6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၄၊ ၂၀၁၆
M-Media

dllm

– အကြမ်းဖက်ဝါဒအား အဆုံးသတ်ရန်အတွက် မိမိတို့မှာ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ၏ လမ်းစဉ်ကို ဖ၀ါးခြေထပ် လိုက်နာရမည်ဟု နိုဘယ်ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားလိုက်သည်။

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း မိုင်ဆိုးရ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည့် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ တွေ့ဆုံပွဲတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မုဟမ္မဒ်သခင်၏ လူသားများအပေါ် စွမ်းဆောင်ပေး ခဲ့မှုများကိုလည်း ဘုန်းတော်ကြီးက ချီးကျူးပြောဆိုခဲ့သည်။

“တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ) ရဲ့ ဘ၀အသက်တာဟာ လူသားထုတစ်ရပ်လုံးအတွက် အကောင်းဆုံး စံနမူနာပါပဲ။ ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ အကြမ်းဖက်ဝါဒနဲ့ အာဏာရှင်စနစ်ကို ကမ္ဘာကြီးကနေ အဆုံးသတ်ဖို့ ကျွန်တော်တို့ဟာ မုဟမ္မဒ်သခင် ပြသခဲ့တဲ့ လမ်းစဉ်အတိုင်း ဖ၀ါးခြေထပ် လိုက်သင့်ပါတယ်။ တမန်တော် မုဟမ္မဒ်ဟာ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာ၊ တရားမျှတမှုနဲ့ ဘာသာရေး သည်းခံမှု စတာတွေရဲ့ သတင်းစကားဖြစ်ပြီး လူသားထုတစ်ရပ်လုံးအတွက် အမြဲတမ်း မီးရှူးတန်ဆောင် ဖြစ်နေမှာပါပဲ” ဟု ဘုန်းတော်ကြီး ဒလိုင်းလားမားက မိန့်ကြားခဲ့သည်။

အဆိုပါ ဗုဒ္ဓဘာသာဝင်များ တွေ့ဆုံပွဲတွင် ကမ္ဘာတစ်ဝှမ်းမှ ဗုဒ္ဓဘာသာဝင် ထောင်ပေါင်းများစွာ တက်ရောက်ခဲ့သည်။ ဒလိုင်းလားမားကို ဒေသတွင်းမှ ခရိုင်အုပ်ချုပ်ရေးမှူး မူရှ်တက် အဟ်မဒ်က ကုန်အာန်ကျမ်းတော်မြတ်အင်္ဂလိပ် ဘာသာပြန်တစ်အုပ်ကို လက်ဆောင်ပေးခဲ့သည်။

ဒလိုင်းလားမားကမူ ကုရ်အာန်ကျမ်းတော်မြတ်မှာ လူသားထုအား လမ်းပြရန်နှင့် သာယာဝပြောရေးအတွက် ဘုရားသခင်ထံမှချပေးသည့် တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

Ref: Siasat

Tags:

Leave a Reply