6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၊ ၂၀၁၅
M-Media

us

– ဆီးရီးယားသို့ ကန်အထူးတပ်ဖွဲ့ဝင်များ စေလွှတ်၍ စစ်ဆင်ရေး ဆောင်ရွက်ခြင်းမှာ IS အဖွဲ့အား တိုက်ခိုက်ရန်အတွက်သာ ဖြစ်ပြီး ဆီးရီးယားပြည်တွင်းစစ်တွင် ပါဝင်ခြင်းမဟုတ်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်သည်။

အိမ်ဖြူတော်မှာ သောကြာနေ့တွင် မိမိတို့၏ အထူးတပ်ဖွဲ့ဝင်များက ဆီးရီးယားမြောက်ပိုင်းတွင် တပ်ဖြန့်ကာ IS အဖွဲ့အား တိုက်ခိုက်နေသော အတိုက်အခံတပ်ဖွဲ့များကို အကြံဥာဏ်ပေးသွားမည်ဟု ကြေငြာခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်မှာ အရှေ့အလယ်ပိုင်း၌ နောက်ထပ်စစ်ပွဲတစ်ခုအတွင်းသို့ ၀င်ရောက်ရန် တစ်စိုက်မတ်မတ် ငြင်းဆန်လာခဲ့သည့် အမေရိကန်သမ္မတ အိုဘားမား၏ ပေါ်လစီအပြောင်းအလဲလည်း ဖြစ်သည်။

“IS အဖွဲ့ကို ချေမှုန်းဖျက်ဆီးပစ်ရမယ်ဆိုတဲ့ စောစောကတည်းက ပြောထားတဲ့ ပေါ်လစီအပေါ်မှာပဲ သမ္မတအိုဘားမားဟာ ခိုင်မာပြီး ရိုးရှင်းအားကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာပါ။ ဒါက ဆီးရီးယား ပြည်တွင်းစစ်ပွဲအတွင်းကို ၀င်ရောက်တဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ပြီးတော့ (ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်ကို) ပစ်မှတ်ထားတဲ့ ဆောင်ရွက်မှုမျိုးလည်း မဟုတ်ပါဘူး။ IS အဖွဲ့ကို ဦးတည်တာဖြစ်ပြီး သူတို့ကိုတိုက်ခိုက်ဖို့ ကျွန်တော်တို့ရဲ့စွမ်းရည်ကို တစ်နည်းနည်းနဲ့ တိုးမြှင့်တာပါပဲ” ဟု ကာဂျစ်စတန်သို့
ရောက်ရှိနေသည့် ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

Ref: Reuters

Tags:

Leave a Reply