြီးတမြေထဲနေ တရေထဲသောက်လာကြတဲ့လူတွ အချင်းချင်းကြားမှာ အမျိုးပျောက်မှာစိုး ကြောက်လှပါတယ် ဆိုတဲ့ဆောင်ပုဒ် တခုသုံးပြီးကိုယ်လိုရာကို ဆွဲနေကြတာကတော့ သွေးစည်း ညီညွတ်မူကို ဖြိုခွဲနေတာနဲ့အတူတူဘဲလို့ ကျမအနေနဲ့သုံးသပ်မိပါတယ်။ ကျမကတော့ အမိမြန်မာ ပြည်ကို တန်ဖိုးထားရသလို တောင်ပေါ်သူဖြစ်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ကျမလိုဘဲအခြားဒေသ မှာနေထိုင် ကြတဲ့ တောင်ပေါ်သူတွေဘဲဖြစ်စေ မြေပြန့်သူတွေဘဲဖြစ်စေ ဘယ်နေရာဘယ်ဒေသရောက်ရောက် ဘာသာမ တူလို့  ဘာတံဆိပ်တွေဘဲတပ်ကြပါစေ မျိုးချစ်ပါတယ်ဆိုတဲ့ပုဂိုလ် တွေထက်မသာရင်တောင် သူတို့ထက် မနိမ့်တဲ့ချစ်ခင်တန်ဖိုးထားမူ တွေနဲ့ အတူ အမိမြန်မာပြည်ကို ကာကွယ် စောင့်ရှောက်ကြလိမ့်မယ် ဆိုတာကို တော့ ကျမ ယုံကြည်ပါတယ်။

Tags:

Leave a Reply