6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၉၊ ၂၀၁၅
M-Media

real

– နိုဝင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သော လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတွင် မိဘနှစ်ပါးစလုံး ဆုံးရှုံးကာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည့် ကလေးငယ် ဟိုင်ဒါ မွတ်စ်တာဖာထံသို့ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက သွားရောက်၍ နှစ်သိမ့်အားပေးသွားမည်ဟု သိရသည်။

အသက် ၃ နှစ်ရွယ်သာ ရှိသေးသော မွတ်စ်တာဖာမှာ ရီးယဲလ်ပရိတ်သတ်တစ်ယောက်လည်းဖြစ်ပြီး ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကာ ယခုအချိန်တွင် ဆေးကုသမှု ခံယူနေရသည်။ IS အဖွဲ့က ပြုလုပ်ခဲ့သည့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လက်ဘနွန်ပြည်သူ ၄၃ ဦး သေဆုံးခဲ့သည်။

မွတ်စ်တာဖာလေးအား Goal ဘောလုံးသတင်းဌာနမှ လက်ဘနွန်သတင်းထောက်ဖြစ်ပြီး ရီးယဲလ်ပရိတ်သတ်များအဖွဲ့ Pena Madridista ၏ အကြီးအကဲလည်းဖြစ်သည့် ဘာရာဟ် ဟာဆန်က သွားရောက် ကြည့်ရှုခဲ့ပြီးနောက် ရော်နယ်ဒို လာရောက်နိုင်ရေးအတွက် ဟာဆန်ကပင် ရီးယဲအသင်းနှင့် ဆက်သွယ်ကာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ဂျာနယ်လစ်တစ်ဦးဖြဖ်သူ ရာနာဟာဘီကလည်း အဆိုပါကလေးငယ်၏ အကြောင်းကို ဆိုရှယ်မီဒီယာတွင် ရေးသားကာ ဖြန့်ဝေခဲ့ပြီး အသုံးပြုသူများ၏ စာနာဖေးမှုများ ရရှိခဲ့သည်။

Ref: Goal

Leave a Reply