6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၁၊ ၂၀၁၅
M-Media

– ဂရိနိုင်ငံမှာ မနက်ဖြန်တွင်ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသွားရန် ရှိနေပြီး ထိုအစည်းအဝေးသို့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်လည်း တက်ရောက်သွားရန် ရှိနေသည်ဟု သိရသည်။

အဘတ်စ်မှာ ၎င်း၏ ဂရိသို့ ၃ ရက်တာခရီးစဉ်အဖြစ် ယမန်နေ့က အေသင်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဂရိသမ္မတ ပရိုကိုမစ် ပါဗ်လိုပူးလော့စ်၊ ၀န်ကြီးချုပ် အလက်ဇစ် တီစီပရက်စ်တို့နှင့်လည်း တွေ့ဆုံရန်ရှိနေသည်။

ဂရိမှာ ပြီးခဲ့သည့်ဇွန်လကလည်း မိမိတို့၏ အာဏာပိုင်များမှာ “ပါလက်စတိုင်း” ဟူသည့် စကားလုံးကို တရားဝင်သုံးစွဲသွားမည်ဟု ကြေငြာခဲ့သည်။

“ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံကို ရည်ညွှန်းတဲ့အခါ “ပါလက်စတိုင်း” လို့ တစ်သတ်မှတ်တည်း သုံးနှုန်းသွားဖို့အတွက် ဂရိအုပ်ချုပ်ရေးယန္တယားတစ်ခုလုံးကို ညွှန်ကြားချက်ဖြန့်ဝေပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ပြီးပါပြီ” ဟု နိုင်ငံခြားရေးဝန်ကြီး နီကို့စ် ကော့ဇီယက်စ်မှ ထိုစဉ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လများအတွင်း ယူကေ၊ ပြင်သစ်၊ စပိန်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီတို့အပါအ၀င် အခြားသော ဥရောပနိုင်ငံများမှ လွှတ်တော်များကလည်း ပါလက်စတိုင်းအား အသိအမှတ်ပြုခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဥရောပပါလီမန်၌ ပါလက်စတိုင်းအား အသိအမှတ်ပြုရန် နိုင်ငံအများစုက ထောက်ခံခဲ့ကြသည်။

Ref: IINA, Press TV

Tags:

Leave a Reply