နိုဝင်ဘာ ၂၊ ၂၀၁၅
M-Media
မိုးစက်
ရန်ကုန်။ ။ နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲ အတွက် မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် လွတ်လပ်ရေး ရပ်ကွက်တွင် မဲပေးနည်း ပညာပေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။
“အန်တီတို့ ရပ်ကွက်ကလူတွေပေါင်းပြီးတော့ မဲပေးမဲ့နေ့မှာ တစ်စုံတစ်ရာ အမှားအယွင်းတွေကြောင့် ပယ်မဲတွေ ဖြစ်နေမှာဆိုးလို့ အခုလို ပညာပေးတွေ လုပ်နေရတာပါ။ ရပ်ကွက်ကလူတွေကို သေချာရှင်းပြတယ်။ တံဆိပ်တုံးနဲ့ သေချာကို စမ်းသပ်ပေးနေပါတယ်” ဟု လွတ်လပ်ရေး ရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက ဆိုပါတယ်။
အဆိုပါပညာပေး အစီအစဉ်ကို နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ရပ်ကွက်ရှိ ပြည်သူများမှာလည်း လာရောက်စမ်းသပ် နေကြသည်ကို တွေ့မြင်ရပါတယ်။
“ကျွန်တော်က ခုမှပထမဆုံး မဲပေးရမှာပါ။ အဲတော့ ဘယ်လိုပေးရမယ်ဆိုတာ သေချာမသိဘူး။ Facebook မှာတော့ ဘယ်လိုပေးရမယ်ဆိုတာ တွေ့တော့တွေ့တယ်။ ဒါပေမယ့် ပိုပြီးသေချာအောင် ဒီမှာလာပြီး စမ်းသပ် တာပါ” ဟု မဲပေးပုံစနစ်ကို လာရောက်လေ့လာသည့် လွတ်လပ်ရေးရပ်ကွက်မှ ကိုအောင်ကျော်က ဆိုပါတယ်။
Leave a Reply
You must be logged in to post a comment.