News @ M-Media

အာဖဂန်-ပါကစ္စတန်ငလျင် သေဆုံးသူ ၃၀၀ ကျော်ပြီ

အောက်တိုဘာ ၂၇၊ ၂၀၁၅
M-Media

paki

– ယမန်နေ့ ညနေပိုင်းက အာဖဂန်နှင့် ပါကစ္စတန်မြောက်ပိုင်းတို့တွင် လှုပ်ခတ်သွားခဲ့သည့် မြေငလျင်ကြောင့် သေဆုံးသူမှာ ၃၃၅ ဦး ရှိလာခဲ့ပြီး တောင်တန်းများထူထပ်သည့် အဆိုပါဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများမှာ အခက်အခဲတစ်ချို့ ရှိနေသည်။

ပြင်းအား ၇.၅ မဂ္ဂနီကျုရှိသည့် အဆိုပါ ငလျင်ပြီးနောက် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ခဲ့သောကြောင့် ပြည်သူများမှာ ကြောက်ရွံ့ထိတ်လန့်ကာ ၎င်းတို့၏ နေအိမ်များသို့ မပြန်ဝံ့ကြဘဲ ရေခဲအမှတ်နားအထိ နီးအောင် အေးခဲသော ရာသီဥတုကို အန်တုကာ အိမ်အပြင်တွင်သာ နေထိုင်နေကြသည်။

ပါကစ္စတန်ကမူ ငလျင်ဒဏ်ခံဒေသများသို့ စစ်တပ်နှင့် အရပ်သား ကယ်ဆယ်ရေးလုပ်သားများကို စေလွှတ်ထားပြီး သေဆုံးသူမှာ ပါကစ္စတန်တွင် ၂၅၃ ဦးရှိကာ၊ အာဖဂန်တွင် အနည်းဆုံး ၈၂ ဦးရှိနေသည်။ ထို့ပြင် ဒဏ်ရာရသူများမှာ ၂၀၀၀ ကျော်ရှိကာ၊ အဆောက်အဦးများ ပြိုကျပျက်ဆီးမှုလည်း များပြားသည်။

Ref: Aljazeera

Comments

Leave a Reply