6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၄ ၊ ၂၀၁၅
M-Media
ဆောင်းပါးရှင်- မောင်ရဲဝင်း (တောင်ကြီး)
001aa018f83f149f10bd01_0
နိုင်ငံရေးမတည်ငြိမ်ဖြစ်နေရတဲ့ ယူကရိန်းနိုင်ငံဟာ ယခုနှစ်အတွင်းမှာ စီးပွားရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံရဲ့ GDP ဟာလည်း ဒီနှစ် ပထမ သုံးလပတ်မှာ ၁၈ ရာခိုင်နှုန်း၊ ဒုတိယသုံးလပတ်မှာ ၁၅ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ အဆိုးရွားဆုံးကတော့ ကြွေးမြီး ထူထပ်နေတဲ့ကိစ္စပါ။ လက်ရှိအနေအထားမှာ ယူကရိန်းရဲ့ အကြွေးဟာ နိုင်ငံရဲ့ ဂျီဒီပီ တစ်ခုလုံး စာလောက်ဖြစ်နေပါတယ်။

ကြွေးရှင်တွေနဲ့ လပေါင်းများစွာ ဆွေးနွေးခဲ့ပြီးတဲ့နောက် မကြာမီ သဘောတူညီချက် တစ်ခုရနိုင်မယ့် အနေအထားကို ရောက်လာပြီလို့ ယူဆလို့ရပါတယ်။ ညှီနှိုင်းဆွေးနွေးကြတဲ့ အခါမှာ သဘောတူညီမှုမရရင် ယူကရိန်းအနေနဲ့ ဒေဝါလီခံမယ်ဆိုတာနဲ့ ခြိမ်းခြောက်ရုံသာ ရှိပါတယ်။ ဒါပေမယ့် ယူကရိန်းက အကြွေး မဆပ်တော့ဘူးဆိုရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာထိပါးမှာဖြစ်ပြီး နောက်ပိုင်းနိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ ရဖို့ အလားအလာ မကောင်းဘဲ ဖြစ်သွားမှာပါ။ လက်ရှိမှာလည်း နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ လျော့ကျလာနေပါတယ်။ ယူကရိန်းအနေနဲ့ အကြွေး မဆပ်နိုင်တော့လောက်အောင် ဖြစ်ရတဲ့ အရင်းခံစီးပွားရေး ပြဿနာတွေကို မဖြေရှင်းပေးသ၍ နိုင်ငံခြား အကူအညီတွေ ထပ်မံ ရရှိဖို့ကတော့ မလွယ်လောက်ပါဘူး။

ဒါကြောင့် ယူကရိန်း ခြိမ်းခြောက်တယ်ဆိုရင်တောင် ဆွေးနွေးဝိုင်းမှာအောက်သံနဲ့သာ ဆက်ဆံရမှာပါ။ ယူကရိန်းရဲ့ အကြွေးတွေလျော့ ချပေးဖို့ လိုနေတယ်ဆိုတာကတော့ ကြွေးရှင်တွေအားလုံးလက်ခံတဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်ပုံဘယ်နည်းနဲ့ လျော့ချမယ် ဆိုတာက အဓိကဆွေးနွေးကြရတဲ့အချက်ပါ။ ကြွေးရှင်တွေကတော့ ချေးငွေပြန်ဆပ်ရမယ့် သက်တမ်းကာလကို တို့မြှင့်ပေးဖို့ ကမ်းလှမ်းတာတွေလည်းရှိနေပါတယ်။

ဒါပေမယ့် ကြွေးမြီကာလကို ဆွဲဆန့်မယ်ဆိုရင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) နဲ့ ယူကရိန်းအကြား သဘောတူညီထားတဲ့ အချက်နဲ့ ငြိနေပြန်တယ်။ ပြီးခဲ့တဲ့နှစ်က ယူကရိန်း အသက်ရှုချောင်အောင် IMF က ကန်ဒေါ်လာ (၇) ဘီလီယံ ချေးပေး ခဲ့ပါတယ်။ IMF နဲ့ သဘောတူခဲ့တာကတော့ ၂၀၁၈ ခုနှစ်လောက်မှာ ချေးငွေ အားလုံးအတွက် တိုးရင်းပေါင်း (၁၅.၃) ဘီလီယံလောက် ပြန်ဆပ်နိုင်မယ်၊ ၂၀၂၀ မှာ အကြွေးနဲ့ ဂျီဒီပီ အချိုး (၇၀) ရာခိုင်နှုန်းလောက်အထိလျော့ချနိုင်မယ်၊ ယူကရိန်း အနေနဲ့ နှစ်စဉ် ဂျီဒီပီရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို အကြေးဆပ်ဖို့ သုံးစွဲမယ် လို့ ကတိပြုခဲ့တာတွေရှိနေပါတယ်။ ဒါကြောင့် ယူကရိန်းရဲ့ ချေးငွေတွေကို သက်တမ်းတိုးရုံနဲ့ မပြေလည်သွားပါဘူး။ ပြန်ဆပ်ရမယ့် အကြွေးပမာဏကို လျော့ကျနိုင်ဖို့လိုနေပါတယ်။

ယူကရိန်းအစိုးရက ပွင့်လင်းမြင်သာမှု မရှိတဲ့ အတွက် ယူကရိန်းအနေနဲ့ ဘယ်သူတွေဆီက ချေးထားသလဲဆိုတာ အတော်များများ မသိခဲ့ကြပါဘူး။ ယူကရိန်း ဘဏ္ဍာရေးဝန်ကြီး Natalie Jaresko ကိုယ်နိုက် ကြွေးရှင်တွေက ဘယ်ကလဲဆိုတာကို သေချာ မသိဖြစ်ခဲ့ပါဘူး။ အခြေအနေ ယိုယွင်းလာခါမှ ကြွေးရှင်တွေ အကြောင်း ထုတ်ဖော်လာတဲ့ အခါ အဓိက အကြွေးရှင်တွေထဲ အမေရိကန် အခြေစိုက် Franklin Templeton ကုမ္ပဏီ၊ ဘရာဇီကုမ္ပဏီရဲ့ BTG Pactual တို့အပြင် ရုရှားနိုင်ငံလည်း ပါဝင်နေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၃ ခုနှစ်မှာ ထုတ်ပြန်တဲ့ စာရင်းအရ ယူကရိန်းရဲ့ နိုင်ငံခြားချေးငွေပေါင်းဟာ ကန်ဒေါ်လာ (၁၄၇.၇၁) ဘီလီယံရှိနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလမှာ ပြန်ဆပ်ရမယ့် အကြွေးတွေအပြင် ဒီဇင်ဘာလမှာ ကန်ဒေါ်လာ (၃) ဘီလီယံကို ရုရှားကိုပြန်ဆပ်ရမှာဖြစ်ပါတယ်။ အကြွေးဆပ်ဖို့ အချိန် နီးကပ်နေပြီဖြစ်လို့ ကြွေးရှင်တွေနဲ့ ယူကရိန်း အကြား ဆွေးနွေးညှီနှိုင်းနေကြချိန်မှာ ရုရှားအနေနဲ့ကတော့ ယူကရိန်းနဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ ငြင်းဆိုနေပါသေးတယ်။ ဒါကြောင့် ယူကရိန်းအခက်တွေ့နေချိန်မှာ ရုရှားက အခွင့်ကောင်းယူပြီး နိုင်ငံရေး လှည့်ကွက်တစ်ခုအနေနဲ့ ယူကရိန်း အပေါ် သြဇာသက်မှုတွေကြီးထွားလာနိုင်ဖွယ်ရှိပါတယ်။

Ref: Ukraine’s Debt Saga, by C.W., The Economist, August 19, 2015

Leave a Reply