နိုဝင်ဘာ ၂၉၊ ၂၀၁၅
M-Media
– ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့သည့် တိုက်စစ်မှူး ဂျာမီ ဗာဒီအား လက်စတာစီးတီးနည်းပြ ရာနီရေးရီက ချီးကျူးလိုက်ပြီး ဗာဒီမှာ မယုံနိုင်စရာကောင်းသည့် ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။
လက်စတာအသင်း၏ အိမ်ကွင်းတွင် ယမန်နေ့က မန်ယူအသင်းနှင့် ၁ ဂိုးစီသရေကျသည့်ပွဲ၌ ဗာဒီမှာ ၂၄ မိနစ်တွင် အဖွင့်ဂိုး သွင်းပေးခဲ့ပြီး ထိုဂိုးမှာ ၎င်း၏ ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်ကာ မန်ယူတိုက်စစ်မှူးဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်း တင်ထားသည့် ၁၀ ပွဲဆက်တိုက် ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်ခြင်းလည်း ဖြစ်သည်။
“ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့မှာ ရည်ရွယ်ချက်နှစ်ခုရှိပြီး တစ်ခုက ပွဲနိုင်ဖို့နဲ့ တစ်ခုက ဗာဒီ စံချိန်တင်ဖို့ဆိုပြီး ပွဲမစခင်က ကစားသမားတွေကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့ တစ်မှတ်ရတယ်။ ဒါက အမှတ်ပေးဇယားအတွက် ကောင်းခဲ့ပြီး ဗာဒီကလည်း စံချိန်ချိုးနိုင်ခဲ့ပါတယ်။ သိပ်ကိုလှပတဲ့ ညနေခင်းလေးပါပဲ” ဟု ရာနီရေးရီက ပြောကြားခဲ့သည်။
ယခုပွဲသရေကြောင့် လက်စတာမှာ အမှတ်တူဂိုးကွာခြားချက်ဖြင့် ပရီးမီးယားလိဂ်ဇယား၏ ဒုတိယနေရာတွင်ရှိနေပြီး တတိယနေရာမှ မန်ယူအား ၁ မှတ်ဖြတ်ထားနိုင်သည်။
Ref: Goal
Comments