6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၈၊ ၂၀၁၅
M-Media

thai 1

– ထိုင်းနိုင်ငံ ဖူးကတ်ရှိ ပါတွန်ကမ်းခြေတွင် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို သြဂုတ် ၁၆ ရက်နေ့ ညပိုင်းက တွေ့ရှိခဲ့ရပြီး အင်အားပြင်းသော လှိုင်းလုံးများကြောင့် ရေနစ်သေဆုံးသည်ဟု ယုံကြည်ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သေဆုံးသူမှာ အသက် ၃၈ နှစ်အရွယ်ရှိပြီး မသီတာဟုအမည်ရကာ ကမ်းခြေတွင် လမ်းလျှောက်သူများက ည ၈နာရီ ၄၈ မိနစ်ခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တွေ့ရှိသည့်အချိန်တွင် သူမမှာ ရေစိုနေကာ သဲများဖြင့် ဖုံးလွှမ်းနေပြီး ပြည်သူများက ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ကြသည်။

“ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ သတိလစ်နေတဲ့ အဲဒီအမျိုးသမီးကို ရှေးဦးသူနာပြုနည်းလမ်းတွေနဲ့ ပြုစုနေပါတယ်။ အဲဒီနောက်မှာတော့ ကယ်ဆယ်ရေးလုပ်သားတွေက ပါတွန်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆေးရုံရောက်ရောက်ခြင်းမှာပဲ သေဆုံးတယ်လို့ ကြေညာခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့ဗိုလ်မှူး ပါတာပီ ဆရီချေးက ပြောကြားခဲ့သည်။

သူမ၏ ပိုက်ဆံအိတ်ကိုလည်း အနီးအနားတွင် တွေ့ရှိခဲ့ရပြီး ထိုပိုက်ဆံအိတ်ထဲမှာ နိုင်ငံကူးလက်မှတ်၊ ID ကဒ်များနှင့် အခြားသောစာရွက်စာတမ်းများကိုလည်း တွေရှိခဲ့ရသည်။ ID ကဒ်တစ်ခုတွင် မသီတာမှာ ဆူဒါဟူသော အမည်ကို အသုံးပြုထားသည်။ မနှစ်ကအထိ သူမမှာ ဖူးကတ်တောင်ပိုင်းမြို့ဖြစ်သော ရာဆာဒါတွင် နေထိုင်သည်ဟု စာရင်းသွင်းထားသည်။

နိုင်ငံကူးလက်မှတ်အရ မသီတာမှာ ထားဝယ်မြို့တောင်ပိုင်း သရက်ချောင်းတွင် မွေးဖွားခဲ့သူဖြစ်သည်ကို တွေ့ခဲ့ရသည်။

“ပတ်ဝန်းကျင်ကို ကျွန်တော်တို့ မေးကြည့်ခဲ့ပြီး၊ ဘယ်သူမှ ဒီအမျိုးသမီးကိုမသိဘဲ၊ သူ့အလောင်းကို မတွေ့ခင် ဘယ်သူမှ သူ့ကို မမြင်ဖူးကြပါဘူး” ဟု ဗိုလ်မှူး ပါတာပီက ပြောကြားခဲ့သည်။

ယမန်နှစ်က ထုတ်ပေးခဲ့သည်ဟု ရေးသားထားသော သူမ၏ ကျန်းမာရေးအာမခံကဒ်တွင် ဖော်ပြထားသည့် ယခင်အလုပ်ရှင်ဟောင်းအား ဆက်သွယ်နိုင်ရန် ရဲတပ်ဖွဲ့က ကြိုးစားနေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

“ဒဏ်ရာတွေ၊ ဒါမှမဟုတ် မူမမှန်တဲ့လက္ခဏာတွေ မရှိပါဘူး။ မသီတာဟာ ရေနစ်ခဲ့ပြီး၊ ကျွန်တော်တို့ မရောက်ခင် တစ်နာရီအရင်လောက်က သေဆုံးတယ်လို့ မှတ်ယူထားပါတယ်။ ဒါပေမယ့် သေဆုံးချိန်နဲ့ သေဆုံးရတဲ့အကြောင်းအရင်းကို ဆရာဝန်ဆီက အတည်ပြုချက် ရယူမှာပါ။ ပြီးတော့ သူမရဲ့ မိသားစု တည်နေရာကို သိဖို့ ကြိုးစားသွားမှာဖြစ်ပြီး ကွယ်လွန်ကြောင်းလည်း အသိပေးသွားမှာပါ”

Ref: The Phuket News

Leave a Reply