6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၇၊ ၂၀၁၅
M-Media

1

ရီဟမ်၏ခင်ပွန်း ဆအဒ်၏ ဈာပန

– ဇူလိုင်လ ၃၁ ရက်နေ့က ပါလက်စတိုင်းပိုက်နက်ဖြစ်သော အနောက်ဖက်ကမ်း၌ ဂျူးအခြေချနေထိုင်သူများ၏ မီးရှို့မှုအတွင်း နေအိမ်မီးလောင်ကာ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့် ပါလက်စတိုင်း အမျိုးသမီးသမီးတစ်ဦးမှာ ယမန်နေ့က သေဆုံးသွားခဲ့သည်ဟု သိရသည်။

အသက် ၂၆ နှစ်အရွယ် ရီဟမ် ဒါဝဘ်ရှာဟ် ဆိုသူဖြစ်ပြီး ယမန်နေ့ညက အစ္စရေးဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ သူမမှာ မီးလောင်မှုအတွင်း ခန္ဓာကိုယ်၏ ၈၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းခဲ့သည်။

2

၁၈ လအရွယ် သားဖြစ်သူ၏ ဈာပန

သူမ၏ ၁၈ လအတွင် သားငယ်လေးမှာ အခင်းဖြစ်ပွားသည့်နေ့တွင် မီးလောင်သေဆုံးခဲ့ပြီး၊ ခင်ပွန်းဖြစ်သူ ဆအဒ်မှာ ၈ ရက်အကြာတွင် မီးလောင်ဒဏ်ရာများဖြင့်ပင် သေဆုံးခဲ့သည်။ အသက် ၄ နှစ်အရွယ် သားငယ် အလီမှာလည်း မီးလောင်ခဲ့ပြီး ယခုအချိန်အထိ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

ထိုမီးလောင်မှုတွင် အနောက်ဘက်ကမ်းရှိ ဒူးမားရွာမှ နေအိမ်နှစ်လုံးကို ဂျူးအခြေချနေထိုင်သူများက ရေနံဆီဗုံးများသုံးကာ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် သံသယရှိသူ အများအပြားကို အစ္စရေးက ဖမ်းဆီးခဲ့သည်။

“ရီဟမ် ဒါဝဘ်ရှာဟ်ဟာ မနေ့ညမှာ သေဆုံးခဲ့ပါတယ်” ဟု တဲလ်အဗီးရှိ Tel Hashomer ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပြီး၊ သူမ၏ ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်းမှာ မီးလောင်ကျွမ်းခဲ့သည်ဟု အတည်ပြုခဲ့သည်။

သူမ၏ မိသားစုဝင်တစ်ဦးဖြစ်သူ အန်ဝါရ် ဒါဝဘ်ရှာကလည်း ရီဟမ်သေဆုံးကြောင်းကို အကြောင်းခဲ့သည်ဟု အတည်ပြုခဲ့ပြီး တနင်္လာနေ့ (ယနေ့) တွင် ဒူးမားရွာ၌ ဈာပနအခမ်းအနားကို ကျင်းပမည်ဟု ပြောကြားခဲ့သည်။

Ref: Aljazeera

Tags:

Leave a Reply