News @ M-Media

၃၀ ပြည့်သော်လည်း နောက်ထပ်နှစ်များစွာ ကစားနိုင်မည်ဟု ရူနီယုံကြည်နေ

အောက်တိုဘာ ၂၁၊ ၂၀၁၅
M-Media

ronney

– လာမည့် စနေနေ့တွင် အသက် ၃၀ ပြည့်မည်ဖြစ်သော်လည်း မိမိအနေဖြင့် လာမည့်နှစ်အတော်ကြာ ထိပ်တန်းအဆင့်တွင် ဆက်လက်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

အသက် ၁၆ နှစ်အရွယ် ၂၀၀၂ ခုနှစ်က အဲဗာတန်အသင်းနှင့် ပွဲထွက်ခွင့်ရရှိခဲ့သော ရူနီမှာ အနိမ့်အမြင့် အတက်အကျများဖြင့် ပရီးမီးယားလိဂ်တွင် ကျင်လည်ခဲ့ရသည်မှာ ၁၄ နှစ် ရှိလာခဲ့ပြီဖြစ်သည်။

“ရုပ်ပိုင်းဆိုင်ရာအရ ကျွန်တော်ဟာ အဆင်ပြေပြီး၊ အသက် ၃၀ ပြည့်မွေးနေ့ဆိုတာ လူတစ်ယောက်ရဲ့ဘ၀မှာ ကြီးကျယ်တဲ့ မွေးနေ့တစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော့် ဘောလုံးသမားဘ၀အတွက်ဆိုရင်တော့ ကျွန်တော်ဟာ တော်တော်ငယ်သေးပြီး နောက်ထပ် နှစ်အတော်များများ ကစားလို့ရပါသေးတယ်” ဟု ရူနီက ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply