6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၄၊ ၂၀၁၅
M-Media

plas

အစ္စရေး၏ စစ်ကြောမေးမြန်းမှုအတွင်း ရိုက်နှက်ခံခဲ့ရသည့် အသက် ၁၃ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ် အဟ်မဒ် မန်ဆာရာ

– အသက် ၁၂ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်များအား ဖမ်းဆီးထိန်းသိမ်းနိုင်ပြီး လူ့အခွင့်အရးအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်နေသည့် ဥပဒေကြမ်းတစ်ခုကို အစ္စရေး ၀န်ကြီးများ၏ ဥပဒေရေးရာ ကော်မတီက ယမန်နေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

အဆိုပါ ဥပဒေကြမ်းက လူသတ်မှု၊ လူသတ်ရန်ကြိုးစားမှုတို့ အပါအ၀င် အမျိုးသားရေးက လှုံ့ဆော်သည့် တိုက်ခိုက်မှုများအတွက် အပြစ်ရှိသည်ဟု တွေ့ရှိရသော အသက် ၁၂ နှစ်နှင့် အထက် ပါလက်စတိုင်း လူငယ်များကို ထောင်ဒဏ်များ ချမှတ်နိုင်မည့် ဥပဒေဖြစ်သည်။ လက်ရှိတွင် ထိုဥပဒေကြမ်း အသက်ဝင်လာစေရေးအတွက် အစ္စရေး ပါလီမန်က အတည်ပြုရန် လိုအပ်နေသည်။

လူ့အခွင့်အရေး အဖွဲ့များကမူ ထိုဥပဒေက အစ္စရေးမှ သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ ပါလက်စတိုင်း ကလေးငယ်များ၊ အစ္စရေးနိုင်ငံသား ကိုင်ဆောင်ထားသူများ၊ အစ္စရေးတစ်ဝှမ်းတွင် နေုထိုင်သည့် ပါလက်စတိုင်းများအပေါ် သက်ရောက်မည်ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အရှေ့ဂျေရုစလင်မှ ပါလက်စတိုင်းကလေးငယ်များကို အသက် ၁၄ နှစ်နှင့်အထက် မဟုတ်မချင်း ထောင်ချ၍ မရပေ။

အစ္စရေးမှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းကို ကျူးကျော်ပိတ်ဆို့ထားကာ စစ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးနေပြီး ပြီးခဲ့သည့်လများအတွင်း ဖြစ်ပွားခဲ့သော တင်းမာမှုများ၌ ကလေးငယ် ၁၇၇ ဦးအပါအ၀င် ပါလက်စတိုင်းပြည်သူ ၁၁၉၇ ဦးကို ဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့်လကလည်း အစ္စရေးမှာ အရှေ့ဂျေရုစလင်တွင် ကလေးငယ်များအား စစ်ကြောရေးနှင့် ထိန်းသိမ်းရေးစင်တာ တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ လက်ရှိအချိန်တွင် အစ္စရေးအကျဉ်းထောင်များ၌ ပါလက်စတိုင်းပြည်သူ ၆၇၀၀ ကို ဖမ်းဆီးထိန်းသိမ်းထားပြီး အနည်းဆုံး ကလေးငယ် ၃၂၀ ဦး ပါဝင်သည်။

Ref: Aljazeera

Tags:

Leave a Reply