6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၅၊ ၂၀၁၅
M-Media

por

– ဥရောပသို့ ရွှေ့ပြောင်းအခြေချသူများအား ကူညီရေးရန်အတွက် ချန်ပီယံလိဂ် အသင်းများအနေဖြင့် ၎င်းတို့၏ ပထမဆုံးအိမ်ကွင်းပွဲတွင် ရောင်းချရသော လက်မှတ်တစ်စောင်စီမှ တစ်ယူရိုစီ လှူဒါန်းကြရန် ပေါ်တူဂီထိပ်သီး ပေါ်တိုအသင်းက တိုက်တွန်းလိုက်သည်။

ဘိုင်ယန်မြူးနစ်နှင့် ဆဲလ်တစ်အသင်းတို့ အပါအ၀င် ဥရောပထိပ်သီး ဘောလုံးကလပ်အသင်းများမှာ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့မှ ဥရောပသို့ ပြောင်းရွှေ့လာကြသော ဒုက္ခသည် ထောင်ပေါင်းများစွာတို့အား ကူညီရန် ရည်ရွယ်သည့် လုပ်ဆောင်မှုများကို ပြီးခဲ့သည့် တစ်ပတ်က ကြေညာခဲ့သည်။

ပေါ်တိုအသင်းကလည်း ထိုကိစ္စနှင့်ပတ်သက်၍ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ပလာတီနီသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး ထိုစာတွင် ပေါ်တိုဥက္ကဌ ဂျော်ဂီ နူနို ပင်တို ဒါကော်စတာကမူ ဘောလုံးမိသားစုအနေဖြင့် ညီညွတ်စွာဖြင့် ပိုမိုဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

“ဥရောပမြေပေါ်ကို ၀င်ရောက်ဖို့ ကြိုးစားလာကြတဲ့ ပြောင်းရွှေ့အခြေချသူတွေနဲ့ ဒုက္ခသည်တွေရဲ့ ဒုက္ခသုက္ခတွေကို ကျွန်တော်တို့ မသိချင်ယောင်ဆောင်နေလို့ မဖြစ်နိုင်တော့ပါဘူး။ ယူအီးအက်ဖ်အေကနေတစ်ဆင့် (ဒုက္ခသည်တွေအတွက်) အတူတကွ အားထည့်ဆောင်ရွက်ကြဖို့နဲ့ ပထမဆုံးနှစ်ပွဲမှာ ရောင်းရတဲ့ လက်မှတ်တွေထဲက တစ်စောင်ကို ၁ ဒေါ်လာထုတ်ပြီး လှူဒါန်းကြဖို့ ပေါ်တိုအသင်းဟာ လက်ရှိ ချန်ပီယံလိဂ် အုပ်စုအဆင့်က ၃၁ သင်းကို ဖိတ်မန္တက ပြုချင်ပါတယ်” ဟု အဆိုပါ အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။ ထိုစာကို ပေါ်တိုအသင်း၏ ၀ဘ်ဆိုက်တွင် လွှင့်တင်ထားသည်။

ထို့ပြင် ထိုသို့ဆောင်ရွက်ခြင်းမှာ အသင်းတိုင်း၏ ပထမဆုံး အိမ်ကွင်းပွဲစဉ်မှ အလှူငွေ ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အသင်းနေဖြင့် စက်တင်ဘာ ၂၉ ရက်နေ့တွင် ကစားမည့် ချယ်ဆီးအသင်းနှင့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်တွင် ထိုဆောင်ရွက်မှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒါကော်စတာက ထည့်သွင်းရေးသားခဲ့သည်။

“ယူအီးအက်ဖ်အေဟာ လူမှုရေးတာဝန်တွေမှာ စိတ်ပါလက်ပါဆောင်ရွက်တဲ့ ဓလေ့ရှိပါတယ်။ ရွှေ့ပြောင်းအခြေချသူတွေရဲ့ အခြေအနေဟာ လူ့အဖွဲ့အစည်းရဲ့ ခိုင်မာတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ လိုအပ်နေပါတယ်။ တစ်ကယ်ပါ။ ဘောလုံးလောကဟာ အဲဒီလှုပ်ရှားမှုနေ ဖယ်ခွာလို့မရပါဘူး”

Ref: Goal

Leave a Reply