6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၉၊ ၂၀၁၅
M-Media

tarin

– ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလမ်းမှာ ပြည်သူလူထု၏ နှစ်သက်မှုကို သိပ်မရ။ အိုမင်းဟောင်းနွမ်းနေသည့် ရထားများက နိုင်ငံ၏ အကြီးဆုံးမြို့မှ ဘူတာပေါင်း ၃၉ ခု ကို တစ်နာရီ ၁၀ မိုင်နှုန်းဖြင့် လှည့်ပတ်သွားလာနေသည်။ မြို့တစ်ပတ်ပတ်ရန်အတွက် ၃ နာရီကြာမြင့်ပြီး မိုးရာသီများတွင် ထိုထက်ပို၍ ကြာညောင်းလေသည်။

မြို့အတွင်း အလွန်အမင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် နည်းလမ်းတစ်ခုအဖြစ် ယခုတွင်တော့ အမေ့ခံ ရန်ကုန်မြို့ပတ် ရထားလမ်းမှာ အာရုံစိုက်မှုတစ်ချို့ ရရှိလာခဲ့သည်။

“ကားလမ်းတွေပေါ်မှာ အခြေအနေက ဆိုးရွားလာလေလေ၊ ကျွန်တော်တို့အတွက် ခရီးသည် ပိုရလာလေလေပါပဲ” ဟု ဗြိတိသျှက ဆောက်လုပ်ပေးခဲ့သည့် ရန်ကုန်ဘူတာကြီးမှ ဘူတာရုံမှူး ဦးကြည်ဝင်းက ပြောကြားခဲ့သည်။ ဘူတာကြီးရှိ ၎င်း၏ရုံးခန်းတွင်တော့ တကျွီကျွီမြည်နေသော မျက်နှာကျက်ပန်ကာက လေပူတစ်ချို့ကို ထုတ်လွှတ်ပေးနေသည်။

စစ်အစိုးရက ကမ္ဘာကြီးနှင့်ဆက်သွယ်ရန် လမ်းဖွင့်ပေးလိုက်သည့် အချိန်ကတည်းက ရန်ကုန်မြို့ရှိလမ်းများတွင် ကားများ တစ်ဖြည်းဖြည်း များပြားလာခဲ့သည်။ ယခုလရွေးကောက်ပွဲတွင် ယခင် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက အပြတ်အသတ်အနိုင်ရသည်အထိ အပြောင်းအလဲက အရှိန်မြင့်ခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၄ ခုနှစ် နှစ်လည်ပိုင်းတွင် ရန်ကုန်မြို့၏ လမ်းများပေါ်၌ ကားပေါင်း ၆ သိန်း ရှိလာမည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။ ၂၀၁၃ ခုနှစ်ကထက် ၂ ဆဖြစ်လာသည့် အရေအတွက်ဖြစ်သည်။ ထိုအထဲတွင် Ferraris၊ Hummers နှင့် Porsches တို့လို တန်ဖိုးကြီးကားများ
ပါဝင်လာသည်မှာ အဆန်းမဟုတ်တော့။

ရန်ကုန်မြို့ရှိ ကားအများစုက ဂျပန်နှင့် ထိုင်းတို့ရှိ တစ်ပတ်ရစ်ကားဈေးကွက်မှ တင်သွင်းသော လယ်ယာမောင်းကားများ ဖြစ်သည်။ ကား များလာခြင်း၏ နောက်ဆက်တွဲအဖြစ် ယာဉ်ကျောပိတ်ဆို့မှုများ၊ မတော်တဆမှုများလည်း မြင့်တက်လာလေသည်။ သာမန်အချိန်များတွင် မိနစ် ၂၀ ခန့်သာ ကြာမြင့်သည့် ခရီးမှာ ယခုတွင် တစ်နာရီကျော်ကျော်ခန့် ကြာမြင့်နေပြီဖြစ်သည်။

“ယာဉ်ကြောကတော့ဗျာ ဘယ်လိုပြောမလဲ။ တော်တော်ပိတ်တာပေါ့။ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ရှိခဲ့ပေမယ့် ယာဉ်ကြောပိတ်ဆို့မှုကတော့ အဲဒီအထဲ မပါခဲ့ပါဘူး” ဟု အငှားယာဉ်မောင်း ဦးဝင်းမြင့်က ပြောသည်။

ထို့ကြောင့် ၁၉၅၀ ပြည့်နှစ်များက ဗြိတိသျှမှ ဆောက်လုပ်ပေးခဲ့သည့် ရန်ကုန်မြို့ပတ်ရထားလမ်းအတွက် မျှော်လင့်ချက်များ ရှင်သန်လာခဲ့သည်။ ထိုမြို့ပတ်ရထားမှာ နေ့စဉ် လူပေါင်း ၇၅၀၀၀ မှ ၁၃၀၀၀၀ ကြားအထိကို သယ်ဆောင်ပြေးဆွဲပေးနေပြီး ထိုပမာဏမှာ ဘတ်စ်ကားစီးသူ ခန့်မှန်းအရေအတွက်ဖြစ်သော လူ ၃ သန်း၏ တစ်စိတ်တစ်ပိုင်း ပမာဏသာ ဖြစ်လေသည်။

ရန်ကုန်မြို့ကြီး တစ်ဖန်ပြန်၍ သွက်လက်စွာ လှုပ်ရှားသွားလာနိုင်ရန်အတွက် ထိုမြို့ပတ်ရထားလမ်းကို အဆင့်မြှင့်တင်ရေးကို ဂျပန်အစိုးရ၏ အကူအညီပေးရေးဌာနက ရွေးချယ်ခဲ့သည်။ မကြာသေးမီက သန့်ရှင်းတောက်ပြောင်နေသည့် ဘူတာရုံများ၊ အိနြေ္ဒရှိစွာ ရပ်နေသော ခရီးသည်များ ပါဝင်သည့် ရထားလမ်းစနစ်ပုံစံပြ အန်နီမေးရှင်း ဗီဒီယိုတစ်ခု ထွက်လာခဲ့သည်။

သို့သော်လည်း တကယ့်လက်တွေ့တွင်တော့ ထင်သလောက်မလွယ်။

ယခုအချိန်တွင် ခရီးသည်များမှာ ရထားထွက်ခွာချိန်၊ ဆိုက်ရောက်ချိန်တို့ကို ဒစ်ဂျစ်တယ်ဒိုင်ခွက်များတွင် ကြည့်ရှုနိုင်ပြီဖြစ်သည်။ နိုင်ငံ၏ ရုပ်သံလိုင်းသစ်များမှ အစီအစဉ်များကိုလည်း ရထားဘူတာရုံ မျက်နှာကျက်တွင် ချိတ်ဆွဲထားသော တီဗီများမှ ခံစားနိုင်သည်။ ဘူတာရုံမှူး ဦးကြည်ဝင်းက ရထားကို စောင့်ဆိုင်းနေသည့် ခရီးသည်များ ၎င်းတို့၏ ဖုန်းများကို အားသွင်းရန် ဘူတာရုံတွင် ပလပ်ပေါက်များ ထားပေးသည်ဟု ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံက ပို့ဆောင်ပေးသည့် လေအေးပေးစက်တပ် ရထားတွဲ ၆ တွဲမှာလည်း မြန်မာနိုင်ငံတွင် ပြေးဆွဲနေပြီဖြစ်သည်။

အသက် ၅၄ နှစ်အရွယ် ဦးကြည်ဝင်းက ထိုရထားတွဲများမှာ ဆင်ခြေဖုံးဒေများမှ ခရီးသွားကြသည့် ရုံးအလုပ်သမားများ၊ ကျောင်းသားများအပေါ် သက်ရောက်မှုရှိပြီး ဇိမ်ကျသောရထားတွင် selfie ရိုက်မှုများလည်း ရှိသည်ဟု ပြောကြားခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ဆင်းမ်ကဒ်တစ်ခုအား ပြည်သူအများစု၏ ၀င်ငွေထက် အဆမတန်များလွန်းသည့် ပမာဏဖြစ်သော ကန်ဒေါ်လာ ၂၀၀၀ ခန့် ပေးခဲ့ရသည့် မြန်မာနိုင်ငံတွင် ထိုအချင်းအရာက ကြီးမားသည့် ပြောင်းလဲမှုလည်းဖြစ်သည်။

“သိပ်မိုက်တဲ့ ရထားတွေပေါ။ ကိုရီးယားရောက်နေသလိုပဲ” ဟု မိုးရွာနေသော နေ့လည်ခင်းတစ်ခုတွင် သူငယ်ချင်းဖြစ်သူနှင့်အတူ ခရီးသွားသည့် အသက် ၂၃ နှစ်အရွယ် အောင်သီဝင်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ပတ်ရထားလမ်းက တိုကျိုရှိ မက်ထရိုရထားလိုင်း၊ နယူးယောက်ရှိ မြေအောက်ရထားလိုင်းများအား စိန်ခေါ်နိုင်မည့် အခြေအနေရောက်ရှိရန်မှာ အလွန်ဝေးကွာသည့် အနေအထားဖြစ်သည်။ မြို့ပတ်ရထား စီးနင်းရခြင်းကပင် ရန်ကုန်မြို့ကြီး မည်ကဲ့သို့ပြောင်းလဲနေသည်၊ ပြောင်လဲမှုမရှိ ဖြစ်နေသည်ဆိုသည့် မြင်ကွင်းများကို မြင်နေရမည်ဖြစ်သည်။

ဘူတာအများစုတွင် ခရီးသည်များက ရားထားသံလမ်း ဟိုဘက်ဒီဘက်ကိုဖြတ်၍ လမ်းလျှောက်သွားခြင်း၊ ဟင်းသီးဟင်းရွက်များနှင့် နေကြာစေ့ကဲ့သို့ မုန့်ပဲသရေစာများ ၀ယ်ယူချင်းတို့ကို ပုံမှန်လိုလို ပြုလုပ်လေ့ရှိသည်။ ထို့ပြင် ရထားလမ်းများကို အသိအိမ်များသို့သွားရာ ဖြတ်လမ်းအဖြစ် ဒေသခံများက မကြာခဏ အသုံးပြုကြသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ကိုဝင်းထွန်းက ရွာမဘူတာရုံရှိ ရထားသံလမ်းတစ်လျှောက် ၎င်း၏ ရွှေအိုရောင် ရီထရိုင်ဗာခွေးဖြင့် လမ်းလျှောက်သည်ဟု ဆိုသည်။

“များသောအားဖြင့် စိတ်ငြိမ်တဲ့ နေရာလေးပါ။ (ရိုးရိုးလမ်းအတိုင်းသွားရင်) လမ်းရောက်ဖို့က တော်တော်ကြာတယ်” ဟု ကိုဝင်းထွန်းကဆိုပြီး တစ်ခါတစ်ရံတွင် ဖြေးဖြေးချင်းလာနေသော ရထားကို ခြေဖျားထောက်၍ ကြည့်လေ့ရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ရထားပို့ဆောင်ရေးမှ တာဝန်ရှိသူများကမူ ယခုနှစ်အတွင်း ရန်ကုန်မြို့ပတ်လမ်းတွင် ရထားတိုက်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။ ယမန်နှစ်ကမူ လူ ၉ ဦးသေဆုံးခဲ့လေသည်။

အချို့သော ဘူတာရုံများကလည်း ဈေးတန်းကလေးများ ဖြစ်လာခဲ့ပြီး ယင်ကောင်မလာအောင် ယပ်ခပ်နေသည့် ငါးသည်များ၊ ၀က်သားသည်များဖြင့် စည်ကားနေလေသည်။

သို့သော်လည်း တစ်ချို့သော သူများကတော့ ရန်ကုန် မြို့ပတ်ရထား အဆင့်မြင့်တင်ခြင်းတွင် အကောင်းအဆိုး နှစ်ခုစလုံး ဒွန်တွဲနေသည်ဟု ပြောကြားခဲ့သည်။ ရထားတွဲအသစ်များတွင် လက်မှတ်ဈေးနှုန်းမှာ ကျပ် ၃၀၀ ဖြစ်လာခဲ့ပြီး၊ ရထားတွဲအဟောင်းများတွင် မှတ်တိုင်တစ်ချို့အတွက် ပေးခဲ့ရသည့် ၅၀ မှ ၁၀၀ ကျပ်ထက် ပိုမိုများပြားလာခြင်းဖြစ်သည်။ ထိုပမာဏက တစ်နှစ်လျှင် ပျမ်းဝင်ငွေ ၁၀ သိန်းသာရှိသည့် မြန်မာပြည်သူများအတွက် သိသာသာသည့် ပမာဏတစ်ခုလည်း ဖြစ်လေသည်။

“ဟုတ်ပါတယ်။ ခရီးသွားတွေတော့ ပိုလာပါတယ်။ ဒါပေမယ့် သူတို့ဟာ လေအေးပေးစက်တပ် ရထားကိုစီးရင် သူတို့မှာ မုန့်ဟင်းခါးဝယ်စားဖို့ ပိုက်ဆံမလောက်တော့ပါဘူး” ဟု ဘုရားလမ်းဘူတာတွင် မုန့်ဟင်းခါးရောင်းသည့် မသက်မွန်က ပြောကြားခဲ့သည်။

မိုးများသည်းထန်စွာ ရွာသွန်းတတ်သည့် မိုးရာသီသို့ ရောက်ရှိလာသည့်အချိန်တွင်တော့ လမ်းလွှဲသည့်စနစ်မှာ အသုံးပြု၍ မရတော့ဘဲ၊ ရထားများကိုလည်း အချိန်အတော်ကြာ ရပ်ထားရသည်ဟု ဦးကြည်ဝင်းက ပြောကြားခဲ့သည်။

“လမ်းလွှဲစနစ်ကို ကျွန်တော်တို့ အဆင့်မြှင့်ထားပေမယ့် ရေအရမ်းအိမ်လာရင်တော့ တော်တော်ပြဿနာ တက်ပါတယ်”

သို့သော်လည်း ကားလမ်းအလွန်ကြပ်သည့် ယနေ့အချိန်တွင် အချို့သော ခရီးသည်များအတွက် ထိုရထားလမ်းစနစ်က ပို၍ တန်ဖိုးရှိနေလေသည်။

“နည်းနည်းမြန်ရင်တော့ ပိုကောင်းတာပေါ့လေ။ ဒါပေမယ့် ဒီအချိန်မှာတော့ ကားစီးရတာထက်စာရင် ဒါက ပိုကောင်းပါတယ်” ဟု အသက် ၃၆ နှစ်အရွယ် ကိုကျော်ထွန်းက ၎င်း၏ မိုဘိုင်းဖုန်းကို ပွတ်၍ ပြောလေသည်။

Ref: Wall Street Journal

Leave a Reply