6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၉၊ ၂၀၁၅
M-Media

morin

– ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် နည်းပြမော်ရင်ဟိုက ၎င်းမှာ အနားယူမည်မဟုတ်ဘဲ လန်ဒန်တွင် ဆက်နေကာ
နည်းပြအလုပ်အား ချက်ခြင်းဆက်လုပ်သွားရန် အဆင်သင့်ရှိနေသည်ဟု ယနေ့မနက်တွင် ထုတ်ပြန်သော ကြေငြာချက်၌ ပြောကြားခဲ့သည်။

လက်ရှိချန်ပီယံဖြစ်သော်လည်း ဆိုးရွားသောရလဒ်များကြောင့် ချယ်ဆီးမှာ မော်ရင်ဟိုအား ပြီးခဲ့သည့် ကြာသာပတေးနေ့က အသင်းမှ ထုတ်ပယ်ခဲ့သည်။ လစ်လပ်နေသော နည်းပြနေရာအတွက် ဂူစ်ဟစ်ဒင့်မှာ ယာယီတာဝန်ယူမည်ဟု ရေပန်းစားနေသည်။

လော့စ်အိန်ဂျလီစ်အခြေစိုက် CAA အေးဂျင့်မှတစ်ဆင့် ထုတ်ပြန်ခဲ့သော အဆိုပါကြေငြာချက်တွင် မော်ရင်ဟိုက ၎င်းမှာ မောပန်းနွမ်းနယ်ခြင်းမရှိဘဲ နည်းပြဘ၀မှ အနားယူမည်မဟုတ်ဟု ဖော်ပြခဲ့သည်။

“သူက လစာယူပြီး ထိုင်နေမှာမဟုတ်ပါဘူး။ သူဟာ နွမ်းနယ်ခြင်းမရှိပါဘူး။ သူဟာ အင်မတန် အပြုသဘောဆောင်နေပါတယ်။ ပြီးတော့ ရှေ့ဆက်လျှောက်ဖို့လည်း အဆင်သင့်ရှိနေပါတယ်” ဟု အဆိုပါ ကြောငြာချက်တွင် ရေးသားထားသည်။

မော်ရင်ဟို၏ အနာဂတ်နှင့် ပတ်သက်၍မူ ၎င်းမှာ လန်ဒန်တွင်သာ ဆက်ရှိသွားမည်ဖြစ်ကြောင်း၊ ကောလဟာလများ မဖြစ်စေရန် အသင်းကြီးများ၏ ပြိုင်ပွဲမှလွဲ၍ အခြားသော ပရီးမီးယားလိဂ်ပွဲစဉ်များကို ကြည့်ရှုသွားမည်ဖြစ်ကြောင်း ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Ref: Goal

Leave a Reply