6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၆ ၊ ၂၀၁၅
M-Media

index

(ဓာတ်ပုံ) ၂၀၁၅ ခုနှစ် ဇန္န၀ါရီ ၄ ရက် နေပြည်တော်တွင်ပြုလုပ်သော ၆၇ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ချီတက်ပွဲအခမ်းအနားမှ မြန်မာစစ်သည်များ (ဓာတ်ပုံ – စိုးသန်းဝင်း၊ AFP)

မြန်မာ့အတိုက်အခံ အင်အားစုအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖွယ်ရှိသော်လည်း စစ်တပ်က ဆက်လက် ချုပ်ကိုင်နေဦးမှာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်မှာ မြန်မာပြည်သူတွေအားလုံး အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲထည့်ရပါတော့မယ်။ အမြင်သက်သက် ဆုံးဖြတ်ခြင်းနဲ့ မြင်မြင်သမျှအကောင်းမထင်ခြင်းတို့ထက် အတိတ်သမိုင်းကို သင်ခန်းစာယူပြီး ဒီရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒပေါ် မူတည်မလားဆိုတဲ့အပေါ် အစစ်အမှန်စမ်းသပ်ချက်ကြီးတစ်ရပ် ဖြစ်လာပါလိမ့်မယ်။

ပြန်လည်ပြုပြင်ရေးလမ်းကြောင်းနဲ့တစ်ကွ သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်တစ်ပိုင်းအစိုးရဟာ လေးနှစ်တာအတွင်း သန်း ၅၀ ကျော် ပြည်သူတို့ရဲ့နိုင်ငံအတွက် ဘယ်လောက်အထိ စံနမူကောင်းတစ်ရပ် ထားပေးခဲ့တယ်ဆိုတာ ပေါ်ထွက်လာတော့မှာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အများစုကို လွတ်ပေးခဲ့တယ် (သို့သော် အသစ်သစ်သော ထပ်မံဖမ်းဆီးမှုက ရှေ့ဆက်နေဆဲ)။ မီဒီယာပိုင်းမှာ တင်းကြပ်တဲ့ ဆင်ဆာစံနစ်ကို ရုပ်သိမ်းခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ လွတ်လပ်တဲ့ ကြားဖြတ်ရွေးကောက်တစ်ရပ် ပြုလုပ်ပေးရာမှ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမတ်တစ်ဦးအဖြစ်နဲ့ လွှတ်တော်ထဲ ရောက်လာပါတယ်။

လာမယ့်ရွေးကောက်ပွဲဟာ စစ်တပ်အာဏာစသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်ကစလို့ နှစ်ပေါင်း ၅၀ အတွင်း ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလို့ ဆိုရမှာပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ၁၄ နှစ်မြောက်မှာပဲ စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD  က အမတ်နေရာအများစုနဲ့ အနိုင်ရကောင်းရနိုင်မယ် – ကြိုးဆွဲထိန်းချုပ်နေတဲ့ တရုတ်ကို ခွာထုတ်ပြီး အနောက်တိုင်းရဲ့မဟာမိတ်ခိုင်ခိုင်တစ်ရပ် ဖြစ်လာမယ့်အပြင်၊ တစ်ချိန်တုန်းက (အာဆီယံ)ဒေသတွင်း ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ခဲ့တဲ့ အဆင့်အတန်းတစ်ချို့လည်း ပြန်လည်ရရှိလာလိမ့်မယ်လို့ ပြည်သူလူထု အမြောက်အများက မျှော်လင့်ထားကြပါတယ်။

သို့ပေမယ့် အောင်ပွဲရမယ်လို့ ဆိုနိုင်ဖို့ အချိန်စောလွန်းနေပါသေးတယ်။ မည်သို့ဆိုစေ ဒီရွေးကောက်ပွဲကို အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့ရင်တောင်မှ အများမျှော်လင့်နေသလို အကူးအပြောင်းမှတ်တိုင်တစ်ခု ထူနိုင်ပြီလို့ ဆိုမရသေးပါဘူး။ အကြောင်းကတော့ စစ်တစ်ပိုင်းအရပ်သားတစ်ပိုင်းအစိုးရရဲ့ အပုံအပင်ပုံစံချထားမှုများကြားက ဘယ်လောက်အထိ မဲအပြတ်အသတ်နိုင်မလဲ ဆိုတာ မူတည်နေပါသေးတယ်။ ပြည်သူ့အာဏာဆိုတာ သော့ခတ်ခံထားရဆဲပါ။

အာဏာရှင်ဟောင်း ဦးသန်းရွှေက စီရင်ပြဋ္ဌာန်းလိုက်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အောက်လွှတ်တော်အမတ်ဦးရေ လေးပုံတစ်ပုံ(၁၆၆ ဦး)ဟာ စစ်တပ်က တိုက်ရိုက်ခန့်အပ်တဲ့ (ပြည်သူတွေရဲ့ ရွေးကောက်တင်မြှောက်ခြင်းမဟုတ်သော) စစ်တပ်ကိုယ်စားလှယ်တွေပါ။ ပြီးတော့ ဥပဒေတစ်ရပ်ရပ်ပြောင်းလဲရေး၊ ပြင်ဆင်ရေး၊ ဖယ်ရှားရေးအတွက် လွှတ်တော်အမတ် သုံးပုံနှစ်ပုံအထက်ရဲ့ ထောက်ခံမှုလည်း လိုအပ်နေပါတယ်။ ဒီအတိုင်းသာဆိုရင် NLD နဲ့ အခြားအတိုက်အခံ ပါတီငယ်တွေ ဘယ်လောက်စွမ်းဆောင်နိုင်သည်ဖြစ်စေ စစ်တပ်ပုံသွင်းဥပဒေကတော့ အချိန်ကာလတစ်ရပ်အထိ ဆက်လက်တည်ရှိနေနိုင်ပါမယ်။

ဒါတင်မက အဆိုပါ အခြေခံဥပဒေဟာ စစ်တပ်ကို နိုင်ငံတော်ရဲ့ အဓိပတိအခန်းကဏ္ဍတွေထဲ ၀င်စွက်ခြယ်လှယ်ဖို့ အာမခံချက်ပေးထားပါတယ်။  ပြည်တွင်းရန်ကို ကာကွယ်နှိမ်းနှင်းဖို့ အနှောင့်အယှက်မရှိ အခွင့်အာဏာပေးထားပါတယ်၊ အထူးသဖြင့် လူနည်းစုဝင် တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ်မှာ ဖြစ်တယ်။ ကွယ်လွန်သူ ခင်ပွန်းနဲ့ လက်ရှိသားနှစ်ဦးဟာ ဗြိတိန်နိုင်ငံသားများဖြစ်တယ်ဆိုတဲ့ ပြစ်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် မရအောင် ကန့်သတ်ထားမှုတွေလည်း ရှိနေပါတယ်။

အဆိုပါဥပဒေများကို အစားထိုးပြင်ဆင်နိုင်ဖို့ NLD က သန်းချီတဲ့ ပြည်သူ့ထောက်ခံလက်မှတ်တွေနဲ့ လွှတ်တော်ကို တင်သွင်းအဆိုပြုခဲ့တယ်။ သို့သော်လည်း ၂ နှစ်တာကာလအတွင်း ဖွဲ့ခြေဥပြင်ဆင်ပြောင်းလဲဖို့ ကြိုးစားချက်မှန်သမျှ ရှုံးနိမ့်ခဲ့ရတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်ကစပြီး မျှော်လင့်လာရတဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို နောက်ပြန်ဆုတ်နေသော အထင်ရှားဆုံးပြယုဂ်တစ်ခုဖြစ်ပါတယ်။ အချုပ်ဆိုရရင် အမည်ဆိုးတွင်နေတဲ့စစ်တပ်က ဒီရွေးကောက်ပွဲမှာ NLD နဲ့ လူနည်းစုဝင်အတိုက်အခံတိုင်းရင်းသားပါတီငယ်များစွာရဲ့လက်ထဲမှာ မရှုမလှ ကျဆုံးရတော့မယ့် အခြေအနေဆိုက်နေပါတယ်။ သို့တိုင် စစ်တပ်က ခေါင်းမာစွာနဲ့ အာဏာလက်မလွှတ်ရေးကို ဆုပ်ကိုင်ထားဆဲပါ။ ရလဒ်အားဖြင့် လာမယ့်ရွေးကောက်ပွဲမှာ NLD နဲ့ အခြားအတိုက်အခံပါတီများစွာက အမတ်နေရာအများစု ရရှိအောင်မြင်ခဲ့လျှင်ပင် နိုင်ငံ့အာဏာကို ချောချောမွေ့မွေ့ လွှဲပြောင်းပေးဖို့ တော်တော်ခဲယဉ်းပါလိမ့်မယ်။

စစ်တပ်ကို အခိုင်အမာကျားကန်ပေးထားပြီး ဒီမိုကရေစီသဘောတရားကိုဆန့်ကျင်ထားတဲ့ ဖွဲ့ခြေဥ မပြောင်းလဲထားတာကြောင့် သူတို့ဟာ ပြုပြင်ပြောင်းလဲရေးနဲ့ အာဏာအချို့ လွှဲပြောင်းပေးလိမ့်မယ်လို့ အချို့က ဆိုကြပါတယ်။ ဒါလည်း မှန်နိုင်ပါတယ်။ သို့သော် လက်တွေ့မှာကတော့ မည်သည့်လွတ်လပ်မျှတမှုကို ထပ်မံမလိုလားပဲ ကြောက်ရွံ့နေကြတဲ့ တစ်လှေတည်းစီး အရာရှိတအုံတကျင်း အတွက် ဒီဖွဲ့ခြေဥဟာ အကောင်းဆုံးအကာအကွယ်ပေးနေကြောင်း တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်နောက်ပိုင်း စီးပွားရေး ပိတ်ဆို့မှု အားလုံးနီးပါးကို အနောက်တိုင်းက မဆိုင်းမတွ အလျင်အမြန် ရုတ်သိမ်းပေးလိုက်တာကြောင့် ဒီအာဏာပိုင်အရာရှိများဟာ အနောက်တိုင်းကနေ သူတို့အလိုချင်ဆုံးအရာတွေကို ရသွားပြီဖြစ်ပါတယ်။ အဲ့ဒီအရာများကတော့ – ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာငွေကြေး အဖွဲ့ IMF နဲ့ စီးပွားရေးပတ်သက်မှုအသစ် ထူထောင်နိုင်ခြင်း၊ တပြုံတမ ထောက်ပံ့ကူညီငွေများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလှိုင်းကြီး စသည်ဖြင့် ဖြစ်ပါတယ်။ အိုဘားမားအစိုးရအဖွဲ့က လက်ရှိလမ်းစဉ်အတိုင်း ရှေ့ဆက်လျှောက်ဖို့ တိုးမြှင့်ထောက်ပြနေသည့်တိုင် ဒီလူတွေက ရှေ့ဆက်မွမ်းမံပြုပြင်ပြောင်းလဲရေး ဖိအားတွေကို မဖြုံကြပါဘူး။

ထပ်ဆင့်တင်ပြရရင် လက်ရှိမြန်မာအာဏာပိုင်များဟာ ဒီရွေးကောက်ပွဲရလဒ်ကို ကြိုတင် ဆုံးဖြတ်ထားတာကြောင့် မဲဆန္ဒနယ်တွေ၊ မဲဆန္ဒရှင်ကို သေသေချာချာ စိစစ်လိုက်ကြတာကို တွေ့ကြရမှာပါ။ ဒီအချက်နဲ့ပတ်သက်လို့ ဥပမာတစ်ခုပေးပါမယ်။ ၂၀၁၀ ခုနှစ်က ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စ်လင်မ် ၈ သိန်းကို မဲထည့်ခွင့်ပေးခဲ့ကြတယ်။ ခုချိန်မှာ မဲပေးခွင့် မဆိုထားနဲ့၊ အခြေခံ လူ့အခွင့်အရေးကိုပင်လျှင် လက်လွှတ်ဆုံးရှုံးနေရပါတယ်။ ပိုပြီးရုပ်ပျက်ဆင်းပျက်ဖြစ်စေတာကတော့ သူတို့ကို မြန်မာနိုင်ငံသားအဖြစ် ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့တာမို့လို့ သူတို့ရဲ့အခွင့်အရေးဆုံးရှုံးမှုကို ပြန်လည်ထူထောင်ခွင့်လည်း မရရှိကြပါဘူး။ ၂၀၁၀ ခုနှစ်တုန်းက ဒေသခံရခိုင်ပါတီနဲ့ရင်ဆိုင်ဖို့ အင်အားလိုတဲ့အတွက် ရိုဟင်ဂျာတွေကို မရှိသုံး သုံးခဲ့ကြတယ်။ ဒီတစ်ကြိမ် အခွင့်အရေးရုပ်သိမ်းလိုက်တာက နောက်ထပ်ရည်ရွယ်ချက်တစ်မျိုးဖြစ်တယ် – နိုင်ငံတွင်း မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ခုတုံးလုပ်ပြီး နိုင်ငံရေးအရ အမြတ်ထုတ်လိုက်ခြင်းပါပဲ။

USDP ဟာ မိမိတို့အပေါ် အတိုက်အခံပြုလာတော့မယ့် လူများစုဗုဒ္ဓဘာသာဝင်တွေဆီက မဲသဲ့ယူနိုင်အောင် ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာတစ်ခုဖြစ်တဲ့ အစ္စလာမ်မုန်းတီးရေးနဲ့ မွတ်စ်လင်မ်အကြောက်တရားဖြစ်ပေါ်အောင် လူထုအကြား ဖန်တီးသွတ်သွင်းခဲ့တယ်။ နိုင်ငံအနှံ့ လူမျိုးရေးဘာသာရေးဆိုင်ရာ သွေးကွဲမှုတွေ၊ မငြိမ်သက်မှုတွေ ပေါ်ပေါက်စေတယ်။ လူများစုအကျိုးကို ကာကွယ်ပေးတယ်ဆိုပြီး ဘာသာခြားတွေအပေါ် ခွဲခြားချိုးနှိမ်တဲ့ဥပဒေတွေကို ပြဋ္ဌာန်းတယ်။ ဒီလိုဥပဒေထွက်ပေါ်လာအောင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဆိုတဲ့ မဘသအဖွဲ့ဖြစ်လာအောင် လမ်းခင်းပေးလိုက်တယ်။ ဗုဒ္ဓဘာသာဝင်မြန်မာပြည်သူတွေ ဦးထိပ်ထားလေးစားကြတဲ့ ရဟန်းသံဃာတော်တွေကို ဦးဆောင်စေခဲ့တယ်။ ဒီတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ထောက်ခံအားပေးမှု အများအပြား ရလာစေတယ်။ မဘသရဲ့သြဇာအင်အားကြီးထွားလာမှုက ဒေါ်အောင်ဆန်းစုကြည်ကိုပင်လျှင် လူနည်းစုအခွင့်အရေးချိုးဖောက်မှုအပေါ်ဝေဖန်ဖို့ ပါးစပ်ပိတ်သွားစေခဲ့ပါတယ်။ သဘောအားဖြင့် လူနည်းစုရဲ့အခွင့်အရေးတွေကို ဖယ်ထုတ်ပြပြီး လူများစုရဲ့မဲကို (တဆင့်ခံ မဘသနဲ့ ကယ်တင်ရှင်လုပ်) ရယူလိုက်ခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲကို ဒီအခြေအနေအတိုင်း ဆက်လှမ်းသည့်တိုင် ၂၀၁၀ ရလဒ်မျိုး ထွက်လာဖို့များနေပါတယ်။ သူတို့ဟာ ကိုယ့်အနေအထားကို ကိုယ်တိုင် ထင်ထင်ရှားရှား ပြန်မြင်ရမှာ မလွဲပါဘူး။ ပြည်သူတွေအဖို့ ဒီမိုကရေစီရဲ့အစိပ်အပိုင်းတစ်ခုမျှသာ ဖြစ်တဲ့ မိမိရွေးချယ်ရာကို မဲပေးနိုင်ခွင့်ရရှိခဲြဲ့ခင်း ဆိုတာထက် မပိုပါဘူး။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နိုင်ငံရေးနဲ့စီးပွားရေးအရ ထဲထဲဝင်ဝင် လေ့လာဆန်းစစ်ထားပြီဖြစ်တဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ နိုင်ငံ့အခြေခံဥပဒေနဲ့ နိုင်ငံ့အခြေခံအဆောက်အဦအခန်းကဏ္ဍများ ပြောင်းလဲလာအောင် ဆက်လက်ဖိအားပေးသွားဖို့ လိုအပ်ပါတယ်။ သို့အားဖြင့် အစစ်အမှန် ပြောင်းလဲမှုဟာ ကွဲပြားထင်ရှားလာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော် အတွေ့အကြုံများအရ ရွေးကောက်ပွဲအပါအ၀င် မည်သည့်အရာကိုဖြစ်စေ စစ်တပ်က လွယ်လင့်တကူ အလျှော့ပေးမှာ မဟုတ်ဘဲ အရင်အတိုင်း ဆက်လက် အနိုင်ကျင့်သွားဖို့ ရှိနေပါတယ်။ နိဂုံးအနေနဲ့တင်ပြရရင် ဒီရွေးကောက်ပွဲကြီးဟာ ရေရှည်စစ်ပွဲကြီးအတွက် ရှေ့တစ်လှမ်းတက်လာတဲ့ ထိပ်တိုက်တိုး ရင်ဆိုင်တိုက်ပွဲမျှသာ ဖြစ်ပါကြောင်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Ref : Foreign Policy
Richard Cockett ရေးသားသော Why We Shouldn’t Expect Too Much From Burma’s Election ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။

Leave a Reply