6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၀၊ ၂၀၁၅
M-Media

nissan

– မလေးရှားအခြေစိုက်ဖြစ်ပြီး Nissan ကားများကို ဖြန့်ဖြူးနေသည့် Tan Chong Motor Holdings ကုမ္ပဏီမှာ လာမည့်နှစ်မှစ၍ မြန်မာနိုင်ငံတွင် လက်ခွဲဖွင့်ကာ Nissan ကားများကို ဖြန့်ဖြူးရောင်းချတော့မည်ဟု သိရသည်။

Tan Chong Motor (Myanmar) ကုမ္ပဏီလီမိတက်အမည်ဖြင့် ကုမ္ပဏီခွဲဖွင့်ကာ ရောင်းချသွားမည်ဖြစ်ပြီး Nissan ကား ထုတ်လုပ်ရေးက အလုံးစုံလုပ်ပိုင်ခွင့် ပေးထားသောကြောင့် ရောင်းချပြီးနောက် ဆားဗစ်ပိုင်းအတွက်လည်း ၎င်းတို့ကပင် တာဝန်ယူ ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။

ထို့ပြင် TCM Myanmar မှာ မိမိနှစ်သက်သူကို လက်လီရောင်းချမှု လုပ်ပိုင်ခွင့်၊ ရောင်းချပြီးနောက် ဆားဗစ်ပိုင်းအတွက် လုပ်ပိုင့်ခွင့်တို့ကိုလည်း ထပ်မံပေးအပ် ခန့်ထားနိုင်မည်ဖြစ်သည်။

Tan Chong Motor Holdings ကမူ မိမိတို့မှာ လာမည့်နှစ် ဒုတိယနှစ်ဝက်တွင် မြန်မာနိုင်ငံအတွင်း ကားများကို စတင် ဖြန့်ဖြူးနိုင်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

TCM မှာ ပဲခူး၌ ဧက ၅၀ ရှိသော ဧရိယာအကျယ်အ၀န်းတွင် ကားအစိတ်အပိုင်းများကို တပ်ဆင်နိုင်မည့် အလုပ်ရုံတစ်ခု ဆောက်လုပ်နေပြီး လာမည့်နှစ်တွင် ပြီးစီးမည်ဖြစ်သည်။

နောက်ထပ် ၅ နှစ်ကာလအတွင်း တစ်နှစ် ကားအစီးရေ ၉၁၀၀၀ တပ်ဆင်ထုတ်လုပ်ရန် ကုမ္ပဏီက လျာထားသည်။ ပထမ ၃ နှစ်အတွင်း ကားတပ်ဆင်စက်ရုံနှင့် အရောင်းပြခန်း တည်ဆောက်မှုတို့အပါအ၀င် စုစုပေါင်း ကုန်ကျငွေ ကန်ဒေါ်လာ သန်း ၅၀ ရှိမည်ဟု ခန့်မှန်းထားသည်။

Ref: The Star

Leave a Reply