News @ M-Media

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ယခုနှစ်တွင် ၁၄ ရာခိုင်နှုန်း မြင့်တက်

နိုဝင်ဘာ ၂၄၊ ၂၀၁၅
M-Media

myan

– လက်နက်ကိုင်တိုက်ခိုက်မှု၊ သဘာဝဘေးအန္တရာယ်များကြောင့် ကုန်သွယ်ရေး ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏
နယ်စပ်ကုန်သွယ်မှုမှာ နိုဝင်ဘာလ အလယ်အထိ စာရင်းများအရ ယမန်နှစ်ကထက် ၁၄ ရာခိုင်နှုန်း တက်လာခဲ့သည်ဟု
သိရသည်။

နယ်စပ်ဂိတ် ၁၅ ခုမှ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ ယခုအချိန်အထိ ကန်ဒေါ်လာ ၄ ဘီလီယံကျော် ရှိနေပြီး ယမန်နှစ် ယခုလိုအချိန်က ကုန်သွယ်မှုပမာဏထက် သန်း ၅၀၀ ကျော် မြင့်တက်လာခြင်းလည်း ဖြစ်သည်။

ယခုဘဏ္ဍာရေးနှစ်အတွင်း ပထမ ၈ လတွင် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးမှာ ယမန်နှစ်ကထက် နှိုင်းယှဉ်ပါက ဒေါ်လာ ၄၉၂.၉၁ သန်း တက်လာခဲ့ပြီး ၄.၂၄ ဘီလီယံအထိ ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်မှာ ဧပြီ ၁ ရက်နေ့မှ
မတ်လ ၃၁ ရက်နေ့အထိ ဖြစ်သည်။

ကုန်သွယ်မှုအမြင့်ဆုံး နယ်စပ်ဂိတ်မှာ တရုတ်နယ်စပ်ရှိ မူဆယ် နယ်စပ်ဂိတ်ဖြစ်ပြီး၊ ဒုတိယအမြင့်ဆုံးမှာ ထိုင်းနယ်စပ်ရှိ
မြ၀တီနယ်စပ်ဂိတ်ဖြစ်သည်။ အဆိုပါနယ်စပ်ဂိတ်များတွင်လည်း ယခုနှစ် ကုန်သွယ်မှုပမာဏမှာ ယမန်နှစ်ကထက် တိုးတက်မှုများ ရှိခဲ့သည်။

မတည်ငြိမ်မှုများရှိနေသော ကိုးကန့်ဒေသမှ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကုန်သွယ်မှုမှာ တိုက်ခိုက်မှုများကြောင့် ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ် ကုန်သွယ်မှုအမြင့်ဆုံးနေရာများတွင် တတိယချိတ်ခဲ့သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ် ၁၅ ခု၌ ချင်းရွှေဟော်၊ တာချီလိတ်၊ မောင်တောနှင့် တမူးတို့မှလွဲ၍ ကျန်ရှိသည့် နယ်စပ်ဂိတ်အားများလုံးတွင် ကုန်သွယ်မှုမှာ ယမန်နှစ်ကထက် မြင့်တက်ခဲ့သည်။

Ref: Bangkokpost

Comments

Leave a Reply