6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၊ ၂၀၁၅
M-Media

yemen

– ပြည်တွင်းစစ် အရှိန်မြင့်လာမှုမှ ဖြစ်ပေါ်လာသော ဆေးဝါးပစ္စည်း ပြတ်တောက်မှုကြောင့် ယီမင်နိုင်ငံရှိ အဓိကဆေးရုံများမှာ လည်ပတ်ရန် ရုန်းကန်နေရပြီး အချို့မှာ ပိတ်ပစ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ယီမင်သမ္မတ ဟာဒီအား ထောက်ခံသူများက ပြုလုပ်ထားသော ပိတ်ဆို့မှုများကြောင့် သူပုန်များသိမ်းပိုက်ထားရာ ဆန်နာမြို့မှ ဆေးရုံကြီးတစ်ခုမှာ အခြေခံဆေးဝါးများနှင့် ပစ္စည်းကိရိယာများ မရရှိဘဲ ပိတ်ပစ်ရဖွယ်ရှိနေပြီး၊ တာအစ်ဇ်မြို့ရှိ ဆေးရုံများမှာလည်း ဟူသီသူပုန်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကာ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ရုန်းကန်နေရသည်။

Save the Children ကမူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ကုသမှုများပေးနေသော ဆန်နာမြို့ရှိ အလ်-ဆာဘီန်း ဆေးရုံမှာ လောင်စာဆီပြတ်တောက်မှုနှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုများ မရရှိသောကြောင့် အင်္ဂါနေ့ (ယနေ့) တွင် ပိတ်ရတော့မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

၉၀ ရာခိုင်နှုန်းသော ဆေးဝါးပစ္စည်းများကို ပင်လယ်နက် ဆိပ်ကမ်းမြို့ ဟူဒိုင်ဒါမှ တင်သွင်းမှုအပေါ် မှီခိုနေရသည့် အဆိုပါဆေးရုံမှာ ခန့်မှန်းခြေ လူပေါင်း ၃ သန်းခန့်ကို ၀န်ဆောင်မှုပေးနေသည်ဟု Save the Children မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ယီမင်၏ တတိယအကြီးဆုံးဖြစ်သော တာအစ်ဇ်မြို့တွင် အဓိကဆေးရုံနှစ်ခုမှာ ဟူသီသူပုန်များ၏ ပိတ်ဆို့မှုကြောင့် ဆေးဝါးများပြတ်လတ်ကာ ပိတ်ပစ်ခဲ့ရပြီဖြစ်သည်ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF က ပြောကြားခဲ့သည်။

“သူပုန်တွေက ဆေးဝါးတွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ပေးပို့ဖို့ ကျွန်တော်တို့ကို ခွင့်မပြုတာကြောင့် တာအစ်ဇ်မှာ အကြီးဆုံးဖြစ်တဲ့ ယီမင်နိုင်ငံတကာဆေးရုံနဲ့ စစ်ဆေးရုံတို့ဟာ ပိတ်ပစ်လိုက်ရပါတယ်။ ဆက်ဖ်ဝါ ဆေးရုံကလည်း ဒီနေ့ (သြဂုတ် ၃၁ ရက်နေ့) မှာ ပိတ်ပစ်ရတော့မှာပါ။ ရော်ဒါ ဆေးရုံမှာ အရေးပေါ် လူနာတွေကိုသာ ကုသနိုင်တော့ပါတယ်။ တာအစ်ဇ်မြို့က ဆေးကုသမှုအခြေအနေတွေက မကောင်းတော့ပါဘူး။ တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်နေပါပြီ” ဟု MSF ၏ စီမံကိန်းညွှန်ကြားရေးမှူး ဆာလာဟ် အီဘရာဟင် ဒွန်ဂူဒူက ပြောကြားခဲ့သည်။

ထို့ပြင် တာအစ်ဇ်မြို့တွင် လူပေါင်း ၁၄၀၀ ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှု ချက်ခြင်းလိုအပ်နေသည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ပြီးခဲ့သည့်မတ်လက စတင်ခဲ့သည့် ယီမင်ပြည်တွင်းစစ်ကြောင့် ပြည်သူ ၁၅.၂ သန်းမှာ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများကို ဆုံးရှုံးနေသည်ဟု Save the Children က သတိပေးခဲ့သည်။

Ref: Aljazeera

Tags:

Leave a Reply