6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၉၊ ၂၀၁၅
M-Media

climate

– ၁၉၉၂ ခုနှစ် ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမှာ ပြုလုပ်ခဲ့တဲ့ Earth Summit ထိပ်သီးညီလာခံမှာ ရာသီဥတုပြောင်းလဲခြင်းပြဿနာကို ပထမဆုံးအကြိမ် ကမ္ဘာကြီးက အသိအမှတ်ပြုပြီးနောက်ပိုင်း ၂၃ နှစ်တာကာလအတွင်း ရုပ်ကြွင်းလောင်စာတွေကနေ ကာဘွန်ထုတ်လွှတ်မှုဟာ အကျတော့ မရှိခဲ့ပါဘူး။

၁၉၉၂ ခုနှစ်က ရုပ်ကြွင်းလောင်စာသုံးစွဲမှု၊ ဘိလပ်မြေထုတ်လုပ်မှုတွေကနေ ထွက်ပေါ်လာတဲ့ ကာဘွန်ထုတ်လွှတ်မှုဟာ တန်ပေါင်း ၆.၁၃ ဘီလီယံရှိတယ်လို့ ခန့်မှန်းခဲ့ကြပြီး၊ ကုလရဲ့ ရာသီဥတုဆိုင်ရာ ညီလာခံတွေ ၂၁ ကြိမ်လောက်ကျင်းပပြီးတဲ့ ဒီကနေ့မှာလည်း ဒီကာဘွန်ထုတ်လွှတ်မှုဟာ ကျမသွားတဲ့အပြင် တန်ပေါင်း ၁၀ ဘီလီယံတောင် ကျော်လွန်လို့ လာခဲ့ပါပြီ။

ထုတ်လွှတ်မှုနှုန်းဟာ နှေးကွေးတယ်လို့ အချက်အလက်တွေက ဖော်ပြနေပေမယ့်လည်း ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏဟာ လေထုအတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ သိန်းလောက်က ရှိခဲ့တဲ့ ပမာဏထက် အတော့်ကို များပြားနေပါပြီ။

ဒါကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို ရပ်တန့်ဖို့အတွက် သိပ္ပံပညာရှင်တွေက အခြားနည်းလမ်းတွေ ရှာဖွေခဲ့ကြပြီး geo-engineering လို့ခေါ်တဲ့ ကမ္ဘာကြီးရဲ့ရာသီဥတုစနစ်ကို ကြီးကြီးမားမား ၀င်ရောက်စွက်ဖက်တဲ့နည်းလမ်းကို တွေ့ရှိခဲ့ကြပါတယ်။

အလင်းများ ပြန်စေခြင်း

ကမ္ဘာကြီးကရရှိတဲ့ အပူအများဆုံးဟာ နေကနေ လာတာကြောင့် geo-engineering နည်းလမ်းရဲ့ အယူအဆတွေဟာ ဒီအပူတွေကို အာကသာထဲပြန်ရောက်အောင်လုပ်ဖို့ကို အခြေခံထားပါတယ်။

အဲဒီထဲက အိုက်ဒီယာတစ်ခုက ကောင်းကင်မှာ ဆားပါတဲ့ရေတွေကို ဖြန်းခြင်းအားဖြင့် တိမ်တွေကို ပိုမိုတောက်ပစေဖို့ပါပဲ။ ဒီနည်းလမ်းက ဆားအမှုန်တွေဟာ ရေစက်ရေပေါက်တွေကို ပိုမိုသိပ်သည်းစေပြီး၊ တိမ်တွေကို အလင်းပိုပြန်စေနိုင်တယ်ဆိုတဲ့ ယူဆချက်ကို အခြေခံထားတာ ဖြစ်ပါတယ်။

လက်တွေ့မှာတော့ ဒီလုပ်ငန်းကို အကောင်အထည်ဖော်ဖို့အတွက် လေယာဉ်တော်တော်များများ ဒါမှမဟုတ် မိုးမျှော်တာဝါ ရာနဲ့ချီပြီး လိုအပ်ပါတယ်။ ဒါပေမယ့် သိသာတဲ့ ထိရောက်မှုမျိုး ရှိမယ်ဆိုတာကို သက်သေပြနိုင်မယ့် အထောက်အထားတော့ မရှိသေးပါဘူး။

နောက်ထပ် ကုန်ကျစားရိတ်များပြီး အလုပ်ဖြစ်မယ်လို့ တပ်အပ်မပြောနိုင်တဲ့ နည်းလမ်းတစ်ခုက နေရောင်ခြည်တွေ ကမ္ဘာပေါ်ရောက်ရှိလာမှုကို တားဆီးဖို့ ဒါမှမဟုတ် အလင်းပြန်စေဖို့အတွက် အာကာသထဲမှာ အလင်းပြန်မှန်ချပ်ကြီးတွေကို ထားရှိဖို့ပါပဲ။

ဒီနည်းလမ်းကို အကြံပြုသူတွေက အလင်းပြန်မှန်တွေဟာ နေရောင်ခြည်ရဲ့ ၂ ရာခိုင်နှုန်းလောက်ကိုသာ တားဆီးပေးနိုင်မှာဖြစ်ပြီး တစ်ချပ်ကို စကွဲယားကီလိုမီတာ ၁.၅ သန်း အရွယ်အစားရှိရမယ်လို့ ဆိုပါတယ်။ ဒီအရွယ်အစားဟာ အမေရိကန်က Greenland ဒေသထက် နည်းနည်းလေးသာ သေးပါတယ်။ ဒီမှန်ချပ်ကိုလည်း အများအပြား ဖန်တီးရမှာဖြစ်တာကြောင့် တော်တော်လေး အကုန်အကျများမယ့် နည်းလမ်းတစ်ခုပါပဲ။

ဖြစ်နိုင်ဖွယ်ရာရှိတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ၁၉၉၁ ခုနှစ်က ပီနာတူဘိုမီးတောင် လှုပ်ခတ်မှုက ရရှိတဲ့ ယူဆချက်ပါပဲ။ အဲဒီလှုပ်ခတ်မှုအတွင်းမှာ ဆာလဖာဒိုင်အောက်ဆိုက် တန်ပေါင်း သန်း ၂၀ လောက် လေထဲရောက်ခဲ့ပြီး နောက်ထပ်နှစ် ၂၀ အကြာမှာတော့ အဲဒီရလဒ်ကြောင့် ကမ္ဘာကြီးမှာ ၀.၅ ဒီဂရီစင်တီဂရိတ်လောက် အပူချိန်လျော့ကျခဲ့ပါတယ်။

“လေထုအပေါ်ပိုင်းကို ဆာလဖာဒိုင်အောက်ဆိုက် SO2 တွေ ဖြန်းခဲ့မယ်ဆိုရင် ကမ္ဘာကြီးကို အေးစေနိုင်မှာပါ။ ကျွန်တော်တို့ဆက်ပြီး ဖြန်းနေမယ်ဆိုရင်တော့ ကမ္ဘာကြီးကလည်း ဆက်ပြီး အေးနေမှာဖြစ်ပြီး ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလည်း ဖာထေးနိုင်မှာဖြစ်ပါတယ်” လို့ Science မဂ္ဂဇင်းက အယ်ဒီတာချုပ် မာစီယာ မက်နတ်က ပြောပါတယ်။

ဒီနည်းလမ်းရဲ့ ပြဿနာတစ်ခုက SO2 ဟာ အိုဇုန်းအလွာကို ပျက်ဆီးစေပြီး ရလဒ်အနေနဲ့ နေကလာတဲ့ အန္တရာယ်ရှိ ဓာတ်ရောင်ခြည်တွေကို တံခါးမရှိဓားမရှိ ၀င်လာစေနိုင်တာပါပဲ။

ပြီးတော့ ဆာလဖာဒိုင်အောက်ဆိုက်တွေဟာ လေထုထဲမှာ နှစ်နဲ့ချီပြီး ရှိနေနိုင်တာကြောင့် တစ်ခုခု လွဲချော်တာမျိုးရှိခဲ့ရင် ဒီလုပ်ငန်းစဉ်ကို ဖျက်သိမ်းဖို့ ခက်ခဲမှာပါပဲ။

“ကာဘွန်ဒိုင်အောက်ဆိုက်တွေ မြင့်တက်လာတဲ့အတွက်ကြောင့် အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ ဆောင်ရွက်မှုတွေကို မြှင့်တင်ရမှာဖြစ်ပြီး၊ ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ဖို့အတွက် geo-engineering နည်းလမ်းကိုလည်း မြင့်တက်အောင်ဆောင်ရွက်ဖို့ လိုပါတယ်” လို့ အင်္ဂလန်နိုင်ငံ လိဒ်တက္ကသိုလ်က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါမောက္ခဖြစ်ပြီး geo-engineering နည်းလမ်းတွေရဲ့ အလားအလာကို အကဲဖြတ်မှု စီမံကိန်းမှာ အဓိက သုတေသနပြုသူအဖြစ် ဆောင်ရွက်နေတဲ့ ပီယာ့စ် ဖောစတာက ဆိုပါတယ်။

ကာဘွန်ဖမ်းယူခြင်း

သမုဒ္ဒရာတွေဟာ လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုက်တွေ စုပ်ယူမှုကိုကြည့်ပြီး သိပ္ပံပညာရှင်တွေဟာ အခြားသော
နည်းလမ်းတွေကိုလည်း ရှာဖွေကြပါတယ်။

နယူးဇီလန်က ပင်လယ်ပြင်တွေမှာပြုလုပ်တဲ့ စမ်းသပ်မှုတစ်ခုမှာ သုတေသနပညာရှင်တွေဟာ phytoplankton လို့ခေါ်တဲ့ ရေပေါ်မှာမျောပါသွားတတ်တဲ့ အပင်သေးသေးလေးတွေဖြစ်လာအောင် သမုဒ္ဒရာထဲကို သံဓာတ်တွေ ထည့်သွင်းခဲ့ပါတယ်။

ရလဒ်အနေနဲ့ လိုချင်တဲ့အပင်တွေ အစုလိုက်အပြုံလိုက် ပေါက်လာခဲ့ပြီး အာကာသကနေတောင် မြင်ရတဲ့အထိ များပြားခဲ့ပါတယ်။

“သံဓာတ်ကျွေးမွေးတဲ့ ဒီအပင်တွေ ရေရှည်မှာ ကာဘွန်ဖယ်ရှားနိုင်တဲ့ ပမာဏဟာ ရုပ်ကြွင်းလောင်စာကနေ ကာဘွန်ထုတ်လွှတ်မှုနဲ့နှိုင်းယှဉ်လိုက်ရင် မဖြစ်စလောက်လေးပါပဲ” လို့ ၀ယ်လင်တန် NIWA အဖွဲ့က ရေကြောင်းဆိုင်ရာ ဇီဝဓာတု ပညာရှင်ဖြစ်သူ ဒေါက်တာ ကလစ်ဖ် လော က ပြောကြားခဲ့ပါတယ်။

“မြေသြဇာ များများစားစားကျွေးပြီး ဒီအပင်တွေကိုမွေးရင် မရည်ရွယ်ဘဲဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ်”

ချက်ချင်း မဖြေရှင်းနိုင်

ရာသီဥတုပြောင်းလဲမှုပြဿနာကို အလျင်အမြန်ဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြရလောက်ပေမယ့်လည်း လက်ရှိအချိန်မှာ ရှာဖွေတွေ့ရှိထားတဲ့ ယူဆချက်တွေဟာ ရေတိုနဲ့ ဒေသတစ်ခုလောက်အတွက် အဖြေသာဖြစ်ပြီး အချို့သော ကိစ္စတွေမှာ အခြေအနေက ပိုပြီးဆိုးရွားသွားနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။

“ဒီနည်လမ်းတွေအားလုံးဟာ လက်ရှိအချိန်မှာ စိတ်ကူးယဉ်သာသာလောက်သာ ရှိနေပါသေးတယ်။ လူတွေကြိုးစားခဲ့တဲ့ အကြောင်းအရာတွေရဲ့ ပမာဏက တော့်တော့်ကို သေးငယ်ပါသေးတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ကောက်ချက်တွေထဲက တစ်ခုကတော့ ဒီနည်းလမ်းတွေကို ဖွံ့ဖြိုးလာဖို့အတွက် အချိန်တော်တော်ကြာပြီး အကုန်အကျလည်း တော်တော်များမယ် ဆိုတာပါပဲ” လို့ ဖော်စတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

နည်းပညာသစ်တွေဟာ အရေးပါပေမယ့် သိပ္ပံပညာရှင်အများစုတော့ အဲဒီနည်းပညာတွေဟာ ကာဘွန်ထုတ်လွှတ်မှု လျာ့ချခြင်းမှာ အစားထိုးနိုင်မှာမဟုတ်ဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။

Ref: Aljazeera

Leave a Reply