6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၉ ၂၀၁၅
M-Media

e0a6a6abe6f2416b945da7a84bb18a1b_18

– (ဆီးရီးယားနိုင်ငံက ရက်ကာပြည်နယ်ဟာ ၂၀၁၃ ခုနှစ်နှောင်းပိုင်းမှာ IS အဖွဲ့လက်ထဲကို ကျရောက်ခဲ့ပြီး ပြည်နယ်မြို့တော် ရက်ကာကိုလည်း IS က သူတို့ရဲ့ ရုံးစိုက်ရာမြို့တော်အဖြစ် ကြေငြာခဲ့ပါတယ်။ တစ်ချိန်က ပျားပန်းခတ်မျှ စည်ကားလှတဲ့ ရက်ကာဟာ ဒီနေ့မှာတော့ ကြမ်းကြုတ်သူ၊ ဖိနှိပ်သူတွေရဲ့ လက်အောက် ပြည်သူတွေနေထိုင်နေရတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ ရက်ကာမြို့မှာ နေထိုင်သူ တစ်ယောက်က IS အဖွဲ့လက်အောက်မှာ ကျင်လည်နေရတဲ့ သူတို့ရဲ့ နေ့စဉ်ဘ၀ကို ဒီလို ပြောပြခဲ့ပါတယ်)

ကျွန်တော့်နာမည်ကို ဂါရဘ် အလ်-အိုမာဝီလို့ မှည့်ထားပြီး Facebook လို ဆိုရှယ်မီဒီယာအကောင့်တွေမှာ အဲဒီနာမည်နဲ့ ကျွန်တော် အသုံးပြုပါတယ်။ ဆီးရီးယားအရှေ့ဘက်ခြမ်းဖြစ်တဲ့ ရက်ကာကနေ ဒီရ် အက်ဇိုရ်မြို့တွေဟာ IS ရဲ့ ထိန်းချုပ်မှုလက်ထဲ ကျရောက်သွားတဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ ဘ၀တွေဟာ ပြောင်းလဲသွားပါတော့တယ်။

ရက်ကာက နေ့စဉ်ဘ၀တွေဟာ မျက်ဖုံးစွပ်တွေ စောင့်ကြပ်ထားတဲ့ အကျဉ်းထောင်ကြီးထဲမှာ နေရတာနဲ့တူတယ်။ ကျွန်တော်တို့ရဲ့ မနက်တွေဟာ ကောင်းကင်ပေါ်မှာ ပျံဝဲသွားတဲ့ တိုက်လေယာဉ်တွေအသံနဲ့ နိုးထရပါတယ်။

ဒရုန်းလေယာဉ်ကတော့ ကျွန်တော်တို့မြို့ရဲ့ မိုးကုပ်စက်ဝိုင်းမှာ အမြဲတမ်း ရှိနေပါတယ်။ အဲဒီ ဒရုန်းတွေနဲ့အတူ IS က မြို့တွင်းမှာတပ်ထားတဲ့ လေကြောင်းအချက်ပေး ဥသြသံတွေလည်း ရှိပါတယ်။

အခုအချိန်မှာတော့ ရက်ကာက ကလေးတွေဟာ ဗုံးကြဲမှုကို မကြောက်ကြတော့ပါဘူး။ ကျွန်တော်တို့အပေါ်မှာ ပျံဝဲနေတဲ့ တိုက်လေယာဉ်တွေရဲ့ အမျိုးအစားတွေကိုတောင်မှ သူတို့လေးတွေ ခွဲခြားတတ်နေပါပြီ။ ဒါဟာ အာဆတ်အစိုးရကဟာ၊ ရုရှားကလေယာဉ်လား၊ ဒါမှမဟုတ် အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ကလား ဆိုတာမျိုးပေါ့။

အမျိုးသမီးတွေကလည်း နေသားကျသွားလို့ လေယာဉ်တွေလာရင် မအော်ကြတော့ပါဘူး။ တိုက်လေယာဉ်တွေရဲ့ အသံကိုကြားရင် ကြောက်ရွံ့၊ စိုးရိမ် ထိတ်လန့်မှုတွေဖြစ်တတ်တဲ့ သူတွေကိုကြည့်ပြီး အဲဒီသူတွေဟာ ကျွန်တော်တို့မြို့ထဲကို ၀င်လာတဲ့ မျက်နှာသစ်တွေဆိုတာကိုလည်း ကျွန်တော်တို့ အခုအချိန်မှာ ခွဲခြားနိုင်ပါပြီ။

နေ့စဉ် ကျွန်တော့်အိမ်ကနေ ထွက်တဲ့အခါ လမ်းတွေကိုပတ်ပြီး ဟိုဟိုဒီဒီ လျှောက်သွားတတ်ပါတယ်။ IS အဖွဲ့ မြို့တွင်းမှာ ကျူးလွန်တဲ့ ကြမ်းကြုတ်မှုတွေကို ကျွန်တော် မှတ်တမ်းတင်းဖို့ ကြိုးစားပါတယ်။

ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ကို သူတို့ ဖမ်းသွားပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်ဟာ IS အဖွဲ့ရဲ့ ရာဇ၀တ်မှုတွေကို စတင် မှတ်တမ်းတင် စုဆောင်းပါတော့တယ်။ သူငယ်ချင်းကိုတော့ လွတ်လပ်သော ဆီးရီးယားတပ်မတော် FSA အတွက် သူလျှိုလုပ်ပေးတယ်ဆိုပြီး နောက်ပိုင်းမှာ သူတို့သတ်ပစ်လိုက်ပါတယ်။

IS က ထိန်းချုပ်တဲ့ ဒေသအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ နေ့စဉ်အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် သတင်းလေးတွေ ရေးပါတယ်။ ပြီးတော့ ဖမ်းဆီးတာ၊ ကားစင်တင်သတ်တာနဲ့ ခဲပေါက်တာတွေအပါအ၀င် ရက်စက်မှု တော်တော်များများကိုလည်း ကျွန်တော်တို့ ရေးသားဖော်ပြခဲ့ပါတယ်။

ဘာရှာအလ်အာဆတ်ရဲ့အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ စစ်ပွဲ ဒါမှမဟုတ် တော်လှန်ရေး (ကျွန်တော်ကတော့ ဒီလိုပဲ ခေါ်ချင်ပါတယ်) မစတင်ခင်က ယူဖရေးတီးတက္ကသိုလ်မှာ ကျွန်တော်ဟာ စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာရပ်နဲ့ ကျောင်းတက်တာပါ။

အခြားသော ဆီးရီးယားလူငယ်တွေလိုပဲ ကျွန်တော်ရဲ့ဘ၀ကို ကုန်ဆုံးပါတယ်။ ကျွန်တော့် ၀ါသနာက ဘောလုံးကန်တာ၊ ရေးကူးတာဖြစ်ပြီး လျှောက်သွားရတာကိုလည်း ကျွန်တော် ကြိုက်ပါတယ်။

၂၀၁၁ ခုနှစ်မတ်လ တော်လှန်ရေးစဖြစ်တဲ့အချိန်မှာ ဆီးရီးယားအရှေ့ဘက် ဒီရ် အက်ဇိုရ် ဒေသက ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမှုမှာ ကျွန်တော် ပါဝင်ခဲ့တယ်။

အဲဒီ ငြိမ်းချမ်းစွာ ဆန္ဒပြမှုက ၃ လလောက်ကြာပါတယ်။ ပြီးတော့ မြို့ရဲ့ အဓိကရင်ပြင်မှာ ဆန္ဒပြသူတွေကလည်း ၅ သိန်းလောက် ဖြစ်လာပါတယ်။

အာဏာရှင်ရဲ့ လက်ကိုင်တုတ် တပ်ဖွဲ့တွေက လူငယ်တွေကို ပစ်မှတ်ထားပြီး ဆန္ဒပြသူတွေကို နှိမ်နင်းပါတယ်။ ပြည်သူတွေကလည်း ရသလို ပြန်တုန့်ပြန်ကြပါတယ်။ အဆီးအတားတွေလုပ်ကြတယ်။ မြို့တွင်းက သယ်ယူပို့ဆောင်ရေး စနစ်ကိုလည်း ဟန့်တားနှောက်ယှက်ကြပါတယ်။

ဆတ်ဆတ်ထိမခံတဲ့အစိုးရက တင့်ကားတွေ၊ အကြီးစားလက်နက်တွေနဲ့ မြေပြင်တပ်အများအပြားကို ချထားလိုက်ပါတယ်။

အဒီအချိန်မှာ မိသားစုတော်တော်များများဟာ ဒီရ်အက်ဇိုရ်လောက်မဆိုးတဲ့ ရက်ကာမြို့ကို ပြေးလာခဲ့ကြပါတယ်။ ကျွန်တော်တို့လည်း ဆီးရီးယားအစိုးရရဲ့ အကြင်နာမဲ့ ဗုံးကြဲမှု၊ နှိမ်နင်းမှုကို ကြောက်ပြီး ထွက်ပြေးလာခဲ့ပါတယ်။

ကျွန်တော် ကျောင်းပြန်တက်ဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော့်ကို တုန်လှုပ်သွားစေမယ့်၊ ကျွန်တော့်ဘ၀ကို ပျက်ဆီးသွားစေမယ့် စာတစ်စောင်ကို သူငယ်ချင်းစီကနေ ရခဲ့ပါတယ်။ အဲဒီစာမှာ “နိုင်ငံရေးကိစ္စကြောင့် သင့်ကို ကျောင်းမှ ထုတ်ပယ်လိုက်သည်” လို့ ရေးထားပါတယ်။

ကျောင်းထုတ်တဲ့စာနဲ့ပတ်သက်ပြီး အခြား သတင်းအချက်အလက်တွေကို သူငယ်ချင်းက ကျွန်တော့်ကို မပေးခဲ့ပါဘူး။ ဒီဆုံးဖြတ်ချက်ကြောင့် ကျွန်တော်ဟာ ပညာဆက်လက်ဆည်းပူးဖို့ ငြင်းပယ်ခံလိုက်ရပါတယ်။ တက္ကသိုလ်ဆက်တက်ဖို့ ကျွန်တော် အခုအချိန်အထိ အိပ်မက်မက်နေတုန်းပါပဲ။

၂၀၁၃ ခုနှစ်မတ်လမှာ FSA ဟာ အလ်-နူဆရာအဖွဲ့က တိုက်ခိုက်ရေးသမားတွေရဲ့ အကူအညီနဲ့ ရက်ကာမြို့ကို အစိုးရတပ်တွေထံကနေ တိုက်ပြီး လွတ်လပ်အောင် လုပ်ခဲ့ပါတယ်။ အလ်-နူဆရာအဖွဲ့ကတော့ နောက်ပိုင်းမှာ ပြို့ကွဲခဲ့ပါတယ်။ အကြောင်းအရာတွေက သိပ်မြန်ပြီး ၂၀၁၄ ခုနှစ် အစောပိုင်းမှာတော့ FSA တပ်ဖွဲ့တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်ပြီး IS အဖွဲ့က ရက်ကာကို ထိန်းချုပ်လိုက်ပါတယ်။ FSA ကတော့ နောက်ပိုင်းမှာ ဆုတ်ခွာခဲ့ရပါတယ်။

IS က သူတို့ရဲ့ ဌာနချုပ်မှာ အလံနက်ကို စတင်လွှင့်တင်တယ်။ ဖမ်းဆီးမှုတွေ တော်တော်များများ ပြုလုပ်ခဲ့ပြီး အစိုးရ အဖွဲ့အစည်တွေကနေ ခိုးယူတာတွေ စလုပ်ခဲ့ပါတယ်။ ပြီတော့ သူတို့ရဲ့ ကိုယ်ပိုင်ဒေသ တည်ဆောက်ဖို့အတွက် ဆီးရီးယားနိုင်ငံရဲ့ အမှတ်သညာနဲ့ ဆက်စပ်တာတွေအားလုံးကို ဖယ်ရှားခဲ့ကြပါတယ်။

ဖမ်းဆီးမှု၊ သတ်ဖြတ်မှုတွေအပါအ၀င် ဆီးရီးယားစစ်တပ်က ခိုင်းတဲ့သူတွေရဲ့ လုပ်ရပ်တွေနဲ့ ထပ်တူ နည်းလမ်းအတိုင်း IS က သူတိုရဲ့ ဒေသကို တည်ဆောက်ပါတယ်။

ဒါပေမယ့် IS ရဲ့ ရက်စက်ကြမ်းကြုတ်မှုကတော့ အာဏာရှင်အာဆတ်ကို ကျော်လွန်ခဲ့ပါတယ်။ လက်ဝါးကပ်တိုင်တင်ပြီး သတ်ဖြတ်တယ်၊ လက်တွေကိုဖြတ်တယ်။ လူတွေအရှေ့မှာ ခဲနဲ့ပေါက်သတ်တာမျိုး၊ ကြာပွတ်နဲ့ ရိုက်တာမျိုး လုပ်လာပါတယ်။

ဆေးလိပ်သောက်တာကို တင်းတင်းကြပ်ကြပ်တားမြစ်တဲ့ ဥပဒေတွေကိုလည်း IS က ထုတ်ပါတယ်။ ဆေးလိပ်သောက်တဲ့လူတွေကို ပထမအကြိမ် အပြစ်ပေးမှုအဖြစ် လူတွေအရှေ့မှာ ကြာပွတ်နဲ့ အချက် ၄၀ ရိုက်ပါတယ်။ ဒုတိယအကြိမ်ဆိုရင်တော့ ထောင်ထဲကို ထည့်ပါတော့တယ်။

တတိယအကြိမ်တွေ့ရင်တော့ ကြာပွတ်နဲ့ရိုက်တယ်၊ ဒဏ်ငွေရိုက်တယ်၊ ထောင်ချပြီး၊ မြို့ကနေ မောင်းထုတ်ပါတယ်။

မကြာသေးခင်ကပဲ လူဖမ်းပွဲကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်တဲ့၊ ဖင်ကျပ်ဘောင်းဘီဝတ်တဲ့၊ မုတ်ဆိတ်ရိတ်တဲ့ လူငယ်တွေကို ပစ်မှတ်ထားတာပါ။ အမျိုးသမီးတွေကိုတော့ အစ္စလာမ့်ရိုးရာဝတ်စုံကို မ၀င်တဲ့အတွက်ဆိုပြီး အဓိကထား ဖမ်းပါတယ်။

အခြေနေတွေ ပိုပိုဆိုးလာတာကို စောင့်ကြည့်နေရင်းနဲ့ပဲ ကျွန်တော်ဟာ အတွေ့အကြုံရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနစ်လစ်တွေပေါင်း၊ အဖွဲ့ဖွဲ့ပြီး Sound and Picture ဆိုတဲ့ စီမံကိန်းကိုစဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီစီမံကိန်းဟာ ဆီးရီးယားစစ်ပွဲအတွင်းမှာ ပါဝင်တဲ့ လက်နက်ကိုင်တွေအားလုံးက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ဖို့ပါ။

အဲဒီစီမံကိန်းဟာ IS က သိမ်းပိုက်ထားတဲ့ ဒေသတွေမှာနေထိုင်တဲ့ ပြည်သူတွေရဲ့ အသံကို မီဒီယာကဏ္ဍ၊ မှတ်တမ်းရုပ်ရှင်ကဏ္ဍ စတဲ့ ကဏ္ဍနှစ်ခုနဲ့ ထုတ်ပေးပါတယ်။

ကျွန်တော်ကတော့ မီဒီယာကဏ္ဍမှာအလုပ်လုပ်ပြီး ကျွန်တော်တို့ရဲ့အလုပ်က ဖြစ်နေတဲ့၊ ဖြစ်တော့မယ့် ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုများကိုမဆို လျှို့ဝှက်မှတ်တမ်းရယူတာ၊ ကိုယ်တိုင် ဗီဒီယိုရိုက်တာတို့ကို သွားလုပ်ရတာပါပဲ။ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အင်တာနက်စာမျက်နှာတွေမှာ ချက်ခြင်း လွှင့်တင်တာပါ။ ကျွန်တော်တို့လုပ်တဲ့အလုပ်က အန္တရာယ်ရှိပါတယ်။

ကျွန်တော်တို့ရဲ့ မှတ်တမ်းယူတဲ့၊ ဗီဒီယိုရိုက်တဲ့ လုပ်ငန်းစဉ်ကို ထုတ်ပြောလို့မရသေးပါဘူး။ ထုတ်ပြောလိုက်ရင်တော့ ပြဿနာအကြီးကြီး တက်သွားပါလိ့မ်မယ်။

IS ရဲ့ ကျူးလွန်မှုကတော့ ရက်စက်မှုထက်ကို ပိုပါတယ်။ တစ်ချို့လူတွေက ဒီအချက်ကို လုံးဝ လစ်လျူရှုထားကြတယ်။ ဘယ်သူကမှ ရက်ကာမှာ ထိန်းသိမ်းခံထားရတဲ့သူတွေအားလုံးကို ဂရုမစိုက်ကြပါဘူး။ IS က ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူတွေအကြောင်းလည်း ဘယ်သူမှ မမေးကြပါဘူး။

IS ရဲ့ ချိုးဖောက်မှုတွေကို ဖော်ပြဖို့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်အပေါ်မှာ အာရုံစိုက်အလုပ်လုပ်တဲ့အခါ ကြောက်ရွံ့စိတ်က လွင့်စင်သွားပါတယ်။

တစ်နေ့တော့ ကျွန်တော်တို့ရဲ့ အလုပ်က ကျွန်တော်တို့ကို လွတ်မြောက်စေမှာဖြစ်ပြီး IS ကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင် လာနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါတွေဟာ ကမ္ဘာကြီးကို ကျွန်တော်တို့ ချပြချင်တဲ့ အကြောင်းအရာတွေပါပဲ။

ref: aljazeera

Tags: ,

Leave a Reply