နိုဝင်ဘာ ၁၉၊ ၂၀၁၅
M-Media
– ညမထွက်ရ ကာဖျူးအမိန့်ကို ချိုးဖောက်မှုအတွက် ကွန်ဂိုနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် မိမိတို့၏ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှ စစ်သား ၄၇ ဦးကို ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု တောင်အာဖရိက အမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးချုပ် ဇိုလာနီ မာဘန်ဂါက ပြောကြားလိုက်သည်။
တောင်အာဖရိက ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလက တပ်စွဲခဲ့ခြင်းဖြစ်ပြီး ထိုစစ်သားများ၏ အမိန့်ချိုးဖောက်မှုက အခြားသော တောင်အာဖရိက တပ်သားများ၏ လုံခြုံရေးကို စိုးရိမ်စရာဖြစ်စေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
တောင်အာဖရိက မီဒီယာများကမူ စစ်သားများမှာ ကွန်ဂိုမြောကပိုင်း ကီဗူးပြည်နယ်မြို့တော် ဂိုမာရှိ အရက်ဆိုင်များသို့ လိင်အလုပ်သမများနှင့် မကြာခဏ သွားရောက်လေ့ရှိသည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း တောင်အာဖရိက စစ်တပ်ကမူ ထိုကဲ့သို့ သွားရောက်သည့် အထောက်အထားမရှိဟု ငြင်းဆိုခဲ့သည်။
Ref: ALjazeera
Comments