အောက်တိုဘာ ၃၊ ၂၀၁၅
M-Media
– ရာသီအစ မတည်ငြိမ်မှုများနှင့် ကြုံတွေ့ရသော်လည်း အာဆင်နယ်အသင်းမှာ ယခုနှစ် ပရီးမီးယားလိဂ်ကို ကိုင်မြှောက်နိုင်လိမ့်မည်ဟု နည်းပြအာဆင်ဝင်းဂါးက ယုံကြည်နေသည်။
အာဆင်နယ်မှာ မနက်ဖြန်တွင် ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် မန်ယူနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ၀င်းဂါးကမူ မိမိတို့ နှစ်သင်းကြားရှိ အမှတ်ကွာဟမှုက ယခုကဲ့သို့ ရာသီအစပိုင်း တွေ့ဆုံမှုတွင် အကျိုးသက်ရောက်မှု မရှိနိုင်ဟု ဆိုသည်။
“ကျွန်တော်တို့ဟာ မန်ယူနဲ့ ၃ မှတ်ကွာနေတယ်။ သူတို့ကို အိမ်ကွင်းမှာကစားရမယ်။ ပရီးမီးယားလိဂ်ကို မရနိုင်ပါဘူးလို့ ကျွန်တော်ပြောရင် ခင်ဗျားဘာပြောမလဲ။ ခင်ဗျား ကျွန်တော့်ကို ဗျင်းမှာပေါ့။ ကျွန်တော်တို့ တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲ ကစားမယ်။ ပြီးခဲ့တဲ့ပွဲမှာ လက်စတာကို ၅ ဂိုး ၂ ဂိုးနဲ့ ကျွန်တော်တို့နိုင်တယ်။ လုံးဝ ကျသွားမယ်လို့ ကျွန်တော် မထင်ပါဘူး။ လိဂ်မှာ ၃၊ ၄ ပွဲလောက် ကျွန်တော်တို့ ကောင်းခဲ့ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
Ref: Goal
Comments