6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၁၊ ၂၀၁၅
M-Media

aa

– အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြုလုပ်လျက် ရှိနေသည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးပွဲစဉ်တွင် ရိုမေးနီးယား တင်းနစ်မယ် ဆီမိုနာ ဟဲလ်ပ်မှာ ဆီမီးဖိုင်နယ်သို့ ရောက်ရှိသွားခဲ့ပြီဟု သိရသည်။

ဗစ်တိုးရီးယား အဇာရန်ကာနှင့် ကစားခဲ့သည့် ကွာတားဖိုင်နယ် ပထမပွဲငယ်တွင် ဟဲလ်ပ်မှာ ၆-၃ ဖြင့် အနိုင်ရခဲ့ပြီး၊ ဒုတိယပွဲငယ်တွင် ၆-၄ ဖြင့် ပြန်လည်ရှုံးနိမ့်ခဲ့သည်။ တတိယပွဲငယ်၌ အဇာရန်ကာက ၂-၁ ဖြင့် ဦးဆောင်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ပွဲအား တစ်နာရီကျော်ကြာ ရပ်နားခဲ့ရသည်။

ထို့နောက် ပြန်လည်ကစားရာတွင် ကမ္ဘာ့အဆင့် ၂ ဟဲလ်ပ်မှာ ၆-၄ ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့် ယူအက်စ်အိုးပင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ဟဲလ်ပ်မှာ ယခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဒုတိယအဆင့်မှ ထွက်ခဲ့ရပြီး၊ ၀င်ဘယ်လ်ဒန်ပြိုင်ပွဲတွင်လည်း ပထမအဆင့်မှ ထွက်ခဲ့ရသည်။

“၀င်ဘယ်လ်ဒန်ပြီးတဲ့နောက် ဒီနှစ်ကတော့ ငါ့အတွက် ပြီးဆုံးသွားပြီလို့ ကျွန်မကိုယ်ကျွန်မ ပြောခဲ့ပါတယ်။ ကျွန်မ ပွဲတွေ မနိုင်တော့ဘူးပေါ့။ ကျွန်မအပေါ်ရှိနေတဲ့ ဖိအားတွေကို လျော့ချပစ်လိုက်တယ်။ အိမ်ပြန်တယ်၊ အနားယူတယ်။ လေးပတ်လောက် တင်းနစ်ရိုက်တံကို ကျွန်မ မကိုင်ခဲ့ပါဘူး။ တင်းနစ်အကြောင်း၊ ပြိုင်ပွဲတွေအကြောင်း ကျွန်မ မေ့ပစ်ချင်ခဲ့တယ်။ ကွင်းထဲကို ပျော်ရွှင်မှုနဲ့ပဲ ကျွန်မ ပြန်ဝင်ချင်ခဲ့တယ်” ဟု ၀င်ဘယ်လ်ဒန်ပွဲ ရှုံးနိမ့်မှုကြောင့် ခံစားခဲ့ရသည့် ခံစားချက်ကို ဟဲလ်ပ်က ပြောကြားခဲ့သည်။

ဟဲလ်ပ်မှာ နိုင်ခြေအဆင့် ၅ ပီထရာ ကဗီတို ကွာတားဖိုင်နယ်တွင် အံ့ဖွယ် အနိုင်ကစားခဲ့သည့် အီတလီတင်းနစ်မယ် ဖလာဗီယာ ပန်နတ္တာနှင့် ဆီးမီးဖိုင်နယ်၌ တွေ့ဆုံရမည်ဖြစ်သည်။ ပန်နတ္တာမှာ ယူအက်စ်အိုးပင်း နောက်ဆုံး ၇ ကြိမ်တွင် ၆ ကြိမ်အထိ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်ကလည်း ဆီမီးဖိုနယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ပန်နတ္တာ၏ တစ်နိုင်ငံတည်းသူ တင်းနစ်မယ် ရော်ဘတ်တာ ဗင်စီမှာလည်း ဆီမီးဖိုင်နယ်သို့ ရောက်ရှိခဲ့ပြီး အမေရိကန်တင်းနစ်အကျော်အမော် ဆရီနာဝီလီယံနှင့် တွေ့ဆုံရမည်ဖြစ်သည်။

Ref: Dailymail

Tags:

Leave a Reply