6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၈၊ ၂၀၁၅
M-Media

pla

– အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင်နက်များတွင် ယန်နေ့က ပါလက်စတိုင်း ၄ ဦး သေဆုံးခဲ့ပြီး ၃ ဦးကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့ကာ တစ်ဦးကို အစ္စရေး၏ တရားမ၀င် အခြေချအိမ်ရာတွင် နေထိုင်သည့် ဂျူးတစ်ယောက်က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုလ အစပိုင်းမှစ၍ သတ်ဖြတ်ခံရသူ ပါလက်စတိုင်းအရေအတွက်မှာ ၄၂ ဦး ရှိလာပြီဖြစ်သည်။

ယမန်နေ့ညနေပိုင်းက ဂျေရုစလင်နှင့် အနောက်ဖက်ကမ်းအကြားရှိ ကွာလန်ဒီယာ စစ်ဆေးရေးဂိတ်တွင် ပါလက်စတိုင်းတစ်ဦးကို အစ္စရေး နယ်ခြားစောင့်တပ်ဖွဲ့များက ပစ်သတ်ခဲ့ပြီး စစ်သားများအား ဓားဖြင့်တိုက်ခိုက်ရန် ကြိုးစားသောကြောင့်ဟု ဆိုသည်။

မတည်ငြိမ်မှုများ ဖြစ်ပွားနေသည့် အရှေ့ဂျေရုစလင်တွင်မူ အစ္စရေးတပ်ဖွဲ့မှာ အသက် ၁၆ နှစ်အရွယ် ပါလက်စတိုင်းလူငယ်တစ်ဦး အထက်ပါစွပ်စွဲချက်ဖြင့်ပင် ပစ်သတ်ခဲ့သည်။ အနောက်ဖက်ကမ်းရှိ ဟီဘရွန်မြို့တွင် ယမန်နေ့က ပါလက်စတိုင်းများကို အစ္စရေးက ပစ်ခတ်မှု ၃ ခု ဖြစ်ပွားခဲ့သည်။

အဖြစ်အပျက်တစ်ခုတွင် ပါလက်စတိုင်းတစ်ဦးမှာ ဂျူးအခြေချနေထိုင်သူတစ်ဦးအား ဓားဖြင့်ထိုးရန်ကြိုးစားစဉ် မိမိတို့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

သို့သော်လည်း အင်တာနက်စာမျက်နှာတွင် ပြန့်နှံ့ခဲ့သည့် ထိုအဖြစ်အပျက်ဗီဒီယိုတွင် ဂျူးများဝတ်ဆင်သည့် kippa ဦးထုပ်ဆောင်းထားသော လူငယ်တစ်ဦးမှာ ပစ္စတိုဖြင့် ပါလက်စတိုင်းတစ်ဦးအား ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းကို အစ္စရေးစစ်သားများက လာရောက်ခေါ်ဆောင်သွားခဲ့သည်။

ဒေသခံများကမူ စစ်သားများမှာ ပစ်ခတ်မှုဖြစ်ပွားပြီးမှ အလောင်းအနားတွင် ဓားတစ်ချောင်းကို လာရောက်ချထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လူ့အခွင့်အရေးအဖွဲ့များက အစ္စရေးမှာ ပါလက်စတိုင်းများအပေါ် အင်အား အလွန်အကျွံသုံးနေပြီး အချို့သော အဖြစ်အပျက်များမှာ တရားလက်လွတ် သတ်ဖြတ်ခြင်းများဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

ပြီးခဲ့သည့်လက ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ဂျေရုစလင်မှ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ အစ္စရေးစစ်သားများနှင့် ဂျူးအစွန်းရောက်များ ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းဝတ်ပြုသူများအား တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြာ တင်းမာမှုများ မြင့်တက်လာခဲ့သည်။

Ref: Aljazeera

Tags:

Leave a Reply