ကျနော် “အဗဒူ ဟက်”ပါ။ ကျနော် တရုတ်လူမျိုးဖြစ်ပြီး “ဘရူနိုင်း”နိုင်ငံမှာ မွေးဖွားခဲ့သူပါ။ အမည်ရင်းက “ဝေါင်”ဖြစ်ပြီး နဂိုက မိဘတွေအတိုင်း ခရစ်ယာန်ဘာသာ ကိုးကွယ်ခဲ့ပါတယ်။ အခုအသက် ၃၆-နှစ်ရှိပါပြီ။ ၁၉၇၇-ခုနှစ်မှာ “ဘရူနိုင်း”နိုင်ငံကနေ “အင်္ဂလန်”နိုင်ငံကို ပညာသင်ထွက်ခဲ့ပြီး “အင်္ဂလန်”နိုင်ငံမှာပဲ အခြေချခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ခရစ်ယာန်သာသနာပြုကျောင်းမှာ တက်ရောက်ခဲ့ပြီး “အင်္ဂလန်”နိုင်ငံရောက်တော့လည်း ကောလိပ်မတက်ခင် ခရစ်ယာန်အလွတ်တန်းကျောင်းတစ်ခု
အသက် ၂၃-နှစ်လောက်ကစပြီး ဘာသာရေးကိုစိတ်ဝင်စားစပြုလာပြီး ဘုရားသခင်ဆိုတာကို ပိုမိုသိရှိလိုစိတ်တွေ ပေါပေါက်လာပါတယ်။ အိမ်ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ပြီး ကောင်းကင်၊ သစ်ပင်၊ လူ စတာတွေကို ကြည့်ရင်း ဖန်ဆင်းခြင်းကိုစိတ်ဝင်စားလာပြီ
“ဘရူနိုင်း”နိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့မယ့် အစ္စလာမ်သာသနာအကြောင်း မလေ့လာဖြစ်၊ မသိရှိဖြစ်ခဲ့ပါဘူး။ “ဘရူနိုင်း”နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်မဟုတ်သူများအတွက် အစ္စလာမ်သာသနာ ပညာရေး သင်ခန်းစာ ကင်းလွတ်ခွင့်ရှိပါတယ်။ တစ်နေ့မှာ အစ္စလာမ်ဘာသာရေးရာ စာအုပ်ဆိုင်တစ်ဆိုင်အနား ဖြတ်လျှောက်အသွား ဘာရယ်မဟုတ် ဝင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမှာ “ကုရ်အာန်ကျမ်းမြတ်”ကို တွေ့ရှိပြီး ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ “ကုရ်အာန်ကျမ်းမြတ်”ရဲ့ ညွှန်ကြားပြသမှုတွေ၊ သင်ကြားရှင်းလင်းမှုတွေက အချိန်အတော်ကြာ ကျနော် ခံစားယုံကြည်နေတဲ့ ဖန်ဆင်းရှင်အသိ မှန်ကန်ကြောင်းအပြင် ခရစ်ယာန်ဘာသာရဲ့ယုံကြည်မှုနဲ့ သမ္မာကျမ်းစာတို့ကို ထပ်လောင်းလင်းဝင်းပြမှုတွေကို ပထမဆုံးအကြိမ် သိရှိလိုက်ရပါတော့တယ်။
ဒီလိုနဲ့ ရှာဖွေလေ့လာဖတ်ရှုရင်း တဖြည်းဖြည်း အစ္စလာမ်သာသနာဘောင်တွင်း ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အစ္စလာမ်သာသနာဟာ အလွန်ရိုးရှင်းပြီး သန့်စင်တဲ့ သာသနာပါ။ မိဘတွေကိုဖွင့်ပြောလိုက်တဲ့အခါ အမေက သူ့ရဲ့ အကိုတော်တဲ့ ခရစ်ယာန်ဘုန်းကြီးနှစ်ယောက်ကို ဆက်သွယ်ပြီး ခရစ်ယာန်ဘာသာ မှန်ကန်ကြောင်း ဟောပြောပြန်ဆွယ်ပါတယ်။ သို့သော်လည်း ကျနော့်ကို သူတို့ပြန်ဆွယ်လို့မရခဲ့ပါဘူး အစ္စလာမ်သာသနာရဲ့ အဆုံးအမတွေ ဆက်လက်လေ့လာဖတ်ရှုရင်း ကျနော့်ယုံကြည်ချက်က ပိုမိုခိုင်မာလာပါတယ်။
ဒီနေ့လို လူတွေတီထွင်တဲ့ ဥပဒေသတွေ၊ မတရားမှုတွေနဲ့ လွှမ်းမိုးနေတဲ့ ခေတ်ကြီးမှာ ဖန်ဆင်းရှင်ရဲ့ သင်ကြားမှုဆီ ပြန်လှည့်ဖို့ရာ အချိန်တန်ပါပြီ။ ကျနော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်ဆိုတာ ကျနော် အသိဆုံးပါ။
လင်းယုန်နက် (ခြင်္သေ့မြို့တော်)
ကိုးကား
http://wechooseislam.
Comments