6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၉၊ ၂၀၁၅
M-Media

austria

– သြစတြီးယားနိုင်ငံ အဝေးပြေးကားလမ်းမပေါ်၌ ရပ်ထားသည့် ထရပ်ကားထဲတွင် ဒုက္ခသည် ၇၁ ဦး၏ အလောင်းများကို တွေ့ရှိခဲ့ရပြီးနောက် သြစတြီးယားနှင့် ဟန်ဂေရီနိုင်ငံတို့က ဖမ်းဆီးမှုများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

သြစတြီးယားရဲတပ်ဖွဲ့ကမူ ၎င်းတို့မှာ လူ ၃ ဦးကို ဖမ်းဆီးလိုက်ပြီး ဟန်ဂေရီရဲတပ်ဖွဲ့က လူ ၄ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ပြောကြားခဲ့သည်။

အဆိုပါထရပ်ကားကို ကြာသာပတေးနေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကနဦးတွင် သေဆုံးသူမှာ ၂၀ နှင့် ၅၀ ကြားတွင် ရှိမည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သို့သော်လည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၇၁ ဦးအထိရှိကြောင်း တွေ့ရှိခဲ့ရသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သြစတြီးယားရဲတပ်ဖွဲ့ တာဝန်ရှိသူ ဟန်စ် ပီတာ ဒို့စ်ကိုဇီးလ်က သေဆုံးသူများမှာ အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၈ ဦးနှင့် မွေးကင်းစ တစ်ဦးအပါအ၀င် ကလေးငယ် ၄ ဦးတို့ဖြစ်ကြကာ အသက်ရှုကြပ်၍ သေဆုံးရခြင်း ဖြစ်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

သေဆုံးသွားသူများထဲမှ အချို့တွင် ဆီးရီးယားမှ ခရီးသွားစာရွက်စာတမ်းတစ်ခုကို တွေ့ရှိခဲ့ရပြီး၊ အခြားသော နိုင်ငံများက ပါဝင်လားဆိုသည်ကို အချိန်ယူ၍ ဆုံးဖြတ်ရမည်ဟု ဒို့စ်ကိုဇီးလ်က ထည့်သွင်းပြောကြားခဲ့သည်။

ဟန်ဂေရီ ရဲတပ်ဖွဲ့ကမူ ဘူလ်ဂေးရီးယား ၃ ဦးနှင့် အာဖဂန်တစ်ဦးတို့ကို ဖမ်းဆီးထားပြီး၊ တစ်အိမ်တက်ဆင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် အကြမ်းဖျင်း လူ ၂၀ ခန့်ကို စုံစမ်းမေးမြန်းခဲ့သည်ဟု ဆိုသည်။

“ဒါဟာ ကြိုးကိုင်သူတွေဆီ ရောက်သွားမယ့် လမ်းကြောင်းလို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဒို့စ်ကိုဇီးလ်က ပြောကြားခဲ့ပြီး ဖမ်းဆီးထားသူများမှာ မှောင်ခိုဂိုဏ်းမှ ခေါင်းဆောင်များမဟုတ်ဟုလည်း ဆိုသည်။

သီးခြားဖြစ်စဉ်တစ်ခုအဖြစ် ယမန်နေ့က ရိုးမေးနီးယားလူကုန်ကူးသူဟု သံသယရှိသူတစ်ဦး မောင်းနှင်လာသော ဗန်ကားတစ်စီးမှာ ဘူဒါပက်စ်သို့သွားရာ လမ်းကြောင်းတွင် တိမ်းမှောက်ခဲ့သောကြောင့် ဆီးရီးယားဒုက္ခသည် ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဟန်ဂေရီရဲတပ်ဖွဲ့က ဆိုသည်။

ဟန်ဂေရီတွင် ပြီးခဲ့သည့်နှစ်က လူကုန်ကူးသူ ၅၉၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ်အတွင်း ဖမ်းဆီးရမိထားသည့် လူကုန်ကူးသူအရေအတွက်မှာ ၇၇၆ ဦး ရှိနေပြီဖြစ်သည်။

Ref: Aljazeera

Leave a Reply