6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၈ ၊ ၂၀၁၅
M-Media

11058617_808508119262792_7027191650471652077_n
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆိုင်ကလုံးမုန်တိုင်းရိုက်ခတ်မှုဖြင့်  မိုးများခြင်းနှင့်ရေလျှံ ၀င်လာခြင်းကြောင့် မြန်မာနိုင်ငံရှိ အိုးအိမ်မဲ့ ရိုဟင်ဂျာမိသားစုဝင် ကလေးငယ် တစ်သိန်းလေးသောင်းခန့်မှာ ရေဘေးဒဏ်ခံနေရကြောင်း ကုလသမဂ္ဂအေဂျင်စီများက ဆိုသည်။

“ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းထဲကလူတွေ အပါအ၀င် ကယ်ကူရာမဲ့ဖြစ်နေတဲ့ မိသားစုနဲ့ ကလေးငယ်များဟာ ရေလွှမ်းမိုးမှုဒဏ်ကို ကြုံနေရပါတယ်။ ဒီမိသားစုတွေရဲ့လူနေမှုဘ၀အပေါ်  ဒီဂယက်ရိုက်ခတ်မှုက ရှည်ကြာနိုင်ဦးမှာဖြစ်ပါတယ်” ဟု ကလေးငယ်များဆိုင်ရာ ကုလသမဂ္ဂအရေးပေါ်ရံပုံငွေအဖွဲ့ – Unicef မှ တာဝန်ရှိသူတစ်ဦးဖြစ်သော Shalini Bahuguna က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

“အိုးအိမ်မဲ့လူပေါင်း တစ်သိန်းလောက်နေထိုင်နေကြတဲ့ စစ်တွေတစ်ဝိုက်ဒုက္ခသည်စခန်းများက အခြေခံ အဆောက်အဦတွေနဲ့ နေရာထိုင်ခင်းတွေ အပျက်အစီးကြီးမားခဲ့ကြောင်း ကနဦးပိုင်းသတင်းများက ဆိုပါတယ်” ဟု လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကုလရုံး – UNOCHA မှ ဆိုသည်။

ရခိုင်ပြည်နယ် ရေဘေးဒုက္ခသည်တွေကို လူမျိုးဘာသာမခွဲခြားဘဲ လူသားအချင်းချင်း ကူညီရမယ်ဆိုတဲ့ စိတ်ထားနဲ့ ဝိုင်းဝန်းကူညီကြဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သြဂုတ်လ  ၆ ရက်နေ့ က စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေနဲ့ တွေ့ဆုံ စဉ်မှာ ပြောကြားခဲ့သည်။

ref:.Dawn

ဓါတ်ပုံ- ရခိုင်ပြည်နယ် မြောက်ဥိးမြိုမြင်ကွင်း
Photo Credit – ဦးရဲထွဋ် FB

Leave a Reply