6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၄၊ ၂၀၁၆
M-Media

– ဒီဇင်ဘာ ၄ ရက်နေ့ အာရုဏ်တက်ချိန်က အရှေ့တောင်အာရှတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အနည်းဆုံး သေဆုံးသူ ၉ ဦးရှိခဲ့ပြီး ဒဏ်ရာရသူမျာ ၂၀၀ နီးပါး ရှိသည်ဟု သိရသည်။

ပြင်အား ၆.၈ မဂ္ဂနီကျုရှိသည့် အဆိုပါငလျင်မှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် မြန်မာနိုင်ငံတို့ပါ ငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

မဏိပူရပြည်နယ်မြို့တော် အင်မ်ဖာလ်တွင်မူ ခေါင်မိုးများ၊ လှေကားများ ပြိုကျပျက်ဆီးမှု ဖြစ်ပွားခဲ့ပြီး မြို့အတွင်း သေဆုံးသူမျာ ၆ ဦးရှိကာ စိုးရိမ်ရသည့် အခြေအနေရှိသူ ၃၃ ဦးအပါအ၀င် ဒဏ်ရာရရှိသူ ၁၀၀ ခန့်ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထို့ပြင် အပျက်အဆီးများအောက်တွင် ပိတ်မိနေသည်ဟု ယုံကြည်ရသောသူများကို ကယ်ဆယ်ရေးသမားများက လိုက်လံရှာဖွေလျက် ရှိနေပြီး အရေအတွက်အတိအကျကို သိရှိရခြင်း မရှိသေးပေ။ ပြည်သူများမှာ နေအိမ်များကို စွန့်ခွာထွက်ပြေးသူများလည်း ရှိခဲ့ပြီး ဓာတ်အားလိုင်းများနှင့် ဖုန်းလိုင်းများလည်း ပြတ်တောက်လျက်ရှိနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ အဆိုပါငလျင်ကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့ပြီး သေဆုံးသူများမှာ နှလုံးရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူအရေအတွက်မှာ အနည်းဆုံး ၉၀ ခန့်ရှိသည်ဟု ဆိုသည်။

နေပြည်တော်ရှိ မိုးလေ၀သဌာနကမူ မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဟု ပြောကြားခဲ့သည်။

Ref: Channelnewsasia

Leave a Reply