နိုဝင်ဘာ ၂၃၊ ၂၀၁၅
M-Media
– မိမိတို့ ပါလက်စတိုင်းနိုင်ငံမှာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ေ ရးအဖွဲ့ (အိုအိုင်စီ) အဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးများ ကောင်စီတွင် တင်းပြည့်အဖွဲ့ဝင်အဖြစ် ရရှိပြီဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဂျဝဒ်အော်ဝဒ်က ထုတ်ဖော်ပြောကြားလိုက်သည်။
အိုအိုင်စီ ကျန်းမာရေးဝန်ကြီးများကောင်စီတွင် ထိုကဲ့သို့ အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းက လွပ်လပ်သော နိုင်ငံအဖြစ် ကျန်းမာရေးကဏ္ဍကို ထောက်ပံ့မှုနှင့် သက်ဆိုင်သည့် ပြည့်ဝသော အခွင့်အရေးများ၊ အခြာသော အဖွဲ့အ၀င်နိုင်ငံများကဲ့သို့ မဲပေးပိုင်ခွင့် တို့ကို ရရှိမည်ဖြစ်သည်ဟု အော်ဝဒ်က ပါလက်စတိုင်းသတင်းဌာန (WAFA) သို့ပေးပို့သော ကြေငြာချက်တွင် ပြောဆိုခဲ့သည်။
ဒေါက်တာအော်ဝဒ်မှာ ပြီးခဲ့သောကြသပတေးနေ့က တူရကီနိုင်ငံအစ္စတန်ဘူလ်မြို့တွ င် ကျင်းပခဲ့သောအိုအိုင်စီ ကျန်းမာရေးဝန်ကြီးများကောင်စီ၏ ငါးကြိမ်မြောက် ညီလာခံကိုတက်ရောက်ခဲ့သည်။
ပါလက်စတိုင်းဝန်ကြီးက အစ္စရေးမှ သိမ်းပိုက်ထာသော ပါလက်စတိုင်းပိုင်နက်များတွင် ပါလက်စတိုင်းများအပေါ် လက်ရောက်တိုက်ခိုက်မှုများတွင် အစ္စရေး အာဏာပိုင်များက ပါဝင်ပတ်သက်မှုများ၊ ဆေးအမှုထမ်းနှင့် လူနာတင်ယာဉ်များကို ဂျူးလူမျိုးအခြေချနေထိုင်သူများက ပစ်မှတ်ထား တိုက်ခိုက်မှုများနှင့် ဆးရုံများကိုစီးနင်း၍ လူနာများအား သွေးအေးအေးဖြင့် သတ်ဖြတ်မှုများကိုလည်း အဆိုပါ ညီလာခံတွင် အသိပေးပြောကြားခဲ့သည်။
-AB/IINA
Comments