6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၉၊ ၂၀၁၅
M-Media

saudi

– မိမိအနေဖြင့် အလ်ကိုင်ဒါးအဖွဲ့သို့ သွားရောက်ပူးပေါင်းရန် ဆုံးဖြတ်ခြင်းမှာ မှားယွင်းခဲ့ပြီး ထိုအဖွဲ့မှာ တစ်လွဲဝါဒဖြန့်မှုများဖြင့် သူမအား လမ်းမှားစေခဲ့ကာ ဦးနှောင်းကျင်းခဲ့သည်ဟု အလ်ကိုင်ဒါးအဖွဲ့ဝင်ဟောင်း ဆော်ဒီအမျိုးသမီးက ပြောကြားလိုက်သည်။

ဟီလာ အလ်-ကွာဆီရ်ဖြစ်ပြီး လက်ရှိအချိန်တွင် ဆော်ဒီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ထောင်ဒဏ် ၁၅ နှစ်ကျခံနေရကာ မကြာသေးမီက ပြုလုပ်ခဲ့သည့် မီဒီယာနှင့်တွေ့ဆုံမှုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဆော်ဒီအာဏာပိုင်များမှာ မိမိအပေါ် သက်ညှာခဲ့သည်ဟုလည်း သူမက ဆိုသည်။

အလ်-ကွာဆီရ်မှာ အကျဉ်းထောင်မှ ထွက်ပြေးရန် ကြိုးစားခဲ့ဖူးပြီး ဆော်ဒီလုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အမျိုးသမီးများအား အဓမ္မကျင့်၍ သတင်းရအောင် လုပ်ဆောင်သည်ဟု အလ်-ကိုင်းဒါး ခေါင်းဆောင်ပိုင်းက မိမိအား ပြောကြားထားသောကြောင့် အမှန်ထင်၍ ထွက်ပြေးရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု သူမက ထည့်သွင်း ပြောကြားခဲ့သည်။

“ဆော်ဒီဘုရင့်နိုင်ငံ၊ စုံထောက်တွေနဲ့ပတ်သက်ပြီး အလ်ကိုင်းဒါးက ကျွန်မစိတ်ထဲကို ရိုက်သွင်းပေးခဲ့တာတွေ အားလုံးဟာ တက်တက်စင်အောင် လွဲနေပါတယ်။ ကျွန်မဟာ လမ်းမှားခဲ့တယ်၊ စမ်းတ၀ါးဝါးဖြစ်ခဲ့တယ်ဆိုတာ တကယ့်ကို သေချာသွားပါပြီ”

အလ်-ကိုင်းဒါအား ဆက်သွယ်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း သူမက “ကျွန်မရွေးခဲ့တဲ့ လမ်းအတွက် ကျွန်မရဲ့ဘ၀နဲ့ နုပျိုမှုတွေကို ပေးဆပ်ခဲ့ရပါတယ်။ သမီးလေးကတော့ မိဘနှစ်ပါးစလုံးကို ဆုံးရှုံးခဲ့ရပါတယ်” ဟု ပြောကြားခဲ့ပြီး အလ်-ကိုင်းဒါးအဖွဲ့မှာ “အရူးအုပ်စု” ဟု ကင်ပွန်းတပ်ခဲ့သည်။

အလ်-ကွာဆီရ်မှာ လက်ရှိအချိန်တွင် ဟိုင်ရ်ဒေသရှိ အမျိုးသမီးကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည်။

Ref: Arabnews

Leave a Reply