6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၃၊ ၂၀၁၅
M-Media

tartar

– ဒုတိယကမ္ဘာစစ်အတွင်းက ခရိုင်းမီးယားကျွန်းဆွယ်ရှိ တာတာမွတ်စလင်များကို ဆိုဗီယက်က မောင်းထုတ်သည့်လုပ်ရပ်အား “လူမျိုးတုန်းသတ်ဖြတ်မှု” အဖြစ် သတ်မှတ်သည့် ဥပဒေတစ်ခုကို ခရိုင်းမီးယား ပါလီမန်က ယမန်နေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

၁၉၄၄ ခုနှစ်တွင် ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်ဖ်စတာလင်မှာ ခရိုင်းမီးယားမှ ဌာနေ တာတာမွတ်စလင် ၁၈၀၀၀၀ ကို နာဇီဂျာမနီတပ်ဖွဲ့များနှင့် ပူးပေါင်းသည်ဟု စွပ်စွဲကာ မောင်းထုတ်ရန် အမိန့်ပေးခဲ့သည်။

လမ်းတွင် အစာရေစာပြတ်လတ်ခြင်းနှင့် ခက်ခဲကြမ်းတမ်းခြင်းတို့ကြောင့် သေဆုံးခြင်းနှင့် ဆိုဗီယက်ပိုင် အလယ်အာရှသို့ရောက်ပြီး လအနည်းငယ်ကြာတွင် သေဆုံးခဲ့သည့် စုစုပေါင်း တာတာမွတ်စလင် အရေအတွက်မှာ ထိုပမာဏ၏ ထက်ဝက်နီးပါးခန့်ရှိသည်ဟု ယူကရိန်းပါလီမန်က ယမန်နေ့တွင်ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

တာတာမွတ်စလင်များကို ၁၉၈၀ ပြည့်နှစ်များတွင် ၎င်းတို့၏ ဌာနေဖြစ်သော ခရိုင်းမီးယားသို့ ပြန်လည် လာရောက်ခွင့် ပေးသော်လည်း ၎င်းတို့၏ ဆုံးရှုံးမှုများအတွက် မည်သည့်နစ်နာကြေးမှ မပေးခဲ့ပေ။ ထို့ပြင် ၎င်းတို့အား ပြန်လည်နေရာချထားမှုတွင်လည်း ၎င်းတို့ မောင်းထုတ်ခံရပြီးနောက် ခရိုင်းမီးယားသို့ ရောက်ရှိလာခဲ့သည့် ရုရှား၊ ယူကရိန်းလူမျိုးများ၏ မကျေနပ်မှုကို တာတာများက ခံစားခဲ့ကြရသည်။

တာတာခေါင်းဆောင်များကမူ ယူကရိန်းအာဏာပိုင်များမှာ ၎င်းတို့အား အစိုးရအလုပ် လုပ်ကိုင်ခွင့်မှ တားဆီးထားသည်ဟု စွပ်စွဲခဲ့သည်။

ရုရှားက ကျူးကျော်သိမ်းပိုက်

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ ယူကရိန်းတွင် ရုရှားလိုလားသူ အစိုးရနှင့် ပြည်သူများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ဥရောပလိုလားသည့် အစိုးရ တက်လာသည့်အခါ ခရိုင်းမီးယားရှိ ရုရှားလိုလားသူများမှာ ကျွန်းဆွယ်အား ရုရှားပိုင်နက်အတွင်းသို့ သွတ်သွင်းရေး ပြည်သူ့ဆန္ဒ ခံယူခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ရုရှားကလည်း ခရိုင်းမီးယားရှိ ၎င်းတို့အား လိုလားသူများကို ထောက်ပံ့ပေးခဲ့ပြီး မတ်လတွင် ကျွန်းဆွယ်အား သိမ်းပိုက်ခဲ့သည်။

အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲကိုမူ အနောက်နိုင်ငံများက ဝေဖန်ခဲ့ပြီး ရုရှားအပေါ်လည်း ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ခရိုင်းမီးယားရှိ တာတာမွတ်စလင်များကမူ ရုရှား၏ ကျူးကျော်သိမ်းပိုက်မှုကို ဆန့်ကျင်ခဲ့ပြီး ထိုကဲ့သို့ ဆန့်ကျင်မှုကြောင့် တာတာတက်ကြွလှုပ်ရှားသူ တစ်ဦးကို ရုရှားလိုလားသူများက မတ်လတွင် ပြန်ပေးဆွဲခဲ့ပြီး နောက်ပိုင်းတွင် နှိပ်စက်ငြှင်းပမ်းခံရသည့် ဒဏ်ရာအပြည့်ဖြင့် အလောင်းကို ပြန်တွေ့ခဲ့သည်။

ထို့ပြင် ခရိုင်းမီးယားရှိ တာတာမွတ်စလင် တက်ကြွလှုပ်ရှားသူများနှင့် ယူကရိန်းလိုလားသူ တက်ကြွလှုပ်ရှားသူ အများအပြားမှာလည်း ပျောက်ဆုံးခြင်း၊ ပြန်ပေးဆွဲခံရခြင်းများ ရှိခဲ့သည်။ ယခုထက်တိုင် ပြန်တွေ့ခြင်းမရှိသောကြောင့် ဆွေမျိုးများက သေဆုံးပြီဟု မှတ်ယူခဲ့ကြသည်။

ပြည်သူ့ဆန္ဒခံယူပွဲပြီးနောက် ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်နှင့် ၎င်း၏ အစိုးရမှာ တာတာများကို နှစ်သိမ့်ရန် ကြိုးစားခဲ့ပြီး ရုရှား၏ အုပ်ချုပ်မှုအောက်တွင် မျှတစွာ ဆက်ဆံမည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း မော်စကိုမှ ခန့်အပ်ထားသည့် အာဏာပိုင်များမှာ ခရိုင်းမီးယားရှိ ဗလီဝတ်ကျောင်းတော်များ၊ ဘာသာရေးကျောင်းများနှင့် တာတာမွတ်စလင်များ၏ အိမ်များကို ၀င်ရောက်ရှာဖွေရန် အမိန့်ပေးခဲ့ပြီး ဆိုဗီယက်လက်ထက်က မောင်းထုတ်ခံခဲ့ရသည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခြင်းကိုလည်း တားမြစ်ခဲ့သည်။

ပိုလမ်းမကြီး၏ မြောက်ဖက်စွန်းပိုင်းဖြစ်သော ခရိုင်းမီးယားကျွန်းဆွယ်မှာ မွန်ဂိုဘုရင် ဂျင်ဂျစ်ခန်မင်းဆက် အုပ်ချုပ်သည့်ဒေသ ဖြစ်ခဲ့သည်။ ရက်စက်ကြမ်းကြုတ်မှုကြောင့် ကျော်ကြားသည့် ဂျင်ဂျစ်ခန်မှာ နောက်ပိုင်းတွင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ကာ ၎င်း၏ ဆိုးသွမ်းသည့် လုပ်ရပ်များကို စွန့်လွှတ်ခဲ့သည်။

၁၇၈၈ ခုနှစ်တွင် ဆီဇာရစ်ရုရှားများမှာ ခရိုင်းမီးယားအား သိမ်းပိုက်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ၎င်းတို့၏ ငြှင်းပမ်းနှိပ်စက်မှုများကြောင့် တာတာမွတ်စလင်များမှာ တူရကီသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခဲ့ရသည်။

Ref: Aljazeera

Leave a Reply