6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၂၊ ၂၀၁၅
M-Media

lyi

– လစ်ဗျားနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာကို အဆုံးသတ်ရေးအတွက် မူဘောင်သဘောတူညီချက် တစ်ခုကို ရရှိခဲ့ပြီဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဘာနာဒီနို လီယွန်က ပြောကြားလိုက်သည်။

လီယွန်မှာ မော်ရိုကိုနိုင်ငံတွင် လစ်ဗျားမှ ပြိုင်ဘက်အစိုးရနှစ်ခုနှင့် ရက်နည်းငယ်ကြာ ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး ကုလ၏ လုပ်ငန်းများမှာ ပြီးဆုံးသွားခဲ့ကာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ယမန်နေ့ညပိုင်းက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်က အာဏာရှင် ကဒါဖီကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီတွင် အထွေထွေမျိုးသားကွဂရက်အစိုးရနှင့် အရှေ့ပိုင်းတွင် နိုင်ငံတကာက အသိအမှတ်ပြု တိုဘရုခ်အစိုးရအဖြစ် စင်ပြိုင်အစိုးရနှစ်ခု ပေါ်ပေါက်လာခဲ့ကာ ပြဿနာများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် နိုင်ငံအတွင်း IS အဖွဲ့၏ သြဇာကြီးထွားလာမှုနှင့် ဒုက္ခသည်များအား ဥရောပသို့ လူကုန်ကူးခြင်း အချက်အချာနေရာ ဖြစ်လာမှုတို့က ပဋိပက္ခကို ရှည်ကြာစေခဲ့ပြီး ကုလ၏ ဆွေနွေးမှုများမှလည်း လွဲချော်စေခဲ့သည်။

လီယွန်ကမူ ကုလ၏ ထွေထွေညီလာခံ မကျင်းပမီ စက်တင်ဘာ ၂၀ ရက်နေ့၌ နောက်ဆုံး သဘောတူညီချက် ရရှိရန် ဆောင်ရွက်နေပြီး၊ ယခုမူဘောင်သဘောတူညီချက်အတွက် အချက်အလက်နည်းငယ်ကိုသာ ထုတ်ပြန်ခဲ့သည်။

အနာဂတ် တိုင်းပြည်အုပ်ချုပ်ရေးတွင် မည်သည့်အဖွဲ့က မည်သည့်နေရာတွင် တာဝန်ယူမည်ဆိုသည်နှင့် ပတ်သက်၍ နောက်ဆုံးသဘောတူညီချက်ရရန် လိုအပ်နေသေးသည်ဟု သိရသည်။

Ref: Aljazeera

Tags:

Leave a Reply