6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၄၊ ၂၀၁၅
M-Media

tenn

– တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် Wuhan Open တင်းနင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ၌ အမေရိကန် တင်းနစ်မယ် ဗီးနပ်စ်ဝီလီယံက ၀င်ဘယ်လ်ဒန်ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည့် စပိန်မှ ဂါဘိုင်း မူဂူရုဇ်နာကို အနိုင်ရရှိကာ ဗိုလ်စွဲနိုင်ခဲ့သည်။

၆-၃၊ ၆-၀ ဖြင့် ဦးဆောင်နေစဉ် မူဂူရုဇ်နာက ဒဏ်ရာရ၍ အနားယူသွားခဲ့သောကြောင့် ဗီးနပ်စ်က ဖလားရခဲ့ခြင်းဖြစ်သည်။ ထိုဖလားမှာ ၎င်း၏ တင်းနစ်သက်တမ်းတစ်လျှောက် ၄၇ ကြိမ်မြောက် WTA ဆုဖလားဖြစ်ပြီး Tour ပြိုင်ပွဲများတွင် ၅ နှစ်အတွင်း ၎င်း၏ အမြင့်ဆုံးအောင်မြင်မှုလည်း ဖြစ်သည်။ ထို့ပြင် ယခုအောင်မြင်မှုကြောင့် ကမ္ဘာ့အဆင့် ၁၄ သို့ ရောက်ရှိလာပြီဖြစ်သည်။

“ဖိုင်နယ်ရောက်အောင် ကစားနိုင်တဲ့အတွက် ဂါဘိုင်းကို ချီးကျူးပါတယ်။ သူမနေ့က ခက်ခက်ခဲခဲ ကစားခဲ့ရတယ်ဆိုတာ ကျွန်မသိပါတယ်။ အကောင်းဆုံးမကစားနိုင်တဲ့အချိန်မျိုးမှာ သိပ်မလွယ်ပါဘူး။ ရှင်သာ နေကောင်းနေမယ်ဆိုရင် ကျွန်မ ဒီလိုအခွင့်အရေးမျိုး ရမှာမဟုတ်ပါဘူး” ဟု ဗီးနပ်စ်က ထည့်သွင်းပြောကြားခဲ့သည်။

Ref: Dailymail

Tags:

Leave a Reply