6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၇၊ ၂၀၁၅
M-Media

france

– အစ္စရေးနှင့် အမေရိကန်တို့က ဆန့်ကျင်မှုများ ရှိနေသော်လည်း လာမည့်တစ်ပတ်တွင် ကုလသမဂ္ဂ၌ ပြုလုပ်မည့် ပါလက်စတိုင်းအလံ လွှင့်တင်ပွဲအခမ်းအနားသို့ တက်ရောက်သွားမည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက လော့ရင့် ဖာဘီယက်စ်က ကြေငြာလိုက်သည်။

ယမန်နေ့က နယူးယောက်ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် သတင်းထောက်များအား ဖာဘီယက်စ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုသို့ တက်ရောက်ခြင်းမှာ နှစ်နိုင်ငံပေါ်လစီကို မိမိတို့ပြင်သစ်နိုင်ငံက ဆက်လက်ထောက်ခံနေကြောင်း မီးမောင်းထိုးပြခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော့်တို့ရဲ့ မျက်စိရှေ့မှာ နှစ်နိုင်ငံတည်ရှိရေးအဖြေ ကျဆုံးသွားတာမျိုးကို ကျွန်တော်တို့ ခွင့်မပြုနိုင်ပါဘူး” ဟု ဆိုပြီး၊ နိုင်ငံရပ်ခြား ကျောထောက်နောက်ခံပြု IS အကြမ်းဖက်အဖွဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်း ထပ်မံပြန့်နှံ့ခြင်းကို တားဆီးရန်အတွက်လည်း ဖြစ်သည်ဟုဆိုသည်။

လာမည့် ဗုဒ္ဓဟူးနေ့တွင် ကုလသမဂ္ဂ ရုံးချုပ်၌ ကျင်းပမည့် ပါလက်စတိုင်းအလံ လွှင့်တင်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် ပါလက်စတိုင်းအစိုးရမှာ ရာနှင့်ချီသော ကမ္ဘာ့ခေါင်းဆောင်များကို ဖိတ်ကြားခဲ့သည်။

ကုလရုံးချုပ်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံ၏ အလံများနှင့်အတူ ပါလက်စတိုင်းနှင့် ဗာတီကန်တို့၏ အလံလွှင့်တင်ရန်အတွက် ကုလ၏ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သည့် ၁၁၉ နိုင်ငံတွင် ပြင်သစ်နိုင်ငံလည်း ပါဝင်ခဲ့သည်။

ပါလက်စတိုင်းနှင့် ဗာတီကန်တို့မှာ ကုလသမဂ္ဂတွင် အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံများ ဖြစ်သည်။ အစ္စရေး၊ အမေရိကန်၊ ကနေဒါနှင့် သြစတေးလျနိုင်ငံများမှာ ကုလ၏ ထိုဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့် နိုင်ငံ ၈ နိုင်ငံတွင် ပါဝင်ခဲ့ပြီး သမိုင်းဝင် ထိုအခမ်းအနားမှာ “ငြိမ်းချမ်းရေးအကြောင်းတရား” ဖြစ်လာမည်မဟုတ်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ပါလက်စတိုင်းအာာဏာပိုင်အဖွဲ့ PA မှ ကုလသမဂ္ဂ သံတမန်ဖြစ်သူ ရီယဒ် မန်ဆူးရ်က အဆိုပါ အလံလွှင့်တင်မှုမှာ “ဂုဏ်ယူစရာနေ့တစ်နေ့” ဖြစ်ပြီး ပါလက်စတိုင်း နိုင်ငံအဖြစ် ရပ်တည်ရန်အတွက် ပါလက်စတိုင်းတို့၏ မျှော်လင့်ချက်များကို ပိုမိုရှင်သန်လာစေသည်ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်လည်း ပါလက်စတိုင်း အလံလွှင့်တင်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ပြီး၊ ထိုအခမ်းအနားမတိုင်မီ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

Ref: Press TV

Tags:

Leave a Reply