စက်တင်ဘာ ၃၀ ၊ ၂၀၁၅
M-Media
အဘာဘီးလ် ပေးပို့သည်။
မြန်မာနိုင်ငံ မဲခွဲတမ်း ဟာဂျီများ မက္ကာမြို့နှင့် မြို့ဝန်းကျင်ရှိ အစ္စလာ့မ် သမိုင်းဝင်နေရာများသို့ လှည့်လည် လေ့လာခဲ့ကြပါတယ်။
လေ့လာရေးခရီး ပထမခရီးစဉ်အဖြစ် စောင်ရ် လှိုဏ်ဂူရှိရာ စူးရ်တောင်သို့ သွားရောက်ခဲ့ကြပါတယ်။
ထိုလှိုဏ်ဂူသည် တမန်တော်မြတ်မုဟမ္မဒ်သခင်နှင့် သာဝကကြီး အဘူဘကရ်တို့ ဟိဂျရသ်ရွှေ့ပြောင်းစဉ် လိုက်လံ လုပ်ကြံသူတို့ ရန်မှ ကင်းဝေးစေရန် ခေတ္တခဏ ခိုလှုံခဲ့သော နေရာဖြစ်ကြောင်းသိရပါတယ်။
ကုရ်အာန်အာယတ်တော် ကျရောက်ခဲ့ရာ နေရာလည်း ဖြစ်ပါတယ်။
ဒုတိယခရီးစဉ်အဖြစ် အာရဖသ်ကွင်းပြင်ရှိ ရဟ်မသ်တောင်သို့ သွားခဲ့ကြပါတယ်
တမန်တော်မြတ်သည် Haj ကျင့်စဉ် ဒုတိယမြောက်နေ့ အာရဖသ်ကွင်းပြင်သို့ လာရောက်စဉ် ထိုနေရာသို့ လာရောက်ပြီး ကိုးကွယ်ရာ အရှင်မြတ်ထံ ဆုမွန်တောင်းခဲ့ပါတယ်။
အစိုးရမဲခွဲတမ်း ဟာဂျီများသာမက အခြားမြန်မာ ဟာဂျီအုပ်စုများလည်း သမိုင်းဝင်နေရာများသို့ လာရောက် လည်ပတ်ကြပါတယ်။
တတိယနေရာအဖြစ် နူးရ်တောင်သို့ သွားခဲ့ကြပါတယ်။
ထိုတောင်ရှိ ဟိရာလှိုဏ်ဂူတွင် မုဟမ္မဒ်သခင် တရားကျင့်ကြံအားထုတ်ခဲ့ပြီး ကိုးကွယ်ရာအရှင်ထံမှာ နဗူဝသ် တမန်တော်အဖြစ်ရရှိခဲ့ရာ နေရာဖြစ်ပါတယ်။
ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ ဦးဆုံးအာယတ်ပါဒတော်များ ကျရောက်ခဲ့ရာနေရာ ဖြစ်ပါတယ်။
စတုတ္ထခရီးစဉ်အဖြစ် ဗလီဝတ်ကျောင်းမြတ်နှစ်ကျောင်းရဲ့ ပြတိုက်သို့ သွားရောက်ခဲ့ကြပါတယ်။
ကအ်ဘာကျောင်းတော်နဲ့ တမန်တော်မြတ်ဝတ်ကျောင်းတော်တို့ရဲ့ သမိုင်းဝင်ပစ္စည်းများ သမိုင်းကြောင်းများကို ပြသထားပါတယ်။
အပိုင်း
၁။ http://www.m-mediagroup.com/news/45863
၂။ http://www.m-mediagroup.com/news/45929
၃။http://www.m-mediagroup.com/news/45953
၎။ http://www.m-mediagroup.com/news/45963
၅။http://www.m-mediagroup.com/news/46062

နူးရ်တောင် ထိုတောင်ရှိ ဟိရာလှိုဏ်ဂူတွင် မုဟမ္မဒ်သခင် တရားကျင့်ကြံ အားထုတ်ခဲ့ပြီး ကိုးကွယ်ရာအရှင်ထံမှာ နဗူဝသ် တမန်တော်အဖြစ်ရရှိခဲ့ရာ နေရာဖြစ်ပါတယ်။

နူးရ်တောင် ထိုတောင်ရှိ ဟိရာလှိုဏ်ဂူတွင် မုဟမ္မဒ်သခင် တရားကျင့်ကြံ အားထုတ်ခဲ့ပြီး ကိုးကွယ်ရာအရှင်ထံမှာ နဗူဝသ် တမန်တော်အဖြစ်ရရှိခဲ့ရာ နေရာဖြစ်ပါတယ်။

ကအ်ဘာကျောင်းတော်နဲ့ တမန်တော်မြတ် ဝတ်ကျောင်းတော်သမိုင်းဝင်ပစ္စည်းများ သမိုင်းကြောင်းများ ပြသထားရာ ပြတိုက်

ဟစ်ဂျရီ ခုနှစ် ၁၂၉၉ တွင် အလ္လာဟ်ရှင်မြတ်နှင့် တမန်တော် မုဟမ္မဒ်သခင်တို့ နာမတော်များ ထိုးထွင်းထားသော ကျောက်ပြား
Comments