6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၈၊ ၂၀၁၅
M-Media

sing

– စင်ကာပူစာပို့လုပ်ငန်း Singapore Post မှာ ကျွန်းမကြီးမှ ကျွန်းငယ်လေးတစ်ခုဖြစ်သော ပူလောင်အူဘင်သို့ ဒရုန်းလေယာဉ်ဖြင့် စမ်းသပ်စာပို့မှုကို ပြုလုပ်ခဲ့ပြီး စာပို့လုပ်ငန်းတွင် လူမဲ့လေယာဉ်ကို ပထမဆုံး အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

လိုရောင်း ဟာလုစ်မှ ပူလောင်အူဘင်သို့ စာများနှင့် တီရှပ်များကို ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းကို SingPost နှင့် ဒရုန်းလေယာဉ်ကို တီထွင်ပေးခဲ့သည့် Infocomm Development Authority of Singapore (IDA ) တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟု SingPost က ယနေ့တွင် ပြောကြားခဲ့သည်။ ဒရုန်းဖြင့် ပို့ဆောင်ခဲ့သည့် အကွာအဝေးမှာ ၂ ကီလိုမီတာရှိပြီး ၅ မိနစ် ကြာမြင့်ခဲ့သည်။

စင်ကာပူစာပို့လုပ်ငန်းမှ ထုတ်ပြန်သော ကြေငြာချက်တွင် သဘာပတ်ဝန်းကျင် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသော စင်ကာပူကဲ့သို့ နိုင်ငံမျိုးတွင် ထိုစနစ်မှာ အံဝင်ခွင်ကျ ဖြစ်စေသည်ဟု ဖော်ပြထားသည်။

အဆိုပါ ဒရုန်းလေယာဉ်မှာ ၅၀၀ ဂရမ် အလေးချိန်အထိ တင်ဆောင်နိုင်ပြီး အမြင့်ပေ ၄၅ မီတာမှ ၂.၃ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းနိုင်သည်။ ထို့ပြင် အဆင့်မြင့် ဘေးအန္တရာယ်ကင်းရှင်းရေး စနစ်များ ထည့်သွင်းထားပြီး၊ စာများကို ရည်ရွယ်ထားသော လက်ခံသူထံသို့ အသေအချာရောက်ရှိရေးအတွက် လုံခြုံရေးနှင့် ဖော်ထုတ်ရေးစနစ်များကို ထည့်သွင်းထားသည်။

“ဒီစမ်းသပ်မှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခြင်းက SingPost ဟာ သမရိုးကျနည်းလမ်းတွေထဲကထွက်ပြီး ဘယ်လို စဉ်းစားတွေးခေါ်ခဲ့တယ်ဆိုတာနဲ့၊ ရိုးရိုးစာပို့စနစ်ကို တီထွင်ဆန်းသစ်မှုနည်းလမ်းတွေနဲ့ ချဲ့ထွင်လိုတဲ့ ဆန္ဒရှိတယ်ဆိုတာ ပြသနေပါတယ်” ဟု IDA မှ မန်းနေးဂျင်းဒါရိုက်တာ ဂျက်ကွီလင်း ပိုးက ပြောကြားခဲ့သည်။

Ref: Channelnewsasia

Leave a Reply