လွန်ခဲ့သော နှစ်နှစ် အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုများကြောင့် ကင်ညာနှိင်ငံမှ ကျောင်းဆရာ ၁၀၀၀ ကျော်ကို အလုပ်မှထုတ်ပယ်ခဲ့ရကြောင်း ကျူးလွန်ခံရသူများမှာ အသက် ၁၂နှစ်မှ ၁၅နှစ်အကြား ရှိကျောင်းသူများဖြစ်ကြောင်း ကင်ညာ လူအခွင့်အေ၇းအဖွဲ့စည်းများက ပြောကြားသည်။ အဆိုပါ ဖြစ်ရပ်များကို ကျေးလတ် အခြေခံပညာကျောင်းများတွင် ဖြစ်ပွားလေ့ရှိပြီး ဆက်သွယ်ရေးအခြေနေကြောင့် တိတိကျကျ စုံစမ်းနိုင်ခဲ့ခြင်းမရှိသော်လည်း လက်ရှိချိန်တွင်မိုဘိုင်းဆက်သွယ်ရေးစနစ်ဖြင့် ၄င်းဖြစ်ရပ်များကိုသိရှိ လာခဲ့ရကြောင်း ကင်ညာ လိင်ခွဲခြားမှု၊ကလေးသူငယ်ရေးနှင့် ဖွံဖြိုးရေးဝန်ကြီး ဌနကပြောဆိုသည်။ ပထမနှစ်တွင် စာသင်ကျောင်းသူများအား လိင်မှုစော်ကာသူ ကျောင်းဆရာ ၅၅၀ ကို လည်းကောင်း ၊ ဒုတိယနှစ်တွင် ၆၀၀ကျော်ကို လည်းကောင်း အလုပ်မှထုတ်ပစ်ခဲ့ ကာတရားရုံးမှ စိရင်ချက်ချမှတ်ခဲ့ သည်ဟု သိ၇သည်။ ကင်ညာတွင်ကလေးသူငယ်အရေးလှုပ်ရှားဆောင်ရွက်နေသော Cradeအဖွဲ့ဒါရိုက်တာ Brainwekeက …ကင်ညာက အခြေခံကျောင်တစ်ကျောင်းမှာ စာသင်နေတဲ့ကျောင်းသူ ၂၀လောက်မှာ ကိုယ်ဝန်တွေရှိနေတာကို တွေ့ဖူးပါတယ် ၊ သူတို့ထဲက ထက်ဝက်ကျော်လောက်က ကျောင်းဆရာတွေရဲ့ စော်ကားခံရလို့ဖြစ်တာပါ..ဟု သူ အတွေအကြုံကိုပြောပြခဲ့သည်။ ကို ပညာရေး ၀န်ထမ်းများက ယင်းဖြစ်စဉ်များကို ဒေသဆိုင်ရာရဲတပ်ဖွဲ့သို့ တိုင်ကြားခြင်းမရှိချေ။ ကင်ညာအမျိုးသမီး မီဒီယာအဖွဲ့ကလည်း ဆရာမများကိုလည်း လူငယ်များက စော်ကားသည့်ဖြစ်ရပ်များလည်း ဖြစ်ပွားနေကြောင်း ပြောဆိုခဲ့သည်။ bbc
Comments