6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၃၀၊ ၂၀၁၅
M-Media

meccan

– ပြီးခဲ့သည့်တစ်ပတ် ကြာသာပတေးနေ့ မက္ကာမြို့က မီနာဒေသမှာ ဟဂ်ျကျင့်စဉ်တွေထဲက တစ်ခုဖြစ်တဲ့ ရွိုင်သွာန်မာရ်နတ်ကို ခဲနဲ့ပေါက်တဲ့ ကျင့်စဉ်အတွင်း လူအုပ်တိုးဝှေ့မှုကြောင့် လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ပြီး တစ်ထောင်နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

မျက်မြင်သက်သေတွေက ဆော်ဒီအစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့တာကြောင့်ဖြစ်ပြီး၊ ဆော်ဒီအာဏာပိုင်တွေကတော့ ဟဂ်ျပြုတဲ့ လူအုပ်ကြီးဟာ တာဝန်ရှိသူတွေရဲ့ စကားကို နားမထောင်လို့ ဆိုပြီး အပြန်အလှန် ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ဆိုးကြီးထဲက ကံကောင်းထောက်မစွာ လွတ်မြောက်လာသူတွေလည်းရှိပြီး၊ လူအုပ်ထဲမှာ ပိတ်မိနေတဲ့ အီဂျစ်မိခင်တစ်ဦးက သားငယ်လေးကို အနားမှာရှိနေတဲ့ လူတွေဆီ ပစ်ပေး မိခင်မေတ္တာကို ဖော်ပြနေတဲ့ အဖြစ်အပျက်တစ်ခုလည်း ရှိခဲ့ပါတယ်။

“သူက တော်တော်ဝေးဝေးမှာ ရှိခဲ့တာပါ။ သူ့သားလေးကို ကျွန်တော်တို့ဆီ ပစ်ပေးခဲ့တယ်။ ဒီကလေးအမည်က အီဘရာဟင်ပါ။ သူ အသက်ရှင်ခဲ့ပါတယ်” လို့ အခင်းဖြစ်ပွားတဲ့အချိန် အနားက တဲမှာရှိနေပြီး ကလေးငယ်လေးကို ကင်တင်နိုင်ခဲ့တဲ့ အီဂျစ်ဘုရားဖူးတွေက ပြောပါတယ်။

“သူ့ကလေးရဲ့အသက်ကို ကယ်တင်ဖို့ သူမက ကြိုးစားနေတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ သူမဟာ အသက်တောင် မရှူနိုင်တော့ပါဘူး။ ကလေးကို တနည်းနည်းနဲ့ ကျွန်တော်တို့ဆီ ပစ်ပေးခဲ့ပြီး စောင့်ရှောက်ဖို့လည်း မှာသွားပါတယ်”

အဲဒီ အီဂျစ်ဘုရားဖူးတွေဟာ ကလေးငယ်လေးကို ပြုစုစောင့်ရှောက်ထားခဲ့ပြီး အခြေအနေတွေအားလုံး တည်တည်ငြိမ်ငြိမ် ဖြစ်သွားခဲ့ပြီးတဲ့နောက်မှာ အီဘရာဟင်လေးရဲ့ မိခင်၊ ဒါမှမဟုတ် ဆွေမျိုးတွေကို လိုက်ရှာပေမယ့် မတွေ့တော့ဘူးလို့ ဆိုပါတယ်။

“နောက်ပိုင်းမှာ ကျွန်တော်တို့ သူ့အမေ၊ ဒါမှမဟုတ် ဆွေမျိုးတစ်ယောက်ယောက်ကို လိုက်ရှာခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး”

အံ့သြစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုက မထင်မှတ်ပဲ ဖြစ်လာခဲ့ပါတယ်။ ဒါကတော့ ဦးလေးဖြစ်သူက အီဘရာဟင်လေးကို လာရှာတာပါပဲ။

“ကလေးက သူ့ဦးလေးကိုမြင်တဲ့အခါ ပြေးသွားပြီး ဖက်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့လည်း ကလေးကို သူ့လက်ထဲ အပ်ခဲ့ပါတယ်”

ဦးလေးဖြစ်သူက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး လူအုပ်ထဲမှာ ပိတ်မိသွားတဲ့ အီဘရာဟင်လေးရဲ့ မိခင်ဖြစ်သူဟာ အသက်ရှင်ခဲ့ကာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ အသိပေးခဲ့ပါတယ်။

“အီဘရာဟင်ရဲ့ အမေဟာ ဆေးရုံမှာ နာလန်ပြန်ထူနိုင်ပါပြီ”

လက်တွန်းလှည်းနှင့် အသက်ရှင်သူ

ပါကစ္စတန်က ကျောင်းဆရာတစ်ဦးကလည်း လက်တွန်းလှည်းနဲ့ သွားရတဲ့ သူ့ရဲ့ ဇနီးကြင်ယာရဲ့ အသက်ကို ကယ်တင်ခဲ့ရပုံကို ပြန်ပြောင်း ပြောခဲ့ပါတယ်။

“အဲဒီနေ့က တရားစီရင်မယ့်နေ့လိုပါပဲ။ တစ်ချို့လူတွေက ကိုယ်အသက်ရှင်ဖို့ အခြားသူတွေကို နင်းပြီး သွားကြပါတယ်” လို့ အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလမ်ဇက်ဘ် ခန်းက သူ့ရဲ့အတွေ့အကြုံကို ရင်ဖွင့်ခဲ့ပါတယ်။

သူ့ရဲ့ ဇနီးဟာ အဖျားကြီးနေတာကြောင့် ဟဂ်ျကျင့်စဉ်ကို ဆောက်တည်တဲ့အခါမှာ လက်တွန်းလှည်းနဲ့ သွားခဲ့ရပြီး လူအုပ်ကြီး တိုးဝှေ့ရာမှာတော့ သေလုမျောပါး ဖြစ်ခဲ့ရပါတယ်။

“အသက်အရွယ်ကြီးသူတွေ၊ အမျိုးသမီးတွေနဲ့ နေထိုင်မကောင်းဖြစ်နေသူ ဘရားဖူးတွေက ပထမဆုံး လဲကျခဲ့ကြတာပါ။ သူတို့လဲကျပြီး တစ်ခြားလူတွေက သူတို့ကို တက်နင်းသွားခဲ့ကြပါတယ်” လို့ ခန်းက ဆိုပါတယ်။

ခန်းကိုယ်တိုင်လည်း လဲကျသွားခဲ့ပြီး လက်မှာ ဒဏ်ရာရခဲ့ပေမယ့် အားတင်းကာ ဇနီးဖြစ်သူရဲ့လက်ကို ကိုင်ဆွဲပြီး ကယ်တင်နိုင်အောင် ကြိုးစားခဲ့ပါတယ်။

“လူအုပ်ကြားမှာ ညပ်သွားမလားဆိုတာ ကျွန်တော် စိုးရိမ်ခဲ့တာပါ။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ သူမက အသက်ရှင်ပါတယ်။ ကျွန်တော် ချက်ခြင်းပဲ သူ့ကို လက်တွန်းလှည်းကနေ ဆွဲထုတ်ပြီး ပုခုံးပေါ်မှာပိုးကာ အနားမှာရှိတဲ့ စတီးခြံစည်းရိုးပေါ်တက် အသက်ရှင်အောင် ကြိုးစားခဲ့ရပါတယ်”

“ဘယ်သူ့ဘယ်သူမှ မကယ်နိုင်ပါဘူး။ လူတိုင်းက သူတို့အသက်မသေဖို့ လုပ်ခဲ့ကြတာပါ။ ခဏလေးအတွင်းမှာပဲ လူအလောင်းတွေက တောင်လိုပုံသွားတာပါပဲ။ အောက်မှာရှိနေတဲ့သူတွေက နာကျင်လို့ အော်နေကြပြီး၊ အကူအညီတွေတောင်းကြပေမယ့် ကူညီမယ့်လူ တစ်ယောက်မှ မရှိပါဘူး” လို့ ခန်းက သူ့ရဲ့ ကြုံတွေ့ရမှုကို ဖွင့်ဟခဲ့ပါတယ်။

ခန်းတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး စနေနေ့မှာတော့ ပါကစ္စတန်ကို ပြန်လာခဲ့တဲ့အခါ ဆွေမျိုးတွေက မျက်ရည်လည်ရွဲနဲ့ ပက်ရှ်ဝါရ်လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။

“နှစ်ရက်လောက် သူတို့နဲ့ လုံးဝ အဆက်အသွယ် မရခဲ့ပါဘူး။ သူတို့သေပြီ၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီလို့ ကျွန်တော်တို့ ထင်ထားတာပါ” လို့ ဆွေမျိုးတစ်ဦးက ပြောကြားခဲ့ပါတယ်။

Ref: Onislam

Leave a Reply