6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၀၊ ၂၀၁၅
M-Media

aa

– အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသား ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ထိပ်တန်း ကစားသမားများဖြစ်သော ဂျိုကိုဗစ်၊ ဖက်ဒါရာနှင့် ၀ါဝရင်ကာတို့ အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်မှာ နိုင်ခြေအဆင့် ၁၈ ရ စပိန်တင်းနစ်သမား ဖီလီစီယာနို လိုပက်ဇ်နှင့် တွေ့ဆုံခဲ့ပြီး လိုပက်ဇ်၏ စပေးဘောများနှင့် ဗောလီရိုက်ချက်များက ဂျိုကိုဗစ်အား အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့သည်။

ပထမပွဲငယ်တွင် ၆-၁ ဖြင့် ဂျိုကိုဗစ်က အပြတ်အသတ် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲငယ်တွင် လက်ရည်တက်လာသော လိုပက်ဇ်ကို ၆-၃ ဖြင့် ပြန်လည်ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း တတိယပွဲငယ်တွင် ၆ -၃ ဖြင့် အနိုင်ကစားခဲ့ပြီး စတုတ္ထပွဲငယ်တွင်လည်း တိုင်းဘရိတ်အထိရိုက်ကာ ၇-၆ ဖြင့် အနိုင်ရခဲ့သောကြောင့် ဂျိုကိုဗစ်မှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

သြစတေးလျအိုးပင်းနှင့် ၀င်ဘယ်လ်ဒန်တို့တွင် အနိုင်ရဗိုလ်စွဲခဲ့သည့် ဂျိုကိုဗစ်မှာ ယခုနှစ်အတွင်း တတိယမြောက် ဂရန်စလမ်ဆုဖလားအား ဆွတ်ခူနိုင်ရန် နီးစပ်လာပြီဖြစ်သည်။

အခြား ကွာတားဖိုင်နယ်ပွဲဖြစ်သည့် ဆွစ်ဇာလန်မှ ရော်ဂျာဖက်ဒါရာနှင့် ပြင်သစ်မှ ဂက်စ်ကတ်တို့၏ ပွဲတွင် ဖက်ဒါရာက ၆-၃၊ ၆-၃၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်နိုင်ခဲ့သည်။ ထိုသို့ တက်ရောက်နိုင်ခြင်းမှာ ဖက်ဒါရာ၏ ဂရန်းစလမ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ၃၈ ကြိမ်မြောက် တက်ရောက်နိုင်ခြင်းလည်း ဖြစ်သည်။

အခြား ဆွစ်ဇာလန် တင်းနစ်အကျော်အမော် စတန်ဝါ၀ရင်ကလည်း စတုတ္ထအဆင့်တွင် နာမည်ကြီး အန်ဒီမာရေးအား ဖြုတ်ချနိုင်ခဲ့သည့် စတီဗင်အန်ဒါဆန်ကို ၆-၄၊ ၆-၄၊ ၆-၀ ဖြင့် အနိုင်ရရှိခဲ့သည်။

ဂျိုကိုဗစ်မှာ လက်ရှိချန်ပီယံ စီလစ်နှင့် ဆီမီးဖိုင်နယ်တွင် တွေ့ဆုံရမည်ဖြစ်ပြီး၊ ဖက်ဒါရာက တစ်နိုင်ငံတည်းသား ၀ါဝရင်ကာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

Ref: Dialymail

Tags:

Leave a Reply