သြဂုတ် ၃ ၊ ၂၀၁၅
M-Media
သီဟ
ရေဘေးသင့်ပြည်သူများကို ကူညီဖို့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၊ ရေဘေးသင့်ပြည်သူများပံ့ပိုး ကူညီရေး ကော်မတီ မှ ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ ကူညီဖို့အတွက် ယနေ့ ည ဘက်တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် ရွာဟောင်းဗလီမှ စတင်ထွက်ခွါမှာဖြစ်ကြောင်းသိရပါတယ်။
မိုးညို မြို့ နယ်တွင်ရေဘေးသင့်ပြည်သူဦးရေ(၄၉၁၇)ဦးရှိပြီး၊ ကျား(၂၃၄၂)ဦးနှင့် မ(၂၅၇၅)ဦးခန့်ရှိကြောင်း MMAID ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
မိုးညိုမြို့ကို သွားရောက်လှူဒါန်းမည့်ပစ္စည်းများမှာ-
၁။ ဆန်အိတ် ကီလို ( ၅၀ ) အိတ် ၄၀၀ အိတ်
၂။ မာမီးခေါက်ဆွဲ ခြောက် ( ၁ ဖာ လျှင် ၃၀ ထုပ်ပါ ) ၅၀၀၀ ဖါ
၃။ ဓါတ်ဆား ထုပ်( ၁ ဖာ ၅၀ ထုပ် ပါ ) ၅၀၀၀ ဖါ
၎။ ရေသန့် ဗူးကြီး ၆၇၉၂ ဗူး
၅။ ဆီ ၁ လီတာ ပုလင်း ( ၃၅၀၀ )ပုလင်း
၆။ ၀မ်းပိတ် ဆေး အလုံး ( ၁၀၀၀ ) လုံး
၇။ ဓါတ် မီး အလတ် ( ၁၀၈၀ ) လုံး
၈၊ အ၀တ် အစား ထုတ် ၁ ထုပ် နှင့်
၉၊ ပေါင် မုန့် များ ပါဝင်ကြောင်း အဆိုပါကော်မတီရဲ့ ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံအညွှန်း- ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်မယ့်ကားပေါ်ကို ပစ္စည်းတွေ တင်ဖို့ လုပ်အားပေးနေကြပုံ၊
ရေဘေးသင့်မိုးညိုမြို့မှ ကျေးရွာအချို့
Photo- Myo Zaw&Kumudra
Comments