6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၅၊ ၂၀၁၅
M-Media

– တရုတ်စတော့ဈေးကွက်မှာ ၂၀၀၇ နှစ်နောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှုနှင့် ရင်ဆိုင်ရသည့် ယမန်နေ့တွင် အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ တရုတ်သူဌေးတစ်ဦးမှာ ကန်ဒေါ်လာ ၃.၆ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု သိရသည်။

ဝမ်လီယန်လင်းဆိုသူဖြစ်ပြီး ရှယ်ယာဈေး ၁၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည့် Dalian Wanda Commercial Properties ကုမ္ပဏီတစ်ခုတည်းမှ ၎င်းမှာ ကန်ဒေါ်လာ ၂ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု Bloomberg Billionaires Index ၏ စာရင်းတွင် ဖော်ပြထားသည်။ ထို့ပြင် Wanda Cinema Line ကုမ္ပဏီလီမိတက်၏ ရှယ်ယာဈေးနှုန်းမှာ ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၀မ်မှာ ထိုကုမ္ပဏီတွင် ကန်ဒေါ်လာ ၁ ဘီလီယံ ထပ်မံဆုံးရှုံးခဲ့သည်။ ကျန်ရှိသည့် သန်း ၆၀၀ မှာ အခြားသော ပုဂ္ဂလိကကုမ္ပဏီများတွင် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ ဆောင်ရွက်ချက်များမှာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှုအတွင်း ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန် မစွမ်းဆောင်နိုင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ရှယ်ယာဈေးကွက်မှာ တနင်္လာနေ့တွင် အလွန်အမင်း ကျဆင်းခဲ့သည်။ ထိုအရှိန်ကြောင့် အာရှတစ်ဝှမ်းနှင့် နိုင်ငံတကာမှ ရှယ်ယာဈေးကွက်များပါ အနည်းနှင့်အများ ထိခိုက်ခဲ့သည်။

ထိုကဲ့သို့ ရှယ်ယာဈေးကျဆင်းမှုကြောင့် ကမ္ဘာ့အချမ်းသာဆုံး လူ ၄၀၀ တွင် ဆုံးရှုံးမှုများမှာ ကန်ဒေါ်လာ ၁၂၄ ဘီလီယံအထိ ရှိခဲ့သည်။ တရုတ် စတော့ဈေးကွက်များမှာ ယနေ့တွင်လည်း ထပ်မံကျဆင်းခဲ့ပြီး အာရှရှိ ချမ်းသာသူများတွင် ဆုံးရှုံးမှုများ ပိုမိုများပြားခဲ့သည်။

တနင်္လာနေ့ တရုတ်စတော့ဈေးကွက် ကျဆင်းမှုအတွင်း ကမ္ဘာ့ဘီလီယံနာ ၂၄ ဦးမှာ ကန်ဒေါ်လာ ၁ ဘီယီယံကျော်စီ ဆုံးရှုံးခဲ့ကြပြီး ထိုအထဲတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလ်ဂိတ်လည်း ပါဝင်ခဲ့ကာ ကန်ဒေါ်လာ ၃.၂ ဘီလီယံ ဆုံးရှုံးခဲ့သည်။

စတော့ဈေးကွက် မတည်ငြိမ်မှုကြောင့် အာရှဘီလီယံနာများမှာ ပြီးခဲ့သည့် ၃ လအတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှုများမှ ၅ ပုံ ၁ ပုံ ဆုံးရှုံးခဲ့ပြီး၊ သောကြာနေ့ ဈေးကွက်ဖွင့်ချိန်မှစ၍ ယမန်နေ့ ဈေးကွက်ပိတ်ချိန်အထိ ဆုံးရှုံးမှုမှာ ကန်ဒေါ်လာ ၅၄ ဘီလီယံရှိနေသည်။

Ref: Arabnews

Leave a Reply