6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၄၊ ၂၀၁၅
M-Media

s1

တပည့်များအတွက် အသက်စွန့်သွားသူ လာဗင် အစ္စကန်ဒါ

– ပြီးခဲ့တဲ့ ကြာသာပတေးနေ့မနက်ပိုင်းက ဆွီဒင်နိုင်ငံမြောက်ပိုင်း ထရိုလ်ဟတ္တန်ဆိုတဲ့ မြို့လေးမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်ယောက် ဓားရှည်ကိုင်ပြီး Kronan စာသင်ကျောင်းထဲကို ၀င်ရောက် ဓားနဲ့ခုတ်ခဲ့လို့ ဆရာတစ်ဦးနဲ့ ကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီး အခြားကျောင်းသား တစ်ချို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ရာဇ၀တ်မှုတွေ ဖြစ်တောင့်ဖြစ်ခဲလှတဲ့ ဆွီဒင်နိုင်ငံမှာ ဒီလိုဖြစ်ရပ်က တစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ တိုက်ခိုက်သူဟာ အသက် ၂၁ နှစ်အရွယ် အန်တန် လန်ဒင် ပတ်တာဆန်ဆိုသူဖြစ်ပြီး အဲဒီကျောင်းမှာ တက်ဖူးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ထိုအဖြစ်အပျက်အတွင်း ပထမဆုံး အသက်ပေးခဲ့ရသူကတော့ အသက် ၂၀ အရွယ် လာဗင် အစ္စကန်ဒါဖြစ်ပြီး
အကူဆရာတစ်ဦးဖြစ်ပါတယ်။

ပတ်တာဆန်ဟာ မြေညီထပ်က ကော်ဖီဆိုင်ထဲကို ၀င်လာပြီး ကျောင်းသားတွေကို ဓားရှည်နဲ့ခုတ်ဖို့ အလုပ်မှာတော့ အစ္စကန်ဒါတစ်ယောက် လူသတ်သမားရဲ့ရှေ့ကို ခုန်ဝင်ခဲ့ပြီး တပည့်တွေပေါ် ကျရောက်တော့မယ့် ဓားချက်ကို ကာကွယ်ပေးခဲ့ပါတယ်။ နောက်ဆုံး ပတ်တာဆန်ရဲ့ ဓားချက်တွေနဲ့ပဲ အစ္စကန်ဒါဟာ နေရာမှာတင် အသက်ဆုံးရှုံးခဲ့ပါတယ်။

အစ္စကန်ဒါဟာ ဇွန်လကမှ အထက်တန်းကျောင်း ပြီးဆုံးထားသူဖြစ်ပြီး မီဒီယာနဲ့ပတ်သက်တဲ့ ဒီပလိုမှာသင်တန်းတစ်ခုကို ဒီနွေရာသီမှာ တက်ခွင့်ရထားသူတစ်ဦးပါ။ သူရဲ့ရည်မှန်းချက်ကတော့ ဒါရိုက်တာနဲ့ ဓာတ်ပုံသမားတစ်ယောက် ဖြစ်ဖို့ပါပဲ။

မျက်မြင်သက်သေတွေကတော့ အစ္စကန်ဒါဟာ ပတ်တာဆန် ဓားနဲ့ဝင်လာနေတဲ့အချိန်မှာ ကလေးတွေကို ထွက်ပြေးဖို့ အော်ပြောခဲ့ပြီး နောက်ဆုံးမှာ ၀င်ရောက်စတေးခံခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ကျောင်းသားတွေကတော့ သူတို့ရဲ့ဆရာ အစ္စကန်ဒါဟာ သူ့တို့အတွက် အသက်ပေးသွားတဲ့ သူရဲကောင်းတစ်ဦးလို့ သတ်မှတ်ခဲ့ကြပါတယ်။

သူ့ရဲ့အကိုဖြစ်သူ လီသ် အစ္စကန်ဒါက “ညီလေးဟာ တော်တော်လေး သဘောထားပြည့်သူပါ။ သူ့အတွက်ထက် သူများအတွက် အမြဲတမ်းစဉ်းစားတယ်ဆိုတာ လူတိုင်းသိပါတယ်။ သူဟာ ကလေးတွေကို ကာကွယ်ရင်း အသေးပေးခဲ့ရတာပါ။ ဒီမြို့ရဲ့ သူရဲကောင်းတစ်ဦးပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

အစ္စကန်ဒါရဲ့ သူငယ်ချင်းတွေကလည်း သူဟာ ဂီတတွေကို ချစ်မြတ်နိုးပြီး တန်ဖိုးရှိတဲ့ ကြင်နာတတ်သူတစ်ဦး ဖြစ်တယ်လို့ ဖွင့်ဟခဲ့ကြပါတယ်။ ဆွီဒင်အနုပညာရှင်တွေအတွက် စီးပွားရေးနဲ့ ဂီတဆိုင်ရာ ဗီဒီယိုတွေကို အစ္စကန်ဒါက ရိုက်ကူး ထုတ်လုပ်ပေးလေ့ရှိပါတယ်။

သူရိုက်ခဲ့တဲ့ ဗီဒီယိုတွေကို YouTube မှာ လွှင့်တင်တတ်ပြီး ကြည့်ရှုသူသန်းပေါင်းများစွာ ရှိခဲ့ပါတယ်။

ဒီအဖြစ်အပျက်အတွင်း သေဆုံးသွားသူ အခြားတစ်ဦးကတော့ အသက် ၁၅ နှစ်အရွယ် ကျောင်းသားလေး အဟ်မဒ် ဟာဆန် ဖြစ်ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်က ဆိုမာလီယာကနေ ဆွီဒင်ကို မိသားစုနဲ့အတူ ရောက်လာခဲ့သူပါ။

မိခင်ဖြစ်သူ ကီအင် မိုဟာမက်အလီကတော့ “သူ့ကိုရှာဖို့ ကျွန်မ ကျောင်းကို ပြေးသွားတယ်။ ကျွန်မ သိပ်ကြောက်နေခဲ့ပါတယ်။ သားလေးကို လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ရဲတွေရောက်လာခဲ့ပြီး အဟ်မဒ်ကို ဆေးရုံတင်ထားတယ်လို့ ပြောခဲ့ပါတယ်” လို့ သူမ ကြုံတွေ့ခဲ့ရမှုကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

“သားလေးကို ကျွန်မ သိပ်ချစ်ပါတယ်။ သူက အရမ်းသနားတတ်ပြီး၊ အိမ်မှာ အားကိုးရတဲ့ ကလေးပါ။ ကျောင်းတက်ရတာကိုလည်း ပျော်တယ်။ မျက်နှာလည်းချိုပါတယ်”

ဒါပေမယ့် သူမရဲ့ ချစ်လှစွာသော သာလေး ဟာဆန်တစ်ယောက် ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ပဲ လောကကြီးကို နှုတ်ဆက်ထွက်ခွာ သွားခဲ့ပါတယ်။

DSC_0286.JPG

လူဖြူအစွန်းရောက် ပတ်တာဆန်

လူမျိုးရေးမုန်းတီး အကြမ်းဖက်တိုက်ခိုက်မှု

ဆွီဒင်ရဲတပ်ဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ လူမျိုးရေးမုန်းတီးမှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ပတ်တာဆန်ရဲ့ တိုက်ခန်းမှာ တွေ့ရှိခဲ့ရတဲ့ အခြေအနေတွေ၊ သူ့ရဲ့နေထိုင်ပုံနဲ့၊ ဆိုရှယ်မီဒီယာတွေက အပြုအမူတွေကို သုံးသပ်ကြည့်တဲ့အခါမှာ သူဟာ လူဖြူအစွန်းရောက်တစ်ယောက် ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုအတွင်းမှာ သူသေမယ်လို့ ထင်တာကြောင့် စာတိုတစ်စောင် ရေးသားခဲ့ပြီး အဲဒီစာတိုမှာ သူဟာ “ပြောင်းရွှေ့အခြေချသူတွေနဲ့ ပတ်သက်လို့ တစ်ခုခုလုပ်ရမယ်” လို့ အတိအကျကို ရေးသားခဲ့ပါတယ်။ ကျောင်းထဲဝင်ပြီး ဓားရှည်နဲ့၊ ဓားတိုကို ကိုင်လို့ လူသွားစင်္ကြန်တစ်လျှောက် လျှောက်သွားခဲ့ပြီး အသားဖြူတဲ့လူတွေကို စကားပြောခဲ့ကာ အသားညိုတဲ့လူတွေကို တွေ့တော့မှ ခုတ်ခဲ့တာကိုလည်း ကျောင်းရဲ့ လုံခြုံရေးကင်မရာမှာ တွေ့ခဲ့ရပါတယ်။

s6

ကျောင်းသားတွေက ပတ်တာဆန်ဟာ ဟာသလုပ်ဖို့ ရောက်လာတယ်ထင်ပြီး ဓာတ်ပုံတောင် အတူတွဲရိုက်ခဲ့ကြပါသေးတယ်။

“သူဓားနဲ့ခုတ်မယ့်သူကို ရွေးချယ်ခဲ့တယ်။ အသားညိုတဲ့သူတွေကို တိုက်ခိုက်ခဲ့ပြီး အသားလတ်တဲ့သူတွေကိုတော့ ဘာမှမလုတ်ပါဘူး။ လူတိုင်းက ဒါကိုကြည့်ပြီး ဒါဟာ အမုန်းကြောင့်ဖြစ်တဲ့ ရာဇ၀တ်မှုလို့ သတ်မှတ်ခဲ့ကြပါတယ်” လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြီးအကဲ သော့ဒ် ဟာရက်လ်ဆန်က မနေ့က မနက်ပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မနေ့က ထရိုလ်ဟတ္တန်တောင်ဘက် ၄၅ မိုင်အကွာမှာရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းမှာ ဒီလိုတိုက်ခိုက်မှုတွေ ထပ်လုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်ပိုစတာတစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲဒီပိုစတာမှာ ပတ်တာဆန်ကျူးလွန်ခဲ့တဲ့ အဖြစ်အပျက်က ဓာတ်ပုံကို ဖေါ်ပြထားပြီး “ငါပြန်လာပြီ” လို့လည်း ရေးသားခဲ့ပါတယ်။

Ref: Dailymail, Independent

Leave a Reply