6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

 

ဒီဇင်ဘာ ၂၁၊ ၂၀၁၅
M-Media
myan

မြန်မာအိမ်ရှင်၏ နှိပ်စက်မှုကြောင့် မအိဖြူထွန်းတွင် ရရှိခဲ့သည့် ဒဏ်ရာများ

– ပြီးခဲ့တဲ့လပိုင်းတွေမှာ စင်ကာပူက အိမ်အကူလုပ်သားတွေ ငြှင်းပမ်းနှိပ်စက်ခံရတာကို တော်တော်များများကြားခဲ့ရပြီး နောက်ဆုံးပေါ်ထွက်လာတဲ့ အိမ်အကူ နှိပ်စက်မှုပြဿနာမှာ အိမ်ရှင်က မြန်မာနိုင်ငံသားဖြစ်ကာ နှိပ်စက်ခံရတဲ့သူကလည်း မြန်မာနိုင်ငံအမျိုးသမီးငယ်ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

နှိပ်စက်ခံရသူဟာ အသက် ၂၃ နှစ်သာရှိတဲ့ အိဖြူထွန်းဖြစ်ပြီး မိသားစု ပိုမိုကောင်းမွန်တဲ့ ဘ၀တစ်ခုကို ရရှိဖို့အတွက် အိမ်အကူလုပ်သားအဖြစ် အလုပ်လုပ်ဖို့ ထွက်လာခဲ့သူဖြစ်ပါတယ်။ အင်္ဂလိပ်စကားမပြောတတ်တဲ့ အိဖြူထွန်းတစ်ယောက် ၆ လအရွယ်ကလေးငယ်ရှိတဲ့ မြန်မာမိသားစုမှာ အလုပ်ရမယ်ဆိုတာကြောင့် အတိုင်းမသိ ပျော်ရွှင်ခဲ့ရသူပါ။

ဇာတိမြေနဲ့အဝေးမှာ အကောင်းဆုံးကွန်းခိုရာနေရာလေး ဖြစ်လိမ့်မယ်လို့ ထင်မှတ်ထားပေးမယ့် တကယ့်လက်တွေ့မှာတော့ သူထင်သလို ဖြစ်မလာခဲ့ပါဘူး။ ယခုနှစ်ဧပြီလမှာ အလုပ်ဝင်ခဲ့ပြီး ပထမ ၂ လမှာ သိပ်မဆိုးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့အခြေအနေက လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။

“ဇွန်လနှောင်းပိုင်းမှာ အိမ်ရှင်အမျိုးသမီးက ကျွန်မကို စရိုက်ပါတယ်” လို့ The New Paper နဲ့ မနေ့က အင်တာဗျူးမှာ စကားပြန်ကတစ်ဆင့် သူမက ဖွင့်ဟခဲ့ပါတယ်။ အဲဒီအင်တာဗျူးကို ရွှေပြောင်းစီးပွားရေးဆိုင်ရာအဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ကလေးနို့မှုန့်ဘူး ဆေးတာနဲ့ပတ်သက်လို့ ကျွန်မကို ဆူပူကြိမ်းမောင်းပြီးနောက်ပိုင်းမှာ ပထမဆုံး ရိုက်နှက်တာပါ။ ကျွန်မ ဆေးထားပေမယ့် သူက ဆေးမထားဘူးလို့ပဲ ပြောတယ်။ ကျွန်မရှင်းပြဖို့ကြိုးစားတဲ့အခါ သူက ခံပက်တယ်လို့ စွပ်စွဲတယ်။ အဲဒီအချိန်မှာ သူက ကျွန်မကို ပါးရိုက်ပြီး ဒါ ပထမဆုံး ရိုက်ခံရတာပါ” လို့ အိဖြူထွန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

တစ်လခွဲလောက် လက်နဲ့ရိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရိုက်နှက်စော်ကားမှု အရှိန်မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ သံအ၀တ်ချိတ်နဲ့ ရိုက်နှက်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ သံတုတ်နဲ့ ရိုက်နှက်ခဲ့တဲ့အထိ အခြေအနေက ဆိုးဝါးခဲ့ပါတယ်။

နောက်ထပ်ပိုပြီး နှိပ်စက်မှာကြောက်တာကြောင့် အဲဒီလိုရိုက်နှက်မှုကို ရပ်တပ်ဖို့ အလုပ်ရှင်ကိုမပြောရဲခဲ့ဘူးလို့ အိဖြူထွန်းက ဆိုပါတယ်။

“ပထမဆုံး သူ ကျွန်မကို ရိုက်တုန်းက၊ တော်တော်လေးနာတာကြောင့် ကျွန်မ မျက်ရည်ကျခဲ့ပါတယ်။ ကျွန်မ ငိုတာကို သူမြင်တဲ့အခါ ပိုပြီးတော့ ကျွန်မကို ရိုက်နှက်ပါတယ်။ ဒါမျိုးခဏခဏဖြစ်နေတော့ အိမ်ရှင်အမျိုးသမီးရဲ့အမေက မရိုက်ဖို့တားပါတယ်။ ဒါပေမယ့် သူက လာတားတိုင်း အိမ်ရှင်အမျိုးသမီးက ကျွန်မကို ပိုရိုက်ပါတယ်။ နောက်ဆုံးမှာတော့ သူ့အမေကလည်း မတားတော့ဘဲ၊ ကျွန်မလည်း ပိုပြီး နှိပ်စက်ခံခဲ့ရပါတယ်”

စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ အိဖြူထွန်းတစ်ယောက် ထွက်ပြေးဖို့ အကောင်းဆုံးအခွင့်အရေး ရခဲ့ပါတယ်။

“အိမ်ရှင်အမျိုးသမီးက သူ့အခန်းမှာရှိနေပြီး သူ့အမေက ကလေးထိန်းနေတာကို ကျွန်မ မြင်ပါတယ်။ ကျွန်မရဲ့ပစ္စည်းတွေကို ခပ်မြန်မြန်ထည့်ပြီး ထွက်ပြေးခဲ့တာပါ။ အဲဒီတိုက်မှာနေတဲ့ အမျိုးသမီးတစ်ဦးနဲ့ တိုက်မိခဲ့ပြီး သူ့ကိုကျွန်မ အကူအညီတောင်းခဲ့ပါတယ်။ ကျွန်မခန္ဓာကိုယ်မှာ အညိုအမဲစွဲနေတာကိုမြင်တဲ့အခါ သူမက စင်ကာပူ ၂၆ ဒေါ်လာပေးပြီး MOM (လူ့စွမ်းအားအရင်းအမြစ်ဌာန) ကို တက္ကဆီငှားပြီး ချက်ချင်းသွားခိုင်းပါတယ်” လို့ သူမရဲ့ ထွက်ပြေးခဲ့တဲ့ အခြေအနေကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

“အဲဒီနောက်မှာ MOM က ရဲကိုတိုင်လိုက်တယ်။ နောက်ပိုင်းမှာတော့ ကျွန်မကို မြန်မာသံရုံးကို လွှဲပြောင်းပေးခဲ့ပါတယ်”

ရဲကို တိုင်ချက်ဖွင်ပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့က အိဖြူထွန်းဆီက ထွက်ချက်ယူခဲ့ပြီး သူ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကိုလည်း ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။ ရွှေပြောင်းစီးပွားရေးဆိုင်ရာအဖွဲ့က တာဝန်ရှိသူတစ်ဦးကတော့ မြန်မာသံရုံးဟာ အိဖြူထွန်းကို ခေတ္တခဏပြန်ခေါ်ထားဖို့ သူတို့ကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

သူမနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးစီးတဲ့အထိ အိဖြူထွန်းတစ်ယောက် စင်ကာပူမှာရှိနေရမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူမဟာ ရွှေပြောင်းစီးပွားရေးဆိုင်ရာအဖွဲ့အတွက် ခရစ္စမတ်အလှဆင်ပေးနေရာကနေ ၀င်ငွေနည်းနည်း ရရှိနေပါတယ်။

စုံစမ်းစစ်ဆေးမှုတွေပြီးတဲ့နောက်ပိုင်းမှာ အိဖြူထွန်းတစ်ယောက် ဘာလုပ်မလဲဆိုတာ မသေချာပေမယ့် ရရှိခဲ့တဲ့ စိတ်ဓာတ်ရာကြောင့် အိမ်အကူဆက်လုပ်ဖို့ နောက်ထပ်အလုပ်ရှင် မရှာတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ပိုကောင်းတဲ့အလုပ်ရှင်တွေ စင်ကာပူမှာ ရှိနေတယ်ဆိုတာ ကျွန်မ အသေအချာပြောရဲပါတယ်။ ဒါပေမယ့် ကျွန်မ ဒီလိုဖြတ်သန်းခဲ့ရပြီးတဲ့နောက်ပိုင်းမှာ ဒီအလုပ်လုပ်ဖို့ ကျွန်မ သိပ်ကြောက်သွားပါပြီ။ အိမ်ကိုပဲ ပြန်ချင်ပါတယ်”

စင်ကာပူမှာ အိမ်ကူလုပ်သားတွေ နှိပ်စက်ခံရမှုနဲ့ပတ်သက်ပြီး တိုင်ကြားမှုဟာ ၂၀၁၂ ခုနှစ်မှာ ၁၃၃၀ မှု၊ ၂၀၁၃ ခုနှစ်မှာ ၁၃၉၂ မှု၊ ၂၀၁၄ နှစ်မှာ ၁၄၀၂ မှု အသီးသီးရှိခဲ့ပါတယ်။ အများစုကတော့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရမှုဖြစ်ပြီး တရားရုံးရောက်ခဲ့တာကတော့ ၂၀၁၂ ခုနှစ်မှာ ၁၄ မှု၊ ၂၀၁၄ ခုနှစ်မှာ ၂၆ မှု ရှိခဲ့ပါတယ်။

လူ့စွမ်းအားအရင်းအမြစ်ဌာနကတော့ နိုင်ငံရပ်ခြား အိမ်အကူလုပ်သားတွေနဲ့ ပတ်သက်တဲ့ တိုက်ကြားမှုဟာ တစ်နှစ်ကို ၂၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလို တိုင်ကြားမှုမှာ အလုပ်ရှင်ကတိုင်တာ၊ နိုင်ငံခြား အိမ်အကူလုပ်သားက တိုင်တာနဲ့ ပြည်သူလူထုက တိုင်တာမျိုးတွေ ပါဝင်ပါတယ်။ ဒီအရေအတွက်ဟာ တိုင်းပြည်အတွင်းမှာရှိနေတဲ့ အိမ်ကူလုပ်သားအရေအတွက်ရဲ့ ၁ ရာခိုင်နှုန်းအောက် ပမာဏသာရှိပြီး တိုင်ကြားမှုတွေထဲမှာ အများစုက လခကိစ္စအငြင်းပွားတာ၊ တရားမ၀င် ခိုင်းစေတာတို့ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

Ref: tnp.sg

Leave a Reply