News @ M-Media

ပါလက်စတိုင်းလူငယ်တစ်ဦးအား အစ္စရေးများက မီးရှို့သတ်ဖြတ်

နိုဝင်ဘာ ၂၃၊ ၂၀၁၅
M-Media

pla

– အစ္စရေးက သိမ်းပိုက် ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင်နက်ရှိ တရားမ၀င် အခြေချအိမ်ယာများတွင် နေထိုင်သူဂျူးများမှာ ပါလက်စတိုင်းလူငယ်တစ်ဦးအား ရိုက်နှက်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူမှာ အသက် ၂၂ နှ်အရွယ် ဖာဒီ ဟို့စ်ဆိုသူဖြစ်ပြီး ၎င်း၏ မီးလောင်ထားသော ရုပ်အလောင်းကို အစ္စရေးမြောက်ပိုင်း ဂါလီလီဒေသ ကဖ်ရ် ကန်နာမြို့ရှိ အမှိုက်ပုံတွင် စွန့်ပစ်ထားသော ကားအတွင်း ပြီးခဲ့သည့် သောကြာနေ့က တွေ့ရှိခဲ့ရသည်ဟု ဟီဘရူးဘာသာဖြင့်ထုဝေသော နေ့စဉ်သတင်းစာ Yedioth Ahronoth တွင် ဖော်ပြထားသည်။

မျက်မြင်သက်သေများကမူ ဖာဒီအား ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူများက တိုက်ခိုက်ခဲ့ကြပြီး ကားအတွင်း အတင်းဝင်ခိုင်းခဲ့ကာ နောက်ပိုင်းတွင် ကားအား မီးရှို့ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

“၂ မိနစ်လောက်ကြာတဲ့အချိန်မှာ သူတို့ မီးကို ငြှိမ်းသက်လိုက်ပါတယ်။ သူ့(ဖာဒီ)ကိုတော့ ကားထဲမှာ ပစ်ထားခဲ့ပြီး ထွက်ပြေးသွားကြပါတယ်” ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။

ဇူလိုင်လ ၃၁ ရက်နေ့ကလည်း ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း နဘ်လုစ်မြို့ ဒူးမားရွာရှိ ပါလက်စတိုင်းတို့၏ အိမ် ၂ လုံးကို အစ္စရေး၏ တရားမ၀င်အိမ်ယာများ၌ နေထိုင်သည့် ဂျူးအစွန်းရောက်များက မီးလောင်ဗုံးများ၊ ဓာတ်ဆီဗုံးများဖြင့် ပစ်ကာ မီးရှို့ခဲ့သောကြောင့် ၁၈ လအရွယ် ပါလက်စတိုင်းကလေးငယ် အလီ ဒါဝါဘက်ရှ်မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်း၏ မိဘနှစ်ဦးမှာလည်း နောက်ပိုင်းတွင် ဆေးရုံ၌ သေဆုံးခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ အဆိုပါ မီးရှို့တိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ခဲ့ပြီး လုပ်ဆောင်သူများကို တရားဥပဒေရှေ့မှောက်ကို ခေါ်ဆောင်လာရန် တိုက်တွန်းခဲ့သည်။

ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င်အိမ်ယာများတွင် နေထိုင်ကြသည့် ဂျူးများမှာ မီးရှို့မှုအပါအ၀င် ပုံစံမျိုးစုံဖြင့် ပါလက်စတိုင်းပြည်သူများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများအား တိုက်ခိုက်ဖျက်ဆီးလေ့ ရှိကြသည်။

Ref: PressTV

Comments

Leave a Reply