6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၆၊ ၂၀၁၅
M-Media

plas

– ပါလက်စတိုင်းပိုင်နက်ဖြစ်သော အနောက်ဘက်ကမ်းတွင် ဓာတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံရသည့် မီးလောင်နေသော ကားမှ ဂျူးကျောင်းသား ၅ ဦးကို ပါလက်စတိုင်း အမျိုးသားတစ်ဦးက ကယ်တင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ကျောင်းသားအုပ်စုတွင် နယူးယောက်မြို့မှ အမေရိကန်နှစ်ဦး ပါဝင်ပြီး ၎င်းတို့၏ ဘာသာရေးလေ့လာမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဟီဘရွန်မြို့ရှိ မြင့်မြတ်သောနေရာသို့ သွားရောက်စဉ် ကွေ့တစ်ခု၌ မှားကွေ့မိပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

၎င်းတို့မှာ တမန်တော်အီဗရာဟင် မြှုပ်နှံရာနေရာအဖြစ် ဂျူး၊ မွတ်စလင်နှင့် ခရစ်ယာန်တို့ အထွဋ်အမြတ်ထားရာ Cave of the Patriarchs သို့ ဦးတည်သွားရောက်သည်ဟု ယုံကြည်ရသည်။ သို့သော်လည်း ၎င်းတို့မှာ ထိုမြို့၏ ပါလက်စတိုင်းများနေထိုင်သည့် အခြမ်းကို မှားဝင်သွားခဲ့ခြင်းဖြစ်သည်။

ကားကို ဒေါသထွက်နေသော လူအုပ်စုက ကျောက်ခဲများ၊ ဓာတ်ဆီဗုံးများနှင့် ပစ်ပေါက်ခဲ့သောကြောင့် မီးလောင်ခဲ့သည်။ ဖာယက်ဇ် အဘူ ဟမ်ဒီယာက ၎င်းမှာ အစ္စရေးအခြေချနေထိုင်သူများဟု ယုံကြည်ရသော လူ ၅ ဦးမှာ ထွက်ပြေးသည်ကို မြင်ခဲ့ရပြီးနောက် ၎င်းတို့ အန္တရာယ်မဖြစ်စေရန် မိမိ၏ အိမ်တွင်းသို့ ခေါ်သွင်းခဲ့သည်ဟု ပြောကြားခဲ့သည်။

“အပြင်ဘက်မှာ အော်သံတွေကို ကျွန်တော်ကြားခဲ့ပါတယ်။ အိမ်အပြင်ထွက်ကြည့်တဲ့အခါ ဂျူး ၅ ယောက်ဟာ အထိတ်တလန့်နဲ့ သူတို့ကားကိုထားပြီး ထွက်ပြေးကြပါတယ်။ ကားကတော့ ခဲနဲ့အပေါက်ခံရပါတယ်” ဟု ဟမ်ဒီယာက NRG သတင်းဝဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

“သူတို့ တော်တော်လေး စိုးရိမ်သောက ဖြစ်နေတာပါ။ တစ်ယောက်ဆို ဒဏ်ရာရပြီး မျက်နှာက သွေးတွေ ကျနေပါတယ်။ ကျွန်တော် သူတို့ကိုအားပေးခဲ့ပြီး အဆင်ပြေသွားမှာပါလို့ ဟီဘရူးဘာသာစကားနဲ့ ပြောခဲ့ပါတယ်။ ပြီးတော့ ရေတွေဘာတွေ တိုက်လိုက်ပြီး ဒဏ်ရာရနေတဲ့သူကိုလည်း ပြုစုပေးခဲ့ပါတယ်”

ထို့နောက် ဟမ်ဒီယာမှာ ရဲတပ်ဖွဲ့အား ဖုန်းဆက်ခဲ့ပြီး စစ်သားများ လာမခေါ်မီအချိန်အထိ ၎င်း၏ တိုက်ခန်းတွင် မိသားစုနှင့်အတူ အဆိုပါ ဂျူး ၅ ယောက်ကို နေရာထိုင်ခင်း ပေးခဲ့သည်။ ဟမ်ဒီယာကမူ မိမိမှာ သူရဲကောင်းတစ်ယောက် မဟုတ်ဟု ဆိုသည်။

“လုပ်ဖို့လိုအပ်တာတစ်ခုကို ကျွန်တော် ဆောင်ရွက်ခဲ့တာပါ။ လူတိုင်းက ဒီလိုပဲ ပြုမူရမှာပါ။ အစ္စရေးနိုင်ငံသားတွေနဲ့ ကျွန်တော်တို့ ဘာပြဿနာမှမရှိသလို၊ ဘယ်သူနဲ့မှလည်း ပြဿနာမရှိချင်ပါဘူး” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အစ္စရေးလုံခြုံရေးတပ်ဖွဲ့များမှာ နောက်ပိုင်းတွင် အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာခဲ့ပြီး မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများနှင့် မူးဝေစေသော လက်ပစ်ဗုံးများကိုသုံးကာ လူအုပ်ကြီးအား လူစုခွဲခဲ့သည်။

ပါလက်စတိုင်းပိုင် ဟီဘရွန်ဒေသ တစ်စိတ်တစ်ပိုင်းကို အစ္စရေးက သိမ်းပိုက်ထားပြီး ဂျူးအခြေချနေထိုင်သူ ၇၀၀ ကို နေရာပေးထားသောကြောင့် ပါလက်စတိုင်းများအကြားတွင် တင်းမာမှုများ ရှိနေခဲ့သည်။ ဟီဘရွန်မှာ အနောက်ဘက်ကမ်းတွင် သမိုင်းဝင်မြို့နှင့် အကြီးဆုံးမြို့လည်း ဖြစ်သည်။

Ref: Independent

Tags:

Leave a Reply